• Follow Us on
Latest News

Home လွ်ပ္စစ္ႏွင့္စြမ္းအင္၀န္ႀကီးဌာနမွ မီတာဖတ္စာေရးမ်ား ေလွ်ာ့ခ်မည္

လွ်ပ္စစ္ႏွင့္စြမ္းအင္၀န္ႀကီးဌာနမွ မီတာဖတ္စာေရးမ်ား ေလွ်ာ့ခ်မည္

Share this post

ေနျပည္ေတာ္၊ ဇူလိုင္၂၈

လွ်ပ္စစ္ႏွင့္ စြမ္းအင္၀န္ႀကီးဌာနမွ မီတာဖတ္စာေရးမ်ား ေလွ်ာ့ခ်မည္ျဖစ္ေၾကာင္း ဒု၀န္ႀကီး ဦးခင္ေမာင္၀င္းက ျပည္သူ႔လႊတ္ေတာ္တြင္ေျပာၾကားလိုက္သည္။

ဒုတိယအႀကိမ္ျပည္သူ႔လႊတ္ေတာ္၁၇ႀကိမ္ေျမာက္ပုံမွန္အစည္းအေ၀း ဇူလိုင္ ၂၈ ရက္တြင္ လွ်ပ္စစ္ႏွင့္ စြမ္းအင္ ၀န္ႀကီးဌာနမွ ဒု၀န္ႀကီး ဦးခင္ေမာင္၀င္းက လႊတ္ေတာ္တြင္ ေျပာၾကားခဲ့သည္။

“လူကိုယ္တိုင္ဖတ္တဲ့ မီတာဖတ္စနစ္ကေတာ့ မီတာစာေရးတစ္ဦးကို မီတာအလုံး ၈၀၀ဖတ္ရန္တာ၀န္ခြဲေ၀ခ် ထားၿပီးျဖစ္ပါတယ္။ လူကိုယ္တိုင္ဖတ္ရႈၿပီး မီတာကိုျပည္သူေတြမီးသုံးစြဲသူကိုယ္တိုင္ကို အသိေပးဖို႔လည္းမွာ ၾကားထားၿပီးျဖစ္ပါတယ္။ ျပည္သူမ်ားမွလည္းေမးျမန္းလိုသည့္အခ်က္မ်ားရွိပါက ခ်က္ခ်င္းရွင္းလင္းေျဖၾကား သြားရန္နဲ႔ သူကိုယ္တိုင္ေျဖလို႔မရဘူးဆိုလို႔ရွိရင္ သက္ဆိုင္ရာ႐ုံးမွာရွိတဲ့သက္ဆိုင္ရာအင္ဂ်င္နီယာမ်ားကေန ဆက္လက္တာ၀န္ယူေျဖရွင္းေပးဖို႔လည္းပဲ အထူးတလည္မွာၾကားထားၿပီးျဖစ္ပါတယ္။ လတ္တေလာမွာ AMI စနစ္မတပ္ဆင္ႏိုင္ေသးခင္ မီတာစာရြက္မ်ားျဖန္႔ေ၀မႈကိုလက္ခံရရွိတဲ့မီးသုံးသူက မီးသုံးတဲ့ယူနစ္အေပၚ သံသ ယျဖစ္ေပၚလာပါက သက္ဆိုင္ရာၿမိဳ႕နယ္႐ုံးမ်ားသို႔ ဆက္သြယ္ၿပီး စစ္ေဆးေပးရန္အေၾကာင္းၾကားပါက သက္ ဆိုင္ရာတာ၀န္ရွိသူကမ်ားက အျမန္ဆုံးလာေရာက္စစ္ေဆးေျဖရွင္းေပးမွာျဖစ္ပါတယ္။ ျပည္သူအမ်ားသုံးစြဲခဲ့တဲ့ လွ်ပ္စစ္မီတာမ်ား တိက်ေစေရးအတြက္ စမတ္မီတာမ်ားတပ္ဆင္ၿပီးေတာ့ HHU ကိရိယာျဖင့္ မီတာမ်ား လ်င္ ျမန္စြာမွတ္တမ္းတင္ႏိုင္ေရးနဲ႔ ဆက္လက္ၿပီးေတာ့ AMI စနစ္ကို ျပည္နယ္နဲ႔ တိုင္းမ်ား မွာတပ္ဆင္အသုံးျပဳႏိုင္ ရန္၊ မီတာဖတ္စာေရးမ်ားေလွ်ာ့ခ်ၿပီး လူေၾကာင့္ျဖစ္ေပၚတဲ့အားနည္းခ်က္မ်ား ေလွ်ာ့နည္းပေပ်ာက္ေစရန္ စီစဥ္ ေဆာင္ရြက္လ်က္ရွိေနပါတယ္”ဟု ၎ကေျပာသည္။

ဦးေနမ်ိဳးထက္ေက်ာက္တံတားမဲဆႏၵနယ္၏ ျပည္သူမ်ားသုံးစြဲခဲ့သည့္ လွ်ပ္စစ္မီတာခမ်ား တိက်ေစရန္ႏွင့္ မီတာ ဖတ္စာေရးမ်ား မွန္မွန္ကန္ကန္ဖတ္ၿပီး စာရင္းေရးသြင္းႏိုင္ရန္ မည္သို႔စီစဥ္ေဆာင္ရြက္ေနသည္ကိုသိရွိလိုျခင္း ေမးခြန္းေမးျမန္းရာတြင္ ဒု၀န္ႀကီးကေျဖၾကားခဲ့ျခင္းျဖစ္သည္။ လွ်ပ္စစ္ႏွင့္စြမ္းအင္၀န္ႀကီးဌာန ႀကီးၾကပ္မႈေအာက္ တြင္ရွိသည့္ လွ်ပ္စစ္ဓါတ္အားျဖန္႔ျဖဴးေရးလုပ္ငန္း ရန္ကုန္လွ်ပ္စစ္ဓါတ္အားေကာ္ပိုေရးရွင္းႏွင့္ မႏၲေလးဓါတ္ အားေပးေရးေကာ္ပိုေရးရွင္းတို႔မွ လစဥ္ ၁ ရက္ေန႔မွ ၅ ရက္အတြင္း မီတာဖတ္ရႈျခင္း၊ ၆ ရက္မွ ၁၀ ရက္အတြင္း မီတာေဘလ္ျပဳစုျခင္း၊ ၁၁ ရက္ကေန ၁၅ ရက္အတြင္း မီတာေဘလ္ေ၀ငွျခင္းလုပ္ငန္းမ်ားကို လစဥ္ ပုံမွန္ ေဆာင္ရြက္လ်က္ရွိေၾကာင္းသိရသည္။ ရန္ကုန္လွ်ပ္စစ္ဓါတ္အားေကာ္ပိုေရးရွင္းမွ မီးသုံးစြဲသူ ၁ ဒသမ ၄၄၆ သန္းေက်ာ္ရွိကာ မီတာစာေရးအၿမဲတမ္း၀န္ထမ္း ၃၄၂ ဦး၊ ေန႔စားမီတာစာေရး ၆၇၁ ဦးရွိေၾကာင္းသိရသည္။

#PeopleMedia

(unicode)
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ မီတာဖတ်စာရေးများ လျှော့ချမည်
……………………………………………………

နေပြည်တော်၊ ဇူလိုင်၂၈

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ မီတာဖတ်စာရေးများ လျှော့ချမည်ဖြစ်ကြောင်း ဒုဝန်ကြီး ဦးခင်မောင်ဝင်းက ပြည်သူ့လွှတ်တော်တွင်ပြောကြားလိုက်သည်။

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်၁၇ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဇူလိုင် ၂၈ ရက်တွင် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးခင်မောင်ဝင်းက လွှတ်တော်တွင် ပြောကြားခဲ့သည်။

“လူကိုယ်တိုင်ဖတ်တဲ့ မီတာဖတ်စနစ်ကတော့ မီတာစာရေးတစ်ဦးကို မီတာအလုံး ၈၀၀ဖတ်ရန်တာဝန်ခွဲဝေချ ထားပြီးဖြစ်ပါတယ်။ လူကိုယ်တိုင်ဖတ်ရှုပြီး မီတာကိုပြည်သူတွေမီးသုံးစွဲသူကိုယ်တိုင်ကို အသိပေးဖို့လည်းမှာ ကြားထားပြီးဖြစ်ပါတယ်။ ပြည်သူများမှလည်းမေးမြန်းလိုသည့်အချက်များရှိပါက ချက်ချင်းရှင်းလင်းဖြေကြား သွားရန်နဲ့ သူကိုယ်တိုင်ဖြေလို့မရဘူးဆိုလို့ရှိရင် သက်ဆိုင်ရာရုံးမှာရှိတဲ့သက်ဆိုင်ရာအင်ဂျင်နီယာများကနေ ဆက်လက်တာဝန်ယူဖြေရှင်းပေးဖို့လည်းပဲ အထူးတလည်မှာကြားထားပြီးဖြစ်ပါတယ်။ လတ်တလောမှာ AMI စနစ်မတပ်ဆင်နိုင်သေးခင် မီတာစာရွက်များဖြန့်ဝေမှုကိုလက်ခံရရှိတဲ့မီးသုံးသူက မီးသုံးတဲ့ယူနစ်အပေါ် သံသ ယဖြစ်ပေါ်လာပါက သက်ဆိုင်ရာမြို့နယ်ရုံးများသို့ ဆက်သွယ်ပြီး စစ်ဆေးပေးရန်အကြောင်းကြားပါက သက် ဆိုင်ရာတာဝန်ရှိသူကများက အမြန်ဆုံးလာရောက်စစ်ဆေးဖြေရှင်းပေးမှာဖြစ်ပါတယ်။ ပြည်သူအများသုံးစွဲခဲ့တဲ့ လျှပ်စစ်မီတာများ တိကျစေရေးအတွက် စမတ်မီတာများတပ်ဆင်ပြီးတော့ HHU ကိရိယာဖြင့် မီတာများ လျင် မြန်စွာမှတ်တမ်းတင်နိုင်ရေးနဲ့ ဆက်လက်ပြီးတော့ AMI စနစ်ကို ပြည်နယ်နဲ့ တိုင်းများ မှာတပ်ဆင်အသုံးပြုနိုင် ရန်၊ မီတာဖတ်စာရေးများလျှော့ချပြီး လူကြောင့်ဖြစ်ပေါ်တဲ့အားနည်းချက်များ လျှော့နည်းပပျောက်စေရန် စီစဉ် ဆောင်ရွက်လျက်ရှိနေပါတယ်”ဟု ၎င်းကပြောသည်။

ဦးနေမျိုးထက်ကျောက်တံတားမဲဆန္ဒနယ်၏ ပြည်သူများသုံးစွဲခဲ့သည့် လျှပ်စစ်မီတာခများ တိကျစေရန်နှင့် မီတာ ဖတ်စာရေးများ မှန်မှန်ကန်ကန်ဖတ်ပြီး စာရင်းရေးသွင်းနိုင်ရန် မည်သို့စီစဉ်ဆောင်ရွက်နေသည်ကိုသိရှိလိုခြင်း မေးခွန်းမေးမြန်းရာတွင် ဒုဝန်ကြီးကဖြေကြားခဲ့ခြင်းဖြစ်သည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ကြီးကြပ်မှုအောက် တွင်ရှိသည့် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း ရန်ကုန်လျှပ်စစ်ဓါတ်အားကော်ပိုရေးရှင်းနှင့် မန္တလေးဓါတ် အားပေးရေးကော်ပိုရေးရှင်းတို့မှ လစဉ် ၁ ရက်နေ့မှ ၅ ရက်အတွင်း မီတာဖတ်ရှုခြင်း၊ ၆ ရက်မှ ၁၀ ရက်အတွင်း မီတာဘေလ်ပြုစုခြင်း၊ ၁၁ ရက်ကနေ ၁၅ ရက်အတွင်း မီတာဘေလ်ဝေငှခြင်းလုပ်ငန်းများကို လစဉ် ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ရန်ကုန်လျှပ်စစ်ဓါတ်အားကော်ပိုရေးရှင်းမှ မီးသုံးစွဲသူ ၁ ဒသမ ၄၄၆ သန်းကျော်ရှိကာ မီတာစာရေးအမြဲတမ်းဝန်ထမ်း ၃၄၂ ဦး၊ နေ့စားမီတာစာရေး ၆၇၁ ဦးရှိကြောင်းသိရသည်။

#PeopleMedia


Share this post