• Follow Us on

Home ဘဂၤါလီမ်ား ေဘးကင္းလံုၿခံဳစြာဂုဏ္သိကၡာ႐ွိ႐ွိ ေနရပ္ျပန္ႏိုင္ေရး စီစဥ္ေ ပးေနဟု ဘဂၤလားေဒ့႐ွ္၀န္ႀကီးခ်ဳပ္ေျပာ

ဘဂၤါလီမ်ား ေဘးကင္းလံုၿခံဳစြာဂုဏ္သိကၡာ႐ွိ႐ွိ ေနရပ္ျပန္ႏိုင္ေရး စီစဥ္ေ ပးေနဟု ဘဂၤလားေဒ့႐ွ္၀န္ႀကီးခ်ဳပ္ေျပာ

Share this post

ဒါကာ၊ ဇူလိုင္ ၂၈

၂၀၁၆ ခုႏွစ္ႏွင့္ ၂၀၁၇ ခုႏွစ္တို႔တြင္ တပ္မေတာ္နယ္ေျမ႐ွင္းလင္းေရးစစ္ဆင္ေရးမ်ားေၾကာင့္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံ ဘက္ထြက္ေျပးသြားသည့္ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)မ်ား ေနရပျ္ပန္ႏိုင္ေရးအတြက္ စီစဥ္ေပးေန ေၾကာင္း ဘဂၤလားေဒ့႐ွ္၀န္ႀကီးခ်ဳပ္ ႐ွိတ္ ဟာဆီနာကေျပာသည္။

ဒါကာၿမိဳ႕တြင္က်င္းပသည့္ အစၥလာမ္မစ္ပူးေပါင္းေဆာင္႐ြက္ေရးအသင္း(အိုအိုင္စီ) လူငယ္မ်ားထိပ္သီးအစည္း အေ၀းသို႔ ဗီဒီယိုမိန္႔ခြန္းေျပာဆိုရာတြင္ ထည့္သြင္းေျပာဆိုျခင္းျဖစ္သည္။

“စနစ္တက်ျငင္းဆိုမႈေတြ႐ွိေနပမဲ့ ႏိုင္ငံတကာအကူအညီနဲ႔ သူတို႔(ဘဂၤါလီ)ေတြ အမိေျမကို လံုျခံဳေဘးကင္းစိတ္ ခ်ရၿပီး ဂုဏ္သိကၡာ႐ွိ႐ွိျပန္ႏိုင္ဖို႔ ကၽြန္မတို႔စီစဥ္ေပးႏိုင္ေအာင္ႀကိဳးစားေနပါတယ္” ဟု မစၥ ႐ွိတ္ ဟာဆီနာက ေျပာသည္။

ဘဂၤလားေဒ့႐ွ္ႏိုင္ငံတြင္ လက္ခံထားသည့္ ကမာၻ႔အရက္စက္ဆံုးျဖစ္ရပ္မ်ားထဲတြင္ပါ၀င္သည့္ ဘဂၤါလီဒုကၡသည္ ၁၁ သိန္းအတြက္ ရက္ေရာသည့္အေထာက္အပံ့မ်ားေပးေနေသာ အိုအိုင္စီအဖြဲ႕ႏွင့္ အဖြဲ႕၀င္ႏိုင္ငံမ်ားကို ေက်း ဇူးတင္ေၾကာင္းလည္းလည္း ေျပာသည္။

ညီလာခံတြင္မိန္႔ခြန္းေျပာခဲ့သည့္ အိုအိုင္စီအဖြဲ႕၀င္ႏိုင္ငံျဖစ္ၿပီး ဘဂၤါလီမ်ားကိုလူမ်ိဳးတုန္းသတ္ျဖတ္ခဲ့သည္ဟု ဆိုကာ ျမန္မာႏိုင္ငံကို ႏိုင္ငံတကာတရား႐ံုး(အိုင္စီေဂ်)တြင္တရားစြဲဆိုထားသည့္ ဂမ္ဘီယာႏိုင္ငံ၏ ေ႐ွ႕ေန ခ်ဳပ္ႏွင့္ တရားေရး၀န္ႀကီး ေဒၚဒါ ေအ ဂ်ယ္လိုကလည္း အိုင္စီေဂ်တြင္ တရားစြဲဆိုထားသည့္ျဖစ္ရပ္ကို ေနာက္ ဆံုးဆံုးျဖတ္ခ်က္ျမင္ေတြ႕ရသည္အထိ ဂမ္ဘီယာႏိုင္ငံက ဆက္လက္လုပ္ေဆာင္သြားမည္ဟုေျပာသည္။

Ref : PM encourages youth leadership to combat COVID-19

#PeopleMedia

(unicode)
ဘင်္ဂါလီများ ဘေးကင်းလုံခြုံစွာဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေး စီစဉ် ေပးနေဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ပြော
……………………………………………………

ဒါကာ၊ ဇူလိုင် ၂၈

၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် တပ်မတော်နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ထွက်ပြေးသွားသည့် ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)များ နေရပ်ြပန်နိုင်ရေးအတွက် စီစဉ်ပေးနေ ကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာဆီနာကပြောသည်။

ဒါကာမြို့တွင်ကျင်းပသည့် အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအသင်း(အိုအိုင်စီ) လူငယ်များထိပ်သီးအစည်း အဝေးသို့ ဗီဒီယိုမိန့်ခွန်းပြောဆိုရာတွင် ထည့်သွင်းပြောဆိုခြင်းဖြစ်သည်။

“စနစ်တကျငြင်းဆိုမှုတွေရှိနေပမဲ့ နိုင်ငံတကာအကူအညီနဲ့ သူတို့(ဘင်္ဂါလီ)တွေ အမိမြေကို လုံခြုံဘေးကင်းစိတ် ချရပြီး ဂုဏ်သိက္ခာရှိရှိပြန်နိုင်ဖို့ ကျွန်မတို့စီစဉ်ပေးနိုင်အောင်ကြိုးစားနေပါတယ်” ဟု မစ္စ ရှိတ် ဟာဆီနာက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လက်ခံထားသည့် ကမ္ဘာ့အရက်စက်ဆုံးဖြစ်ရပ်များထဲတွင်ပါဝင်သည့် ဘင်္ဂါလီဒုက္ခသည် ၁၁ သိန်းအတွက် ရက်ရောသည့်အထောက်အပံ့များပေးနေသော အိုအိုင်စီအဖွဲ့နှင့် အဖွဲ့ဝင်နိုင်ငံများကို ကျေး ဇူးတင်ကြောင်းလည်းလည်း ပြောသည်။

ညီလာခံတွင်မိန့်ခွန်းပြောခဲ့သည့် အိုအိုင်စီအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ဘင်္ဂါလီများကိုလူမျိုးတုန်းသတ်ဖြတ်ခဲ့သည်ဟု ဆိုကာ မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံး(အိုင်စီဂျေ)တွင်တရားစွဲဆိုထားသည့် ဂမ်ဘီယာနိုင်ငံ၏ ရှေ့နေ ချုပ်နှင့် တရားရေးဝန်ကြီး ဒေါ်ဒါ အေ ဂျယ်လိုကလည်း အိုင်စီဂျေတွင် တရားစွဲဆိုထားသည့်ဖြစ်ရပ်ကို နောက် ဆုံးဆုံးဖြတ်ချက်မြင်တွေ့ရသည်အထိ ဂမ်ဘီယာနိုင်ငံက ဆက်လက်လုပ်ဆောင်သွားမည်ဟုပြောသည်။

Ref : PM encourages youth leadership to combat COVID-19

#PeopleMedia


Share this post