• Follow Us on
Latest News

Home လှည်းကူးမြို့နယ်တွင် သိန်း ၆၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ သိန်း ဖမ်းဆီးရမိ

လှည်းကူးမြို့နယ်တွင် သိန်း ၆၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ သိန်း ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၃၀

 

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် ငွေကျပ်သိန်း ၆၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ သိန်း ဖမ်းဆီးရမိခဲ့‌ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၂၄ ရက်နေ့ ည ၈ နာရီခွဲအချိန် ရန်ကုန်တိုင်း ဒေသကြီး၊ လှည်းကူးမြို့နယ်၊ အမှတ်(၃)လမ်းဆုံတွင် သတင်းအရ စောင့်ဆိုင်းနေစဉ် ကြိုတင်သတင်းရရှိ ထားသည့် CROWN မော်တော်ယာဉ် ရောက်ရှိလာပြီး အဆိုပါယာဉ်အနီးသို့ BMW မော်တော်ယာဉ် ၁ စီး ထပ်မံရောက်ရှိလာသဖြင့် ရှာဖွေစစ်ဆေးခဲ့ရာ မဝတ်မှုန် မောင်းနှင်သည့် CROWN မော်တော်ယာဉ်ပေါ်မှ ဒေသ ကာလတန်ဖိုးငွေကျပ်သိန်း ၆၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ သိန်း ရှာဖွေတွေ့ရှိခဲ့ပြီး လွင်မိုး အောင် မောင်းနှင်သည့် BMW မော်တော်ယာဉ်ပေါ်မှ ပိုင်စိုး၊ ငြိမ်းချမ်းကျော်(ခ)ကိုမင်းနှင့် မသူဇာဝင်းတို့အား တွေ့ ရှိရသဖြင့် စစ်ဆေးဖော်ထုတ်ချက်အရ ၎င်းတို့သည် သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်း ပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမှ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ် ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိကြောင်း သိရသည်။

 

ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင် ဆက် စပ်ပါဝင်သူများပိုင်ဆိုင်သည့် ငွေကြေးအကျိုးအမြတ်နှင့် ပိုင်ဆိုင်မှုများအား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်း ဆည်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post