• Follow Us on
Latest News

Home အစိုးရအဖွဲ့စတင်ဖွဲ့စည်းစဉ်ကပင်ဝန်ကြီးဌာနအလိုက်အတွေ့အကြုံရှိသူများ၊ တာဝန်ကို ကျေပွန်အောင်ထမ်း ဆောင်နိုင်မည့်သူများကို စိစစ်ရွေးခြယ်၍ယုံကြည်မှုဖြင့် တာဝန်ပေးအပ်ခဲ့ဟု နစကဥက္ကဋ္ဌပြောကြား

အစိုးရအဖွဲ့စတင်ဖွဲ့စည်းစဉ်ကပင်ဝန်ကြီးဌာနအလိုက်အတွေ့အကြုံရှိသူများ၊ တာဝန်ကို ကျေပွန်အောင်ထမ်း ဆောင်နိုင်မည့်သူများကို စိစစ်ရွေးခြယ်၍ယုံကြည်မှုဖြင့် တာဝန်ပေးအပ်ခဲ့ဟု နစကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ စက်တင်ဘာ ၃၀

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရအဖွဲ့စတင်ဖွဲ့စည်းစဉ်ကတည်းကပင် ဝန်ကြီးဌာနအလိုက်၊ လုပ်ငန်း ခွင်အလိုက် အတွေ့အကြုံရှိသူများ၊ လုပ်ငန်းကျွမ်းကျင်သူများ၊ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်မည့် သူများကို စိစစ်ရွေးခြယ်၍ ယုံကြည်မှုဖြင့် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယမန်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တက်ရောက်အမှာစကား ပြောကြားသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်၏အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းတာဝန်ယူဆောင်ရွက်ခဲ့ပြီး နောက်ပိုင်း အစိုးရအဖွဲ့လုပ်ငန်းများ အောင်မြင်ရန် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ အောင်မြင်မှုများ၊ တိုးတက်မှုများ အများအပြားရှိ သကဲ့သို့ အချို့သောကိစ္စများ၌ အားနည်း ချက်များရှိခဲ့သည်ကိုလည်းတွေ့ရှိရကြောင်း၊ အောင်မြင်မှုဆိုသည်မှာ လုပ်ဆောင်နိုင် စွမ်းအားအပေါ်တွင်သာ မူတည်သည်ဟု မြင်ပါကြောင်း ပြောသည်။

 

လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်နှင့်တိုင်းဒေသ ကြီးအလိုက် ဝန်ကြီးချုပ်များ၊ ဝန်ကြီးဌာနအလိုက် ပြည်ထောင်စုဝန်ကြီးများနှင့် တာ ဝန်ရှိသူများကို တာဝန်များခွဲဝေခန့်အပ်ခဲ့ရာတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရအဖွဲ့စတင်ဖွဲ့စည်းစဉ်ကတည်းကပင် ဝန်ကြီးဌာနအလိုက်၊ လုပ်ငန်း ခွင်အလိုက် အတွေ့အကြုံရှိသူများ၊ လုပ်ငန်းကျွမ်းကျင်သူများ၊ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်မည့် သူများကို စိစစ်ရွေးခြယ်၍ ယုံကြည်မှုဖြင့် တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ကောင်းမွန်စွာ အလုပ်လုပ်နိုင်မည်၊ အကောင်အထည်ဖော်နိုင်မည် ဆိုသည့် ယုံကြည်မှုဖြင့် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ပိတ်ဆို့နှောင့်ယှက်မှုမျိုးစုံ ကြားမှ တာဝန်များထမ်းဆောင်ရာတွင် ကာလတိုအတွင်း အောင်မြင်မှုများ၊ တိုးတက်မှုများ ရှိခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ဆက်လက်၍ ယုံကြည်မှုကို မြှင့်တင်ပြီး ဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တိုးတက်မှုရှိအောင် ဆောင် ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လက်တွေ့လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းများ အောင် မြင်မှုရှိ၊ မရှိ စိစစ်ရန်နှင့် တိုးတက်မှုရှိအောင်ဆောင်ရွက်ရန်မှာ ဝန်ကြီးဌာနများအလိုက် ခန့်အပ် တာဝန်ပေး အပ်ထားသည့် ညွှန်ကြားရေးမှူး၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ အမြဲတမ်းအတွင်း ဝန်များ က လုပ်ဆောင်ရန်တာဝန်ရှိကြောင်း၊ အစိုးရဌာနအကြီးအကဲများ၏ တာဝန်သည်အရေးကြီးပြီး ရည်မှန်း ချက်တာဝန်များ အကောင်အထည်ဖော်မှုကို မျက်ခြည်မပြတ်ကြည့်၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ ဌာန ဆိုင်ရာအကြီးအကဲများသည် ပြည်ထောင်စုဝန်ကြီးများကို အာမခံချက်ပေးနိုင်ရမည် ဖြစ်ကြောင်း၊ အမှန် တကယ်အလုပ်လုပ်နိုင်သည့်သူများကို တာဝန်ပေးအပ်ရန်နှင့် အမှန်တကယ် အလုပ်လုပ်ရန်လိုကြောင်းဖြင့် ပြောကြားသည်။

 

#PeopleMedia


Share this post