• Follow Us on
Latest News

Home “ဝ” ေတာင္ပိုင္းတြင္ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁ သိန္းေက်ာ္ သယ္ေဆာင္သူႏွစ္ဦးအနက္ တစ္ဦးကို UWSA အဖြဲ႕မွ အေသပစ္ ခတ္ ဖမ္းဆီးႏုိင္

“ဝ” ေတာင္ပိုင္းတြင္ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁ သိန္းေက်ာ္ သယ္ေဆာင္သူႏွစ္ဦးအနက္ တစ္ဦးကို UWSA အဖြဲ႕မွ အေသပစ္ ခတ္ ဖမ္းဆီးႏုိင္

Share this post

ရန္ကုန္၊ ဇူလုိင္ – ၂

 

ထိုင္းႏိုင္ငံသို႔ တင္ပို႔မည့္ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁ သိန္းေက်ာ္ကို “ဝ” ျပည္နယ္ေတာင္ပိုင္းတြင္ UWSA မူးယစ္ေဆးဝါးအထူး ႏွိပ္ႏွင္းေရးတပ္ဖြဲ႕မွ မူးယစ္ေမွာင္ခုိကူးသူႏွစ္ဦးအနက္ တစ္ဦးကို အေသဖမ္းဆီးႏိုင္ခဲ့ေၾကာင္း ဇြန္ ၃၀ ရက္ေန႔က UWSA လားရႈိးဆက္ဆံေရးတာ၀န္ခံ ဦးညီရမ္းက ေျပာသည္။

 

ယင္းကဲ့သို႔ ဖမ္းဆီးႏိုင္မႈႏွင့္ပတ္သက္၍ UWSA ၏ လားရႈိးဆက္ဆံေရးတာ၀န္ခံဦးညီရမ္းက ၎၏ Facebook စာမ်က္ႏွာတြင္ ေရးသားရာတြင္ “ ဇြန္လ ၃၀ ရက္က “ဝ” ျပည္ေတာင္ပိုင္း၁၇၁ စစ္ေဒသမွ ၅၁၈ တပ္မဟာမူးယစ္ေဆးဝါးအထူးႏွိမ္နင္းေရး တပ္ဖြဲ႕သည္ ထိုင္းႏိုင္ငံသို႔ မူးယစ္ပို႔မည့္သတင္းရရွိခ်က္ႏွင့္အတူ တပ္ရင္းတစ္ခုအား ပိတ္ဆို႔ဖမ္းဆီးႏိုင္ရန္အတြက္ ၫြန္ၾကား ခဲ့ေၾကာင္း၊ ယင္းသို႔ ၫြန္ၾကားခ်က္အရ စစ္ေရးရာတြင္ ဇြန္ ၃၀ ညေန(၁၈း၀၀နာရီ)ခန္႔တြင္ တပ္ရင္းလႈပ္ရွားကင္းလွည့္ေနရာ အနီး၌ မသကၤာဆိုင္ကယ္ စီးလာသူ ၂ ဦးေရာက္ရွိလာၿပီး စစ္ေဆးရန္အတြက္ အမိန္႔ေပးရာ လက္မခံသည့္အျပင္ လက္နက္ျဖင့္ ပစ္ခတ္လာသည့္အတြက္ အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီး သယ္ေဆာင္လာသူႏွစ္ဦးအနက္ ၁ ဦးကို အေသဖမ္းဆီးႏိုင္ခဲ့ၿပီး တစ္ဦးသည္ ထြက္ေျပးလြတ္ေျမာက္ေနဆဲျဖစ္ေၾကာင္း” ၎က ေရးသားထားသည္။

 

အဆုိပါျဖစ္စဥ္အေပၚ People Media က ဦးညီရမ္းထံ ဆက္သြယ္ေမးျမန္းရာတြင္ “ ဒီတစ္ေခါက္ ဖမ္းမိတာကေတာ့ နည္းပါ တယ္။ ဒီပစၥည္းေတြက ယိုးဒယားဘက္ကမ္းကို ေရာက္သြားရင္ သူတို႔က ပိုင္ရွင္မဲအေနနဲ႔ ဖမ္းမိတယ္ဆိုရင္ ကၽြန္ေတာ္တို႔ “ဝ” အဖြဲ႕ကိုပဲ လက္ညိဳးထိုးေနက်ေလ ဒီလိုမ်ိဳးျဖစ္စဥ္ေတြက မ်ားခဲ့ၿပီ” ဟု ဦးညီရမ္းက ေျပာသည္။

 

အလားတူ “ဝ”အဖြဲ႕သည္ ၎တုိ႔ဖမ္းဆီးႏုိင္ခဲ့သည့္ မူးယစ္ေဆးမ်ားႏွင့္ တရားခံမ်ားကုိ ႏုိင္ငံေတာ္အစုိးရထံ လႊဲေျပာင္းလ်က္ ရွိသည္။ “ကၽြန္ေတာ္တို႔က နယ္နိမိတ္ျခင္းထိစပ္ေနေတာ့ လုံး၀ ၁၀၀ ရာခိုင္ႏႈန္းတားဆီးႏိုင္ဖို႔ကေတာ့ မလြယ္ဘူး ဘယ္လိုပဲ ျဖစ္ျဖစ္ အဖက္ဖက္က ဝိုင္း၀န္းၿပီးေတာ့ တားဆီးမွသာ ပိုပိုၿပီးေတာ့ ထိေရာက္မယ္” ဟု ဦးညီရမ္းကေျပာသည္။

 

ၿပီးခဲ့သည့္ ရက္ပိုင္းကလည္း UWSA မူးယစ္ေဆးဝါးအထူးႏွိပ္ႏွင္းေရးတပ္ဖြဲ႕ႏွင့္ မူးယစ္ေမွာင္ခိုကူးသူမ်ားၾကား အျပန္အလွန္ ပစ္ခတ္မႈျဖစ္ပြားကာ UWSA အဖြဲ႕မွ တပ္ဖြဲ႕၀င္ တစ္ဦးက်ဆုံးခဲ့သည္။

 

#PeopleMedia #UWSA #မူးယစ္ေဆး

 

(unicode)

“ဝ” တောင်ပိုင်းတွင် စိတ်ကြွရူးသွပ်ဆေးပြား ၁ သိန်းကျော် သယ်ဆောင်သူနှစ်ဦးအနက် တစ်ဦးကို UWSA အဖွဲ့မှ အသေပစ် ခတ် ဖမ်းဆီးနိုင်
………………………………………………………………………………………………………………….

ရန်ကုန်၊ ဇူလိုင် – ၂

ထိုင်းနိုင်ငံသို့ တင်ပို့မည့် စိတ်ကြွရူးသွပ်ဆေးပြား ၁ သိန်းကျော်ကို “ဝ” ပြည်နယ်တောင်ပိုင်းတွင် UWSA မူးယစ်ဆေးဝါးအထူး နှိပ်နှင်းရေးတပ်ဖွဲ့မှ မူးယစ်မှောင်ခိုကူးသူနှစ်ဦးအနက် တစ်ဦးကို အသေဖမ်းဆီးနိုင်ခဲ့ကြောင်း ဇွန် ၃၀ ရက်နေ့က UWSA လားရှိုးဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက ပြောသည်။

ယင်းကဲ့သို့ ဖမ်းဆီးနိုင်မှုနှင့်ပတ်သက်၍ UWSA ၏ လားရှိုးဆက်ဆံရေးတာဝန်ခံဦးညီရမ်းက ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားရာတွင် “ ဇွန်လ ၃၀ ရက်က “ဝ” ပြည်တောင်ပိုင်း၁၇၁ စစ်ဒေသမှ ၅၁၈ တပ်မဟာမူးယစ်ဆေးဝါးအထူးနှိမ်နင်းရေး တပ်ဖွဲ့သည် ထိုင်းနိုင်ငံသို့ မူးယစ်ပို့မည့်သတင်းရရှိချက်နှင့်အတူ တပ်ရင်းတစ်ခုအား ပိတ်ဆို့ဖမ်းဆီးနိုင်ရန်အတွက် ညွန်ကြား ခဲ့ကြောင်း၊ ယင်းသို့ ညွန်ကြားချက်အရ စစ်ရေးရာတွင် ဇွန် ၃၀ ညနေ(၁၈း၀၀နာရီ)ခန့်တွင် တပ်ရင်းလှုပ်ရှားကင်းလှည့်နေရာ အနီး၌ မသင်္ကာဆိုင်ကယ် စီးလာသူ ၂ ဦးရောက်ရှိလာပြီး စစ်ဆေးရန်အတွက် အမိန့်ပေးရာ လက်မခံသည့်အပြင် လက်နက်ဖြင့် ပစ်ခတ်လာသည့်အတွက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သယ်ဆောင်လာသူနှစ်ဦးအနက် ၁ ဦးကို အသေဖမ်းဆီးနိုင်ခဲ့ပြီး တစ်ဦးသည် ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း” ၎င်းက ရေးသားထားသည်။

အဆိုပါဖြစ်စဉ်အပေါ် People Media က ဦးညီရမ်းထံ ဆက်သွယ်မေးမြန်းရာတွင် “ ဒီတစ်ခေါက် ဖမ်းမိတာကတော့ နည်းပါ တယ်။ ဒီပစ္စည်းတွေက ယိုးဒယားဘက်ကမ်းကို ရောက်သွားရင် သူတို့က ပိုင်ရှင်မဲအနေနဲ့ ဖမ်းမိတယ်ဆိုရင် ကျွန်တော်တို့ “ဝ” အဖွဲ့ကိုပဲ လက်ညိုးထိုးနေကျလေ ဒီလိုမျိုးဖြစ်စဉ်တွေက များခဲ့ပြီ” ဟု ဦးညီရမ်းက ပြောသည်။

အလားတူ “ဝ”အဖွဲ့သည် ၎င်းတို့ဖမ်းဆီးနိုင်ခဲ့သည့် မူးယစ်ဆေးများနှင့် တရားခံများကို နိုင်ငံတော်အစိုးရထံ လွှဲပြောင်းလျက် ရှိသည်။ “ကျွန်တော်တို့က နယ်နိမိတ်ခြင်းထိစပ်နေတော့ လုံး၀ ၁၀၀ ရာခိုင်နှုန်းတားဆီးနိုင်ဖို့ကတော့ မလွယ်ဘူး ဘယ်လိုပဲ ဖြစ်ဖြစ် အဖက်ဖက်က ဝိုင်းဝန်းပြီးတော့ တားဆီးမှသာ ပိုပိုပြီးတော့ ထိရောက်မယ်” ဟု ဦးညီရမ်းကပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း UWSA မူးယစ်ဆေးဝါးအထူးနှိပ်နှင်းရေးတပ်ဖွဲ့နှင့် မူးယစ်မှောင်ခိုကူးသူများကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကာ UWSA အဖွဲ့မှ တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးခဲ့သည်။

#PeopleMedia #UWSA #မူးယစ်ဆေး


Share this post