• Follow Us on

Home သက်ကြီးရွယ်အိုများ၏ ကျန်းမာရေး၊ နေရေးထိုင်ရေး စောင့်ရှောက်မှု သည် အစိုးရ၌ တာဝန်ရှိဟု မန္တလေးတိုင်းဝန်ကြီးချုပ်ပြောကြား

သက်ကြီးရွယ်အိုများ၏ ကျန်းမာရေး၊ နေရေးထိုင်ရေး စောင့်ရှောက်မှု သည် အစိုးရ၌ တာဝန်ရှိဟု မန္တလေးတိုင်းဝန်ကြီးချုပ်ပြောကြား

Share this post

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အခမ်းအနားကို အောက်တို ဘာလ ၁ ရက် နံနက် ၉ နာရီက မန္တလေးမြို့ချမ်းအေးသာစံမြို့နယ် ၇၁ လမ်း၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြားရှိ မြို့တော်ခန်းမတွင် ပြုလုပ်သည်။

အဆိုပါအခမ်းအနားတွင် မန္တလေးခရိုင်အတွင်းရှိ အသက် ၉၀ နှစ် အ ထက် အဘိုးအဘွား ၄၁၄ ဦးကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလှူရှင် များက ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့သည်။

“သက်ကြီးရွယ်အိုတွေက အလုပ်မလုပ်နိုင်တော့တဲ့အခါ တခြားနိုင်ငံတွေ မှာ ဒီသက်ကြီးရွယ်အိုတွေရဲ့ ကျန်းမာရေး၊ နေရေးထိုင်ရေး၊ စောင့်ရှောက် ရေးတွေက ဝန်ထုပ်ဝန်ပိုးဖြစ်လာတယ်။ ဒါပေမယ့် အစိုးရက တာဝန်ရှိ တယ်။ ဒီလိုစောင့်ရှောက်မှုပေးဖို့ ကျွန်တော်တို့ဘက်က ဘတ်ဂျက်လျာ ထားပြီးတော့ စောင့်ရှောက်ရမှာ ဖြစ်တယ်။ အဲတော့ အခွန်လိုလာပြီ။ ကျွန်တော်တို့ ထမ်းဆောင်တဲ့အခွန်ထဲမှာ လူကြီးတွေရဲ့ စောင့်ရှောက်ဖို့ အတွက်ပါတယ်ဆိုတဲ့ အသိလေးရှိရင် ရှေ့ဆက်ပြီးတော့ လူ့အဖွဲ့အ စည်းအတွက် ကျွန်တော်တို့ နိုင်ငံအတွက် ကောင်းမွန်တဲ့အစဉ်အလာ တစ်ခုကို ထိန်းသိမ်းတာပါ”ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ဝန်ကြီးများ မန္တလေးတိုင်းဒေသကြီး လွှတ် တော်ဥက္ကဋ္ဌနှင့်လွှတ်တော်ကိုယ်စားလှယ်များ ဌာနဆိုင်ရာဝန်ထမ်းများ လူမှုပရဟိတအသင်းများ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက် ရောက်ခဲ့ကြသည်။

(ရိုက်ကူး – အောင်အောင်)


Share this post