• Follow Us on
Latest News

Home သေဘၤာေပၚတြင္ ကုိ႐ိုနာဗိုင္းရပ္စ္ကူးစက္မႈမ်ား႐ွိၿပီးေနာက္ ဖိလစ္ပိုင္ေရတပ္သေဘၤာကို အလံုပိတ္ကန္႔သတ္ မႈမ်ားျပဳလုပ္

သေဘၤာေပၚတြင္ ကုိ႐ိုနာဗိုင္းရပ္စ္ကူးစက္မႈမ်ား႐ွိၿပီးေနာက္ ဖိလစ္ပိုင္ေရတပ္သေဘၤာကို အလံုပိတ္ကန္႔သတ္ မႈမ်ားျပဳလုပ္

Share this post

မနီလာ၊ ေအာက္တိုဘာ ၇
မၾကာေသးခင္က သေဘၤာေပၚတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈမ်ား႐ွိေနၿပီးေနာက္ ဖိလစ္ပိုင္ေရတပ္၏ ရီဇယ္ အမ်ိဳးအစားကင္းလွည့္သေဘၤာ BRP Quezon (PS-70) ကို အလံုပိတ္ကန္႔သတ္မႈမ်ားျပဳလုပ္ထားသည္ဟု ဖိလစ္ပိုင္းသတင္းေအဂ်င္စီကေဖာ္ျပသည္။
ထိုသေဘၤာကို စစ္ဆင္ေရးမ်ားအတြက္ အသံုးမျပဳႏိုင္ဟုသေဘာရသည့္ အဆင့္ ၁ အေျခအေနသတ္မွတ္ထား ျခင္းျဖစ္သည္။
စက္တင္ဘာလကုန္ပိုင္းတြင္ လာယူနီယံျပည္နယ္၊ ဆန္ဖာနန္ဒိုၿမိဳ႕႐ွိ သေဘၤာေပၚမွအမႈထမ္း ၂၂ ေယာက္ COVID-19 ေရာဂါကူးစက္ခံထားရေၾကာင္းေတြ႔႐ွိခဲ့သည္။
သူတို႔ကို လက္႐ွိတြင္ ဖိလစ္ပိုင္ေရတပ္ေဆးတပ္ဖြဲ႔ ၀င္မ်ားက သီးျခားခြဲထားသည့္အခန္းမ်ားတြင္ကုသေပးေန သည္။
သေဘၤာအမႈထမ္းမ်ားကို ၿမိဳ႕ေတာ္မနီလာ႐ွိ အသြားအလာကန္႔သတ္ေနရာမ်ားသို႔ပိုေဆာင္ရန္စီစဥ္ထားေၾကာင္း ဖိလစ္ိပိုင္ေရတပ္ျပည္သူ႔ေရးရာအႀကီးအကဲ ဒုတိယဗိုလ္မွဴးႀကီး မာရီယာ ခရစၥတီနာ ရိုဆာက ၿပီးခဲ့သည့္ သီ တင္းပတ္တြင္ေျပာသည္။
တခ်ိန္တည္းတြင္ BRP Quezon သေဘၤာေပၚမွေနာက္ထပ္အမႈထမ္း ၂၅ ေယာက္ကလည္း ေရာဂါကူးစက္ျခင္း မ႐ွိေၾကာင္းအေျဖထြက္လာၿပီး ထိုသူမ်ား သေဘၤာေပၚတြင္ပင္ ၁၄ ရက္ အသြားအလာေစာင့္ၾကည့္ခံယူရမည္ ျဖစ္သည္။
ကံေကာင္းေထာက္မစြာျဖင့္ သေဘၤာေပၚမွအမႈထမ္း ၁၂၅ ေယာက္စလံုး ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ျခင္း မ႐ွိ ေၾကာင္း ႐ိုဆာက အတည္ျပဳသည္။
Ref : Philippine Navy ship on lockdown after coronavirus outbreak onboard
#Peoplemedia
(Unicode)
သင်္ဘောပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများရှိပြီးနောက် ဖိလစ်ပိုင်ရေတပ်သင်္ဘောကို အလုံပိတ်ကန့်သတ် မှုများပြုလုပ်
…………………………………………
မနီလာ၊ အောက်တိုဘာ ၇
မကြာသေးခင်က သင်္ဘောပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများရှိနေပြီးနောက် ဖိလစ်ပိုင်ရေတပ်၏ ရီဇယ် အမျိုးအစားကင်းလှည့်သင်္ဘော BRP Quezon (PS-70) ကို အလုံပိတ်ကန့်သတ်မှုများပြုလုပ်ထားသည်ဟု ဖိလစ်ပိုင်းသတင်းအေဂျင်စီကဖော်ပြသည်။
ထိုသင်္ဘောကို စစ်ဆင်ရေးများအတွက် အသုံးမပြုနိုင်ဟုသဘောရသည့် အဆင့် ၁ အခြေအနေသတ်မှတ်ထား ခြင်းဖြစ်သည်။
စက်တင်ဘာလကုန်ပိုင်းတွင် လာယူနီယံပြည်နယ်၊ ဆန်ဖာနန်ဒိုမြို့ရှိ သင်္ဘောပေါ်မှအမှုထမ်း ၂၂ ယောက် COVID-19 ရောဂါကူးစက်ခံထားရကြောင်းတွေ့ရှိခဲ့သည်။
သူတို့ကို လက်ရှိတွင် ဖိလစ်ပိုင်ရေတပ်ဆေးတပ်ဖွဲ့ ဝင်များက သီးခြားခွဲထားသည့်အခန်းများတွင်ကုသပေးနေ သည်။
သင်္ဘောအမှုထမ်းများကို မြို့တော်မနီလာရှိ အသွားအလာကန့်သတ်နေရာများသို့ပိုဆောင်ရန်စီစဉ်ထားကြောင်း ဖိလစ်ိပိုင်ရေတပ်ပြည်သူ့ရေးရာအကြီးအကဲ ဒုတိယဗိုလ်မှူးကြီး မာရီယာ ခရစ္စတီနာ ရိုဆာက ပြီးခဲ့သည့် သီ တင်းပတ်တွင်ပြောသည်။
တချိန်တည်းတွင် BRP Quezon သင်္ဘောပေါ်မှနောက်ထပ်အမှုထမ်း ၂၅ ယောက်ကလည်း ရောဂါကူးစက်ခြင်း မရှိကြောင်းအဖြေထွက်လာပြီး ထိုသူများ သင်္ဘောပေါ်တွင်ပင် ၁၄ ရက် အသွားအလာစောင့်ကြည့်ခံယူရမည် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် သင်္ဘောပေါ်မှအမှုထမ်း ၁၂၅ ယောက်စလုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်း မရှိ ကြောင်း ရိုဆာက အတည်ပြုသည်။
Ref : Philippine Navy ship on lockdown after coronavirus outbreak onboard

Share this post