• Follow Us on

Home အက်စထရာဇီနီကာကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အရေးပေါ်အသုံးခွင့်ပြုပေးရန် ထိုင်းအစိုးရစီစဉ်နေ

အက်စထရာဇီနီကာကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အရေးပေါ်အသုံးခွင့်ပြုပေးရန် ထိုင်းအစိုးရစီစဉ်နေ

Share this post

ဘန်ကောက်၊ ဇန်နဝါရီ ၁၉ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

အက်စထရာဇီနီကာဆေးကုမ္ပဏီနှင့်အောက်စဖို့တက္ကသိုလ်တို့ပူးတွဲထုတ်လုပ်ခဲ့သည့် ကိုဗီရှီးကာကွယ်ဆေးကို ယခုတပတ်တွင် ထိုင်းအစားအစာနှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲမှုဌာန(FDA)က အရေးပေါ်အသုံးပြုခွင့်ပေးမည်ဟု မျှော်မှန်းရသည်။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတမျိုး၏ဆေးစွမ်းထက်မှုနှင့် ဘေးကင်းလုံခြုံမှုတို့ကိုသက်သေပြရန် တင်သွင်း ထားသည့်စာရွက်စာတမ်းများကို FDA ကစစ်ဆေးနေကြောင်း ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၏ ရောဂါထိန်းချုပ်ရေးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အိုပါ့ ကန်ကာဝင်ပေါင်က တနင်္လာနေ့တွင်ပြောသည်။

ထိုဆေးသည် ကိုဗီရှီးဆေးဖြစ်ကြောင်း FDA ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဆူရာချိုကီ တန်ဝီဝက်က နောက်ပိုင်းတွင်အတည်ပြုသည်။

ဖေဖော်ဝါရီလတွင် ကိုဗီရှီးဆေးကိုအသုံးပြုကာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများထိုးပေးမှုစတင်ရန်ရှိနေ သည်ဟု ဒေါက်တာ အိုပါ့စ်ကအတည်ပြုသည်။

ထိုင်းနိုင်ငံသားများကို ဘေးကင်းစိတ်ချရသည့်ဆေးများကိုသာထိုးပေးသွားမည်ဖြစ်ပြီး ထိုဆေးသည် ကိုဗီရှီး ဖြစ်စေ၊ တရုတ်နိုင်ငံရှိဆင်နိုဗက်ကုမ္ပဏီ၏ကာကွယ်ဆေးဖြစ်စေ ဖြစ်နိုင်သော်လည်း ဖိုင်ဇာကုမ္ပဏီ၏ကာကွယ် ဆေးမဖြစ်နိုင်ကြောင်း ထိုင်းဒုတိယပြည်သူ့ကျန်းမာရေးဝန်ကြီး ဆာသစ် ပီတူတီချာကပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း နော်ဝေနိုင်ငံတွင် ဖိုင်ဇာကုမ္ပဏီ၏ကာကွယ်ဆေးထိုးထားသည့်သက်ကြီးရွယ်အို အချို့ သေဆုံးမှုရှိခဲ့ပြီးနောက် ထိုင်းဒုတိယဝန်ကြီးကပြောခြင်းဖြစ်သည်။

Ref : AstraZeneca vaccine approval expected

#PeopleMedia

(unicode)
…………………………………………………








Ref : AstraZeneca vaccine approval expected

#PeopleMedia


Share this post