• Follow Us on
Latest News

Home အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသား ၄ ဦး အစိုးရအစီအစဉ်ဖြင့် ရန်ကုန်သို့ပြန်လည်ရောက်ရှိ

အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသား ၄ ဦး အစိုးရအစီအစဉ်ဖြင့် ရန်ကုန်သို့ပြန်လည်ရောက်ရှိ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၇

 

အစ္စရေးနိုင်ငံတွင်ဖြစ်ပွားနေသော စစ်ပွဲအခြေအနေကြောင့် အခက်အခဲများနှင့် ကြုံတွေ့နေရသော မြန်မာနိုင်ငံ သားများအား ကယ်ထုတ်ရေးစီမံချက်အရ နိုင်ငံတော်အစိုးရအစီအစဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့သည့် အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသားများသည် အောက်တိုဘာ ၂၅ ရက်တွင် တဲလ်အဗီးမှ EI AI Airline LY 081 ဖြင့် ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ ထွက်ခွာလာခဲ့ပြီး ယနေ့ညပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေ ကြောင်းလိုင်းအမှတ် 8M 351 ဖြင့် ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှတစ်ဆင့် မြန်မာနိုင်ငံရန်ကုန်မြို့သို့ လေကြောင်း ခရီးစဉ်ဖြင့် ပြန်လည်ရောက်ရှိကြောင်း သိရသည်။

 

မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသားများအား နိုင်ငံခြားရေးဝန်ကြီး ဌာန စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာနနှင့် ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာ ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မိသားစုဝင်များက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သိရ သည်။

 

မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသားများဖြစ်ကြသည့် မမိုးသီတာ အောင်၊ မခင်နှင်းအိ၊ ဒေါလမိုင်းမိုင်ရွာနှင့် ဦးအောင်ကျော်ဦးတို့  ၄ဦးဖြစ်ပြီး၊ ၎င်းတို့လေးဦးသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မိသားစုဝင်များနှင့်အတူ မော်တော်ယာဉ်များဖြင့် လိုက်ပါသွားကြကြောင်း သိရ သည်။

 

#PeopleMedia


Share this post