• Follow Us on
Latest News

Home ယူကရိန်းကို စစ်လက်နက်ပစ္စည်းအကူအညီတွေ ဖြတ်တောက်တော့မှာဖြစ်ကြောင်း ဆလိုဗက်ကီးယားပြော

ယူကရိန်းကို စစ်လက်နက်ပစ္စည်းအကူအညီတွေ ဖြတ်တောက်တော့မှာဖြစ်ကြောင်း ဆလိုဗက်ကီးယားပြော

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၇

 

ဆလိုဗက်ကီးယားနိုင်ငံအနေနဲ့ ယူကရိန်းကို စစ်ရေးအကူအညီတွေပေးနေတာကို ရပ်တန့်လိုက်တော့မှာဖြစ် ကြောင်း ဆလိုဗက်ကီးယားဝန်ကြီးချုပ်သစ် ရောဘတ်ဖီဆိုက ကြာသပတေးနေ့ (အောက်တိုဘာလ ၂၆ ရက် နေ့) က ပြောကြားလိုက်ပါတယ်။

 

ရွေးကောက်ပွဲမဲဆွယ်ကာလမှာ အကြိမ်ကြိမ်ကတိပေးခဲ့တဲ့အတိုင်း ဆလိုဗက်ကီးယားနိုင်ငံအနေနဲ့ ယူကရိန်းနိုင် ငံကို စစ်လက်နက်ပစ္စည်းတွေ ဆက်လက်ထောက်ပံ့တော့မှာမဟုတ်ပေမဲ့ လူသားချင်းစာနာထောက်ထားမှု အ ကူအညီတွေကိုတော့ ထောက်ပံ့သွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ်ဖီဆိုက လွှတ်တော်အမတ်တွေကိုပြောပါတယ်။

 

“ကျွန်တော် ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ တစ်ခုမှ ပေးပို့တော့မှာမဟုတ်ပါဘူူး။ စစ်ရေးနဲ့ပတ်သက်တဲ့ အကူအညီတွေ ချက်ချင်းရပ်တန့်လိုက်တာဟာ ယူကရိန်းအတွက် အကောင်းဆုံးပါပဲ။ ဥရောပသမဂ္ဂအနေနဲ့ စစ် လက်နက်ပစ္စည်းထောက်ပံ့တဲအဖွဲ့အစည်းကနေ ငြိမ်းချမ်းရေးဆောင်ရွက်ပေးမယ့်အဖွဲ့အစည်းအဖြစ် ပြောင်းလဲ သင့်ပါတယ်။” လို့ ဖီဆိုက ပြောပါတယ်။

 

ကြာသပတေးနေ့က ဘရပ်ဆဲလ်မြို့မှာကျင်းပတဲ့ ဥရောပသမဂ္ဂအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ဖီဆိုက ရုရှားနိုင်ငံကို အရေးယူပိတ်ဆို့နေတာတွေကိုလည်း ဆန့်ကျင်ကြောင်း ပြောဆိုခဲ့ပါတယ်။

 

“ရုရှားနိုင်ငံရဲ့ဆောင်ရွက်မှုတွေဟာ ဆလိုဗက်ကီးယားနိုင်ငံအပေါ် မထိခိုက်မချင်း ရုရှားနိုင်ငံကို အရေးယူပိတ် ဆို့ဖို့အတွက် ကျွန်တော်ထောက်ခံမှာ မဟုတ်ပါဘူး။” လို့ ၎င်းက ပြောပါတယ်။

 

“အဲဒီလို အရေးယူပိတ်ဆို့မှုမျိုးတွေဟာ ပိတ်ဆို့မှုအများစုလိုပဲ ကျွန်တော်တို့ကို ထိခိုက်မယ်ဆိုရင် အဲဒီအရေး ယူပိတ်ဆို့မှုတွေကိုထောက်ခံဖို့ ဘာအကြောင်းမှ ကျွန်တော်မမြင်ပါဘူး။” လို့ ၎င်းက ပြောပါတယ်။

 

ဆလိုဗက်ကီးယားနိုင်ငံမှာ သုံးပါတီညွန့်ပေါင်းအစိုးရအဖွဲ့ ဖွဲ့စည်းပြီးနောက်မှာ ဖီဆိုက မိန့်ခွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

သုံးပါတီညွန့်ပေါင်းအဖွဲ့မှာ ဖီဆိုရဲ့ Smer-SD လက်ဝဲယိမ်းပါတီ၊ ရုရှားလိုလားတဲ့ SNS လက်ျာစွန်းပါတီနဲ့ Smer-SD ပါတီက ခွဲထွက်လာတဲ့ Hlas-SD ပါတီတို့ပါဝင်ပါတယ်။

 

Smer-SD ပါတီဟာ ယူကရိန်းကို စစ်ရေးအကူအညီပေးနေတာတွေ ရပ်တန့်ပစ်မယ်ဆိုတဲ့ ရွေးကောက်ပွဲမဲ ဆွယ်ကတိနဲ့အတူ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

 

Ref: Slovakia Announces Halt of Military Aid to Ukraine

 

#PeopleMedia


Share this post