• Follow Us on
Latest News

Home အစ္စရေးမောင်းသူမဲ့ဒရုန်းကို ရုရှားစစ်တပ်တိုက်ခိုက်ဟု အစ္စရေးရုပ်သံလိုင်းကြေညာ


Share this post







#PeopleMedia

(Unicode)
အစ္စရေးမောင်းသူမဲ့ဒရုန်းကို ရုရှားစစ်တပ်တိုက်ခိုက်ဟု အစ္စရေးရုပ်သံ လိုင်းကြေညာ
………………………………………………………

ရုရှားစစ်တပ်ဟာ ဂိုလန်ကုန်းမြင့်အနီးမှာ အစ္စရေးရဲ့ မောင်းသူမဲ့ဒရုန်း(UAV) တစ်စီးကို ပစ်ခတ်မှုပြုလုပ် ခဲ့တယ်လို့ အစ္စရေးရုပ်သံလိုင်းတစ်ခုက ဖော်ပြခဲ့ပါတယ်။

အကြောင်းပြချက်တချို့ကြောင့် ဆီးရီးယားလေကြောင်းကာကွယ်ရေးစနစ်ဟာ အစ္စရေးဒရုန်းကို တိုက်ခိုက် ရာမှာ အသုံးမပြုဘူးလို့လည်း ပြောကြားခဲ့ပါတယ်။

အခုလို တိုက်ခိုက်မှုကို ရုရှားကသာ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ အစ္စရေးဘက်က စွပ်စွဲခဲ့တာပါ။

အစ္စရေးဒရုန်းဟာ ဆီးရီးယားဝေဟင်ပိုင်နက်ထဲကို တစ်မိနစ်ခွဲလောက်သာ ဝင်ရောက်ခဲ့ချိန်မှာ မြေပြင် အလို လျောက်စနစ်နဲ့ တိုက်ခိုက်ခံခဲ့ရတာလို့ အစ္စရေးက ပြောပါတယ်။

ဆီးရီးယားရဲ့ ဝေဟင်ပိုင်နက်ထဲကို ဝင်ရောက်ရတဲ့အကြောင်းအရင်းကိုတော့ အစ္စရေးဘက်က ဖော်ပြခဲ့ခြင်း မရှိပါဘူး။

Ref; bulgarianmilitary.com

#PeopleMedia


Share this post