• Follow Us on

Home အရာတော်မြို့နယ်၌ ဒေသခံ PDF စခန်းနှစ်ခုကို လုံခြုံရေးအဖွဲ့မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခံရပြီး PDF အဖွဲ့ ဝင်အချို့ ဖမ်းဆီးခံခဲ့ရ၊ မုံရွာ-အရာတော်လမ်းကို အများပြည်သူများ အသုံးမပြုရန် ဒေသခံ PDF အဖွဲ့များ ထုတ် ပြန်

အရာတော်မြို့နယ်၌ ဒေသခံ PDF စခန်းနှစ်ခုကို လုံခြုံရေးအဖွဲ့မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခံရပြီး PDF အဖွဲ့ ဝင်အချို့ ဖမ်းဆီးခံခဲ့ရ၊ မုံရွာ-အရာတော်လမ်းကို အများပြည်သူများ အသုံးမပြုရန် ဒေသခံ PDF အဖွဲ့များ ထုတ် ပြန်

Share this post

မုံရွာ၊ အောက်တိုဘာ ၂၂ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်ရှိ ဒေသခံ PDF စခန်းနှစ်ခုကို လုံခြုံရေးအဖွဲ့များက တောလမ်း အတိုင်းဝင်ရောက်ပြီး တစ်ပြိုင်နက် စီးနင်းဝင်ရောက်တိုက်ခိုက်ရာ PDF အဖွဲ့ဝင်အချို့ ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

 

ယနေ့နံနက် ၄ နာရီအချိန်ခန့်၌ လုံခြုံရေးအဖွဲ့များသည် ဒေသခံ PDF အဖွဲ့၏ စခန်းဖြစ်သော မုံရွာရိန်းဂျားအဖွဲ့ စခန်းနှင့် သပြေညိုစခန်းကို တစ်ပြိုင်နက် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

 

“လုံခြုံရေးအဖွဲ့တွေက တောလမ်းအတိုင်းခြေလျင်တက်ပြီး ဝင်ရောက်စီးနင်းတာ ဖြစ်နိုင်ပါတယ်။ အချို့ PDF အဖွဲ့ဝင်အချို့ ဖမ်းဆီးခံခဲ့ရတယ်။ စခန်းတွေလည်း မီးရှို့ခံလိုက်ရတယ်” လို့ ဒေသခံအချို့က ပြောပါတယ်။

 

လက်ရှိအချိန်၌ ဒေသခံ PDF အဖွဲ့ ၅ ဖွဲ့က မုံရွာ-အရာတော်လမ်းကို အများပြည်သူများ လုံးဝ အသုံးမပြုကြရန် ထုတ်ပြန်မှုများ ပြုလုပ်ထားပါတယ်။

 

Photo – credit

 

#PeopleMedia #အရာတော်မြို့ #PDF

 

(unicode)


……………………………………………………………….

 


 


 


 


 


 

Photo – credit

 



Share this post