• Follow Us on

Home ချမ်းမြသာစည်မြို့နယ်၌ အုပ်ချုပ်ရေးမှူးအိမ် လက်ပစ်ဗုံးပစ်သွင်းခံရပြီးနောက် အဆိုပါနေအိမ်သို့ အလည်လာ သည့် နို့တိုက်မိခင်တစ်ဦး ဗုံးစထိမှန် သေဆုံး

ချမ်းမြသာစည်မြို့နယ်၌ အုပ်ချုပ်ရေးမှူးအိမ် လက်ပစ်ဗုံးပစ်သွင်းခံရပြီးနောက် အဆိုပါနေအိမ်သို့ အလည်လာ သည့် နို့တိုက်မိခင်တစ်ဦး ဗုံးစထိမှန် သေဆုံး

Share this post

မန္တလေး၊ အောက်တိုဘာ ၂၂ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အကွက်အမှတ်(၅၀၃) အောင်မင်္ဂလာရပ်ကွက်ရှိ အုပ်ချုပ်ရေး မှူးအိမ်အတွင်းသို့ လက်ပစ်ဗုံး ပစ်သွင်းခံရပြီးနောက် အဆိုပါ နေအိမ်သို့ အလည်လာသည့် နို့တိုက်မိခင်တစ်ဦး သည် ဗုံးစထိမှန်ပြီး သေဆုံးခဲ့ပါတယ်။

 

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၀ ရက်နေ့၊ သီတင်းကျွတ်လပြည့်နေ့၊ ည (၇) နာရီအချိန်၌ အုပ်ချုပ်ရေးမှူး နေ အိမ်အသွင်းသို့ လက်ပစ်ဗုံးပစ်သွင်းခံရပြီး နေအိမ်သို့ အလည်လာသည့် နို့တိုက်မိခင်တစ်ဦး ဗုံးစထိမှန် သေ ဆုံးခဲ့ပါတယ်။

 

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ People Media က အဆိုပါ ရပ်ကွက်ရှိ ဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်းရာ “အုပ်ချုပ်ရေးမှူးအိမ်က ဦးပွားဆုတောင်းပြည့်ဘုရားအနီးမှာ ရပ်ကွက်အုပ်ချုပ်အုပ်ချုပ်ရေးမှူးနေအိမ်ရှိတယ်။ အဲ့ဒီအိမ်ကို ခြံချင်းကပ်လျက် မခိုင်မာလွင်က ခဏလာလည်တာ။ အဲ့ဒီအချိန်မှာ ဗုံးပစ်သွင်းခံရတာ။ ဗုံးစထိ မှန်ပြီး အလည်လာတဲ့ အမျိုးသမီးက သေဆုံးသွားတာ” လို့ ပြောပါတယ်။

 

ဆက်လက်ပြီး အဆိုပါဒေသခံက “ဗုံးစမှန်ပြီး သေဆုံးခဲ့တဲ့ အမျိုးသမီးက ကလေးချီလျက် အုပ်ချုပ်ရေးမှူးအိမ် ကိုသွားတာ၊ ဗုံးကွဲတဲ့အချိန်မှာ ကလေးတော့ ထိခိုက်မှုမရှိဘူး၊ ဗုံးစက အမျိုးသမီးရဲ့ လည်ပင်းကို ထိသွား တာ”လို့ ပြောပါတယ်။

 

အဆိုပါ ဗုံးစထိမှန် သေဆုံးသူ၏ နာရေးကို သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့၌ ပြုလုပ်ခဲ့ပါတယ်။ သေဆုံးသူအမျိုးသမီး၌ သား/သမီး သုံးယောက်ရှိကြောင်း ဒေသခံအချို့၏ ပြောဆိုချက်အရ သိရပါတယ်။

 

#PeopleMedia #ချမ်းမြသာစည်မြို့နယ်

 

(unicode)


……………………………………………………………………

 

မန်တလေး၊ အောကျတိုဘာ ၂၂ (People Media)

 


 


 


 


 


 



Share this post