• Follow Us on
Latest News

Home အာဆီယံအထူးသံတမန် ပရတ်ဆခုန် ဇွန်လ ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်မည်

အာဆီယံအထူးသံတမန် ပရတ်ဆခုန် ဇွန်လ ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်မည်

Share this post

နိုင်ငံတကာ၊ ဇွန် ၂၈

 

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် ပရတ်ဆခုန်ဟာ ဇွန်လ ၂၉ ရက်နေ့မှာ မြန်မာနိုင်ငံကို လာရောက် မှာဖြစ်ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၂၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါ တယ်။

 

ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် ပရတ်ဆခုန်ဟာ ဇွန်လ ၂၉ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ၎င်းရဲ့ ဒုတိယအကြိမ်မြောက်ခရီးစဉ်အဖြစ် မြန်မာ နိုင်ငံကို လာရောက်ဖို့ ဇွန်လ ၁၀ ရက်နေ့ကကတည်းက နိုင်ငံတကာသတင်းတွေမှာဖော်ပြထားပါတယ်။

 

အထူးသံတမန်ပရတ်ဆခုန်ဟာ အာဆီယံခေါင်းဆောင်တွေသဘောတူညီထားတဲ့ အချက်ငါးချက်ပါ သဘောတူ ညီချက်ကို မြန်မာနိုင်ငံအနေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ တိုးတက်မှုရှိမရှိ လာရောက်ဆန်းစစ် လေ့လာမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် ၂၀၂၂ ခုနှစ် မေလ၆ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့မှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီဆိုင်ရာ အတိုင်ပင်ခံအစည်းအဝေးကနေ ပေါ်ထွက်လာတဲ့ရလဒ် တွေနဲ့ ပတ်သက်ပြီးတော့လည်း ဆန်းစစ်လေ့လာသွားမယ်လို့ သိရပါတယ်။

 

ဒါ့အပြင် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုကတစ်ဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ တွေကျင်းပပေးနိုင်ရေးအတွက် အထောက်အကူပြုနိုင်မယ့်အဖွဲ့အစည်းတစ်ရပ် တည်ဆောက်နိုင်ရေးအတွက် ကူညီပံ့ပိုးနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့စာထဲမှာဖော်ပြထားပါတယ်။

 

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် ပရတ်ဆခုန်နဲ့အတူ အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်း ဆိုင်ရာ အာဆီယံအဖွဲ့ရဲ့ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်၊ အာဆီယံအဖွဲ့မှဝန်ထမ်းများ၊ ကမ္ဘောဒီးယား နိုင်ငံမှ အဆင့်မြင့်အရာရှိများ ပါဝင်တယ်လို့ သိရပါတယ်။

 

အာဆီယံဥက္ကဋ္ဌက မြန်မာနိုင်ငံက အကျဉ်းကျနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်အပါအဝင် တခြားထင်ရှားကျော်ကြားတဲ့သူတွေနဲ့ တွေ့ဆုံခွင့်တောင်းဆိုခဲ့ပါတယ်။

 

တရားဝင်နာမည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) လို့ခေါ်တဲ့ မြန်မာစစ်အစိုးရဟာ အာဆီယံခေါင်း ဆောင်များရဲ့ ဘုံသဘောတူညီချက်ငါးရပ်ကို အပြည့်အဝအကောင်အထည်ဖော်ဖို့ ဖင့်နှေးလေးတွဲ့နေတယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။

 

အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့က မြန်မာစစ်အစိုးရကို အားမလိုအားမရဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ပြည်ပြေးအစိုးရ ဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အသိအမှတ်ပြုလိုက်မယ်လို့ ခြိမ်းခြောက်ခဲ့ကြပါတယ်။

 

မလေး ရှားနိုင်ငံက မကြာသေးခင်က NUG အစိုးရကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးကိစ္စတွေနဲ့ အနာဂတ်စီမံချက်တွေအ တွက်တော့ တိုးတက်မှုတချို့ရှိတယ်လို့ အမည်မဖော်လိုတဲ့ အာဆီယံအဖွဲ့က သတင်းရင်းမြစ်တစ်ဦးက ပြော ပါတယ်။

 

ဘေးဒုက္ခစီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုအကူအညီအတွက် အာဆီယံပေါင်းစပ်ညှိနှိုင်းရေး စင်တာနဲ့ အာဆီယံ လိုအပ်ချက်များရှာဖွေဖော်ထုတ်ရေးအဖွဲ့တွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးနှံရေးအပါအ ဝင် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးနိုင်ရေးအတွက် လုပ်ငန်းစီမံချက်တွေ ရေးဆွဲသွားနိုင် လိမ့်မယ်လို့ ပရတ်ဆခုန်က မျှော်လင့်ထားပါတယ်။

 

Ref: Press Release of Ministry of Foreign Affairs and International Cooperation of the Kingdom of Cambodia and ASEAN special envoy to visit Myanmar later this month

 

#PeopleMedia

 

(unicode)


……………………………………

 


 


 


 


 


 


 


 


 


 


 


 


 

Ref: Press Release of Ministry of Foreign Affairs and International Cooperation of the Kingdom of Cambodia and ASEAN special envoy to visit Myanmar later this month

 

#PeopleMedia


Share this post