• Follow Us on
Latest News

Home တရားမဝင်ကုန်သွယ်မှုကိုရနိုင်သမျှနည်းလမ်းများဖြင့် တားဆီးထိန်းချုပ်ရန် န.စ.ကဒုဥက္ကဋ္ဌ မှာကြား

တရားမဝင်ကုန်သွယ်မှုကိုရနိုင်သမျှနည်းလမ်းများဖြင့် တားဆီးထိန်းချုပ်ရန် န.စ.ကဒုဥက္ကဋ္ဌ မှာကြား

Share this post

နေပြည်တော်၊ ဇွန် ၂၉

 

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကုန်သွယ်မှုလမ်းကြောင်းများတွင် တရားမဝင်ကုန်သွယ်မှုကို ရနိုင်သမျှ နည်းလမ်းများဖြင့် တားဆီးထိန်းချုပ်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မှာကြားလိုက်သည်။

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ တက်ရောက်အမှာစကားပြောကြားသည်။

 

“အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကုန်သွယ်မှုလမ်းကြောင်းများတွင် တရားမဝင် ကုန်သွယ်မှုကို ရနိုင်သမျှနည်းလမ်းများဖြင့် တားဆီးထိန်းချုပ်သွားကြရမည်ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှု စတင်ရာ နေရာ၊ သိုလှောင်ထားရှိသည့်နေရာများနှင့် တင်သွင်းရောက်ရှိပြီး ဖြန့်ဖြူးရန်သိုလှောင်ထားသည့် နေရာများ ကိုပါ ပုံမှန်၊ ရှောင်တခင် ဝင်ရောက်စစ်ဆေးအရေးယူခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဖမ်းဆီးရမိ ကုန်စည်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ထုခွဲရောင်းချပြီး ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာများ နိုင်ငံတော်က ရရှိရန်လိုအပ်ကြောင်း။ လေလံမပစ်မှီ ဖမ်းဆီးရမိပစ္စည်းများ ပျက်စီးဆုံးရှုံးသွားလျှင် ဖမ်းဆီးပေးသူများ၏ ကြိုး ပမ်းအားထုတ်မှုများ အချည်းနှီးဖြစ်ရသကဲ့သို နိုင်ငံဘဏ္ဍာရရှိမှုလည်း လျော့နည်းသွားမည်ဖြစ်ကြောင်း” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက်ပိုင်း ဖမ်းဆီးရမိမှုများကို ကြည့်မည်ဆိုလျှင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ မေလ အထိ ဖမ်းဆီးရမိမှု ခန့်မှန်းတန်ဖိုးကျပ် (၂၁ ဒသမ ၇၇၁) ဘီလီယံရှိသည့်အတွက် ယခင်နှစ်တစ်နှစ်လုံးနှင့် နှိုင်း ယှဉ်ပါက ဖမ်းဆီးရမိခန့်မှန်းတန်ဖိုးကျပ်(၁၃ ဒသမ ၃၁၈)ဘီလီယံ ပိုမိုဖမ်းဆီးနိုင်ခဲ့ကြောင်း တွေ့ရသော်လည်း ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ခန့်မှန်းတန်ဖိုးကျပ်(၅ ဒသမ ၂၃၃)ဘီလီယံ ဖမ်းဆီးရမိခဲ့သော်လည်း မေလတွင် ကျပ်(၃ ဒသမ ၆၃၃) ဘီလီယံသာ ဖမ်းဆီးရမိခဲ့သည့်အတွက် ခန့်မှန်းတန်ဖိုးကျပ် (၁ ဒသမ ၆) ဘီလီယံ လျော့နည်းခဲ့သည်ကို တွေ့ရကြောင်း၊ ဖမ်းဆီးရမိလျော့နည်းမှုကို စိစစ်သည့်အခါ တိုင်းဒေသကြီးနှင့် ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲများ၏ ဖမ်းဆီးရမိမှု ကျပ်(၁) ဘီလီယံကျော် လျော့နည်းခဲ့ ကြောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းနှင့် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းတို့တွင် ကျပ်(၀ ဒသမ ၇၂၁) ဘီလီယံကျော် လျော့နည်းသည်ကို တွေ့ရပါကြောင်း၊ ထိုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များ၊ အကောက်ခွန်ဦးစီးဌာနနှင့် OSS ဌာနဆိုင်ရာများ အနေဖြင့် စီမံချက်များအတိုင်း ထိထိမိမိ တားဆီးစစ်ဆေးဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

 

အစည်းအဝေးသို ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အခွန်အယူ ခံခုံအဖွဲ့ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

 

#PeopleMedia

 

(unicode)


……………………………………

 


 


 


 


 


 


 

#PeopleMedia


Share this post