• Follow Us on

Home အီရန္ေရတပ္က အိႏၵိယသမုဒၵရာအတြင္း အၿမဲတမ္းအေျခစိုက္စခန္း တည္ေဆာက္မည္

အီရန္ေရတပ္က အိႏၵိယသမုဒၵရာအတြင္း အၿမဲတမ္းအေျခစိုက္စခန္း တည္ေဆာက္မည္

Share this post

နိုင္ငံတကာ၊ ဇြန္ ၂၅

အီရန္အစၥလာမၼစ္ ေတာ္လွန္ေရးအေစာင့္တပ္ဖြဲ႕၏ ေရတပ္က ယခုႏွစ္မကုန္မီ အိႏၵိယသမုဒၵရာအတြင္း အ ၿမဲတမ္း အေျခစိုက္စခန္းတစ္ခု တည္ေဆာက္ရန္ စီစဥ္ေနေၾကာင္း ေရတပ္အႀကီးအကဲ ဗိုလ္ခ်ဳပ္ႀကီး အလီရီဇာ တန္ဆီရီက နိုင္ငံပိုင္သတင္းဌာန Fars News သို႔ ေျပာၾကားသည္။

အဆိုပါအစီအစဥ္မွာ တပ္မေတာ္ေခါင္းေဆာင္ပိုင္း၏ ေမတၱာရပ္ခံခ်က္ေၾကာင့္ျဖစ္ၿပီး အိႏၵိယသမုဒၵရာအ တြင္း ငါးဖမ္းဆီးမႈႏွင့္ သေဘၤာမ်ားကို အကာအကြယ္ ေပးရန္ရည္႐ြယ္ေၾကာင္း ၄င္းက ဆိုသည္။

အီရန္ေရတပ္က အိႏၵိယသမုဒၵရာအတြင္း လႈပ္ရွားေလ့ရွိရာ အၿမဲတမ္းစစ္ဘက္အေျခစိုက္စခန္းတစ္ခု တည္ေဆာက္ျခင္းက အခက္ အခဲရွိမည္မဟုတ္ေၾကာင္း ဗိုလ္ခ်ဳပ္ႀကီး အလီရီဇာက ေျပာသည္။

“အီရန္ေတာ္လွန္ ေရးအေစာင့္တပ္ဖြဲ႕၏ ေရယာဥ္အုပ္ျဖန့္ၾကက္မႈကို ယခင္က လုပ္ေဆာင္ခဲ့ဖူးၿပီး ဒုတိယ ေျမာက္ေရယာဥ္စုကိုလည္း အိႏၵိယသမုဒၵရာအတြင္းသို႔ ေစလႊတ္ခဲ့ေၾကာင္း၊ အိႏၵိယသမုဒၵရာအတြင္း အၿမဲတမ္း ေရ တပ္အေျခစိုက္စခန္းတစ္ခု တည္ေဆာက္မႈက လုံၿခဳံေရးအေျခအေန တိုးတက္ေစမည့္အျပင္ ေဒသတြင္း၌ အီရန္ ငါးဖမ္းလုပ္ငန္း ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ႀကီးမားေသာအေထာက္အပံ့ျဖစ္လာမည္ဟု ၄င္းက ေျပာသည္။

အၿမဲတမ္းေရတပ္ အေျခစိုက္စခန္း တည္ေဆာက္ရေသာ ရည္႐ြယ္ခ်က္မွာ ပင္လယ္ဓားျပမႈႏွင့္ ျပည္ပ သေဘၤာမ်ားက ငါးဖမ္းယာဥ္မ်ားကို အေႏွာင့္အယွက္ေပးမႈရန္မွ ကာကြယ္တားဆီးရန္ဟု သူက ဆိုသည္။ ေရတပ္ အေျခစိုက္စခန္းကို မည္သည့္ေနရာတြင္ တည္ေဆာက္မည္ သို႔မဟုတ္ တည္ေဆာက္မည့္ေနရာႏွင့္ဆိုင္ေသာ အ ခ်က္အလက္မ်ားကို ဗိုလ္ခ်ဳပ္ႀကီး အလီရီဇာက အေသးစိတ္မရွင္းလင္းေပ။

အီရန္နိုင္ငံက ေရတပ္ကာကြယ္ေရးတြင္ ႀကီးမားစြာ ရင္းႏွီးျမႇုပ္ႏွံေနသလို စစ္သေဘၤာႀကီးမ်ားအျပင္ အျခားနိုင္ငံမ်ား၏ ေရတပ္မ်ားကို ေႏွာင့္ယွက္နိုင္စြမ္းရွိေသာ အျမန္တိုက္ေရယာဥ္မ်ားကိုလည္း တိုးခ်ဲ့တည္ ေဆာက္လ်က္ရွိသည္။ အီရန္အျမန္ေရယာဥ္မ်ားက အိုမန္ပင္လယ္ေကြ႕ႏွင့္ ေဟာ္မုတ္ဇ္ေရလက္ၾကားအတြင္း အ ေမရိကန္စစ္သေဘၤာမ်ားအနီး အနီးကပ္ ေမာင္းႏွင္ကာ ေႏွာင့္ယွက္မႈျပဳလုပ္ခဲ့ေၾကာင္း အေမရိကန္နိုင္ငံက စြပ္စြဲခဲ့ သည္။

ဧၿပီလအတြင္းျဖစ္ပြားခဲ့သည့္ ျဖစ္ရပ္တစ္ခုေၾကာင့္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ထိုသို႔ေႏွာင့္ ယွက္လာသည့္ အီရန္အျမန္တိုက္ ေရယာဥ္မ်ားကို ပစ္ခတ္ပစ္ရန္ အေမရိကန္ေရတပ္ကို အမိန့္ေပးခဲ့သည္။

ထိုျဖစ္ရပ္ေၾကာင့္ အီရန္ေရတပ္က ပင္လယ္ေကြ႕အတြင္းရွိ တပ္ဖြဲ႕ဝင္မ်ားကို အေမရိကန္စစ္သေဘၤာမ်ားမွ မီတာ ၁၀၀ အကြာေနရန္ႏွင့္ အႏၲရာယ္ႀကီးမားေသာ ေႏွာင့္ယွက္မႈမ်ားမျပဳလုပ္ရန္ အမိန့္ထုတ္ျပန္ခဲ့ရသည္။ သို႔ေသာ္လည္း ထိုအမိန့္က ထိေတြ႕မႈစည္းမ်ဥ္းမ်ားကို အေျပာင္းအလဲတစ္ရပ္ မျဖစ္ေစခဲ့ဟု အေမရိကန္ေရတပ္ က ရွင္းလင္းခဲ့သည္။

ကမာၻ႔ေရနံတင္ပို႔မႈအမ်ားစုလုပ္ေဆာင္ရာ အိုမန္ပင္လယ္ေကြ႕မွတစ္ဆင့္ အေရးပါေသာ နိုင္ငံ တကာေရလမ္းေၾကာင္းအတြင္း ကုန္တင္သေဘၤာမ်ား သြားလာမႈကိုတားဆီးရန္ အီရန္နိုင္ငံက ယင္း၏ေရတပ္ကို အသုံးျပဳခဲ့သည္။ ၿပီးခဲ့သည့္ႏွစ္ ဇူလိုင္လအတြင္း အီရန္ေရတပ္က ၿဗိတိန္သေဘၤာတစ္စင္းကို ၾကားျဖတ္ဟန့္တားခဲ့ရာ ၿဗိတိန္အစိုးရက အျပည္ျပည္ဆိုင္ရာ ပင္လယ္ေရေၾကာင္းဥပေဒကို ခ်ိဳးေဖာက္ျခင္းဟု ေျပာၾကားခဲ့သည္။

ဆီးရီးယားနိုင္ငံသို႔ ေလာင္စာဆီ လႊဲေျပာင္းေပးမႈမျပဳလုပ္ေရး ပိတ္ဆို႔မႈမ်ား ခ်ိဳးေဖာက္မႈသံသယျဖင့္ ဂ်ီလ္ဘေရာ္တာ ကမ္းလြန္၌ ပနားမားအလံလႊင့္ထူထားေသာ အီရန္ေရယာဥ္ တစ္စင္းကို ၿဗိတိန္ေတာ္ဝင္ေရတပ္မွ ထိန္းသိမ္းၿပီးေနာက္ ရက္အနည္းငယ္အၾကာတြင္ ထိုသို႔လုပ္ေဆာင္ခဲ့ျခင္းျဖစ္ၿပီးသီတင္းပတ္ေပါင္းမ်ားစြာ ၾကာၿပီးေနာက္ အဆိုပါသေဘၤာကို ျပန္လႊတ္ေပးခဲ့သည္။

ကိုးကား – သည္ေနရွင္နယ္

Ref; IRGC Navy to build permanent Indian Ocean base, says commander

#PeopleMedia

[Unicode]
အီရန်ရေတပ်က အိန္ဒိယသမုဒ္ဒရာအတွင်း အမြဲတမ်းအခြေစိုက်စခန်း တည်ဆောက်မည်
…………………………………………………………………………………..

နိုင်ငံတကာ၊ ဇွန် ၂၅

အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ရေတပ်က ယခုနှစ်မကုန်မီ အိန္ဒိယသမုဒ္ဒရာအတွင်း အ မြဲတမ်း အခြေစိုက်စခန်းတစ်ခု တည်ဆောက်ရန် စီစဉ်နေကြောင်း ရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အလီရီဇာ တန်ဆီရီက နိုင်ငံပိုင်သတင်းဌာန Fars News သို့ ပြောကြားသည်။

အဆိုပါအစီအစဉ်မှာ တပ်မတော်ခေါင်းဆောင်ပိုင်း၏ မေတ္တာရပ်ခံချက်ကြောင့်ဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာအ တွင်း ငါးဖမ်းဆီးမှုနှင့် သင်္ဘောများကို အကာအကွယ် ပေးရန်ရည်ရွယ်ကြောင်း ၄င်းက ဆိုသည်။

အီရန်ရေတပ်က အိန္ဒိယသမုဒ္ဒရာအတွင်း လှုပ်ရှားလေ့ရှိရာ အမြဲတမ်းစစ်ဘက်အခြေစိုက်စခန်းတစ်ခု တည်ဆောက်ခြင်းက အခက် အခဲရှိမည်မဟုတ်ကြောင်း ဗိုလ်ချုပ်ကြီး အလီရီဇာက ပြောသည်။

“အီရန်တော်လှန် ရေးအစောင့်တပ်ဖွဲ့၏ ရေယာဉ်အုပ်ဖြန့်ကြက်မှုကို ယခင်က လုပ်ဆောင်ခဲ့ဖူးပြီး ဒုတိယ မြောက်ရေယာဉ်စုကိုလည်း အိန္ဒိယသမုဒ္ဒရာအတွင်းသို့ စေလွှတ်ခဲ့ကြောင်း၊ အိန္ဒိယသမုဒ္ဒရာအတွင်း အမြဲတမ်း ရေ တပ်အခြေစိုက်စခန်းတစ်ခု တည်ဆောက်မှုက လုံခြုံရေးအခြေအနေ တိုးတက်စေမည့်အပြင် ဒေသတွင်း၌ အီရန် ငါးဖမ်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသောအထောက်အပံ့ဖြစ်လာမည်ဟု ၄င်းက ပြောသည်။

အမြဲတမ်းရေတပ် အခြေစိုက်စခန်း တည်ဆောက်ရသော ရည်ရွယ်ချက်မှာ ပင်လယ်ဓားပြမှုနှင့် ပြည်ပ သင်္ဘောများက ငါးဖမ်းယာဉ်များကို အနှောင့်အယှက်ပေးမှုရန်မှ ကာကွယ်တားဆီးရန်ဟု သူက ဆိုသည်။ ရေတပ် အခြေစိုက်စခန်းကို မည်သည့်နေရာတွင် တည်ဆောက်မည် သို့မဟုတ် တည်ဆောက်မည့်နေရာနှင့်ဆိုင်သော အ ချက်အလက်များကို ဗိုလ်ချုပ်ကြီး အလီရီဇာက အသေးစိတ်မရှင်းလင်းပေ။

အီရန်နိုင်ငံက ရေတပ်ကာကွယ်ရေးတွင် ကြီးမားစွာ ရင်းနှီးမြှုပ်နှံနေသလို စစ်သင်္ဘောကြီးများအပြင် အခြားနိုင်ငံများ၏ ရေတပ်များကို နှောင့်ယှက်နိုင်စွမ်းရှိသော အမြန်တိုက်ရေယာဉ်များကိုလည်း တိုးချဲ့တည် ဆောက်လျက်ရှိသည်။ အီရန်အမြန်ရေယာဉ်များက အိုမန်ပင်လယ်ကွေ့နှင့် ဟော်မုတ်ဇ်ရေလက်ကြားအတွင်း အ မေရိကန်စစ်သင်္ဘောများအနီး အနီးကပ် မောင်းနှင်ကာ နှောင့်ယှက်မှုပြုလုပ်ခဲ့ကြောင်း အမေရိကန်နိုင်ငံက စွပ်စွဲခဲ့ သည်။

ဧပြီလအတွင်းဖြစ်ပွားခဲ့သည့် ဖြစ်ရပ်တစ်ခုကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထိုသို့နှောင့် ယှက်လာသည့် အီရန်အမြန်တိုက် ရေယာဉ်များကို ပစ်ခတ်ပစ်ရန် အမေရိကန်ရေတပ်ကို အမိန့်ပေးခဲ့သည်။

ထိုဖြစ်ရပ်ကြောင့် အီရန်ရေတပ်က ပင်လယ်ကွေ့အတွင်းရှိ တပ်ဖွဲ့ဝင်များကို အမေရိကန်စစ်သင်္ဘောများမှ မီတာ ၁၀၀ အကွာနေရန်နှင့် အန္တရာယ်ကြီးမားသော နှောင့်ယှက်မှုများမပြုလုပ်ရန် အမိန့်ထုတ်ပြန်ခဲ့ရသည်။ သို့သော်လည်း ထိုအမိန့်က ထိတွေ့မှုစည်းမျဉ်းများကို အပြောင်းအလဲတစ်ရပ် မဖြစ်စေခဲ့ဟု အမေရိကန်ရေတပ် က ရှင်းလင်းခဲ့သည်။

ကမ္ဘာ့ရေနံတင်ပို့မှုအများစုလုပ်ဆောင်ရာ အိုမန်ပင်လယ်ကွေ့မှတစ်ဆင့် အရေးပါသော နိုင်ငံ တကာရေလမ်းကြောင်းအတွင်း ကုန်တင်သင်္ဘောများ သွားလာမှုကိုတားဆီးရန် အီရန်နိုင်ငံက ယင်း၏ရေတပ်ကို အသုံးပြုခဲ့သည်။ ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်း အီရန်ရေတပ်က ဗြိတိန်သင်္ဘောတစ်စင်းကို ကြားဖြတ်ဟန့်တားခဲ့ရာ ဗြိတိန်အစိုးရက အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်းဥပဒေကို ချိုးဖောက်ခြင်းဟု ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံသို့ လောင်စာဆီ လွှဲပြောင်းပေးမှုမပြုလုပ်ရေး ပိတ်ဆို့မှုများ ချိုးဖောက်မှုသံသယဖြင့် ဂျီလ်ဘရော်တာ ကမ်းလွန်၌ ပနားမားအလံလွှင့်ထူထားသော အီရန်ရေယာဉ် တစ်စင်းကို ဗြိတိန်တော်ဝင်ရေတပ်မှ ထိန်းသိမ်းပြီးနောက် ရက်အနည်းငယ်အကြာတွင် ထိုသို့လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးသီတင်းပတ်ပေါင်းများစွာ ကြာပြီးနောက် အဆိုပါသင်္ဘောကို ပြန်လွှတ်ပေးခဲ့သည်။

ကိုးကား -သည်နေရှင်နယ်

Ref; IRGC Navy to build permanent Indian Ocean base, says commander

#PeopleMedia


Share this post