• Follow Us on
Latest News

Home အီရန်ထောက်ပံ့ထားတဲ့စစ်သွေးကြွတွေအသုံးပြုနေတဲ့ ဆီးရီးယားက အဆောက်အအုံနှစ်ခုကို အမေရိကန် စစ်တပ်လေကြောင်းက တိုက်ခိုက်

အီရန်ထောက်ပံ့ထားတဲ့စစ်သွေးကြွတွေအသုံးပြုနေတဲ့ ဆီးရီးယားက အဆောက်အအုံနှစ်ခုကို အမေရိကန် စစ်တပ်လေကြောင်းက တိုက်ခိုက်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၇

 

ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းက အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) နဲ့ ဆက်စပ်အဖွဲ့အစည်း တွေအသုံးပြုနေတဲ့ အဆောက်အအုံနှစ်ခုကို အမေရိကန်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ် လို့ ကာကွယ်ရေးဝန်ကြီးအယ်လ်လွိုက်သြစတင်က ကြာသပတေးနေ့ (အောက်တိုဘာလ ၂၆ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

“အောက်တိုဘာလ ၁၇ ရက်နေ့ကစပြီး အီရန်နိုင်ငံကထောက်ပံ့ထားတဲ့ စစ်သွေးကြွအုပ်စုတွေက အီရတ်နဲ့ ဆီး ရီးယားမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ပါတယ်။ အများစုအောင်မြင်မှုမရှိတဲ့ အဲဒီတိုက်ခိုက်မှု တွေကို လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်လေတပ်က ပေါင်းစပ်ညှိနှိုင်းပြီး ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တဲ့အ နေနဲ့ လေကြောင်းက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။” လို့ ၎င်းက ထုတ်ပြန်ချက်ထဲမှာ ပြောပါတယ်။

 

စစ်သွေးကြွတွေတိုက်ခိုက်မှုကြောင့် အမေရိကန်နိုင်ငံသား ကန်ထရိုက်တာတစ်ဦးသေဆုံးခဲ့ပြီး အမေရိကန်တပ် ဖွဲ့ဝင် ၂၁ ဦး ဒဏ်ရာရှိခဲ့ပေမဲ့ ဒဏ်ရာမပြင်းထန်တဲ့အတွက် အားလုံး တာဝန်ပြန်လည်ထမ်းဆောင်နေကြပြီဖြစ် ကြောင်း သြစတင်က ပြောပါတယ်။

 

ကြာသပတေးနေ့အစောပိုင်းက အမေရိကန်တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်တာတွေမလုပ်ဖို့ သမ္မတဂျိုးဘိုင်ဒန်က အီရန်ခေါင်းဆောင်အယာတိုလာအလီခါမေနီကို တိုက်ရိုက်သတိပေးစကားပြောကြားပြီးနောက် အခုလို လေ ကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း အိမ်ဖြူတော်က ကြာသပတေးနေ့က ပြောပါတယ်။

 

“ကျွန်တော်တို့ တိုက်ရိုက်အကြောင်းကြားခဲ့ပါတယ်။ ကျွန်တော်တို့ ဘာတွေလုပ်တော့မယ်ဆိုတာနဲ့ပတ်သက်ပြီး တော့ပေါ့။” လို့ အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီက သတင်းထောက်တွေ ကို ပြောပါတယ်။

 

အခု IRGC နဲ့ ဆက်စပ်အဖွဲ့အစည်းတွေအသုံးပြုနေတဲ့ အဆောက်အအုံတွေကို တိုက်ခိုက်တာဟာ ဂါဇာဒေသ မှာလက်ရှိဖြစ်ပွားနေတဲ့ အစ္စရေး-ဟားမတ်စ်စစ်ပွဲနဲ့ ဘာမှမဆိုင်ကြောင်း ထုတ်ပြန်ချက်ထဲမှာ ကာကွယ်ရေးဝန် ကြီး သြစတင်က ပြောကြားထားပါတယ်။

 

“အခု တိုက်ခိုက်မှုဟာ အီရတ်နဲ့ ဆီးရီးယားနိုင်ငံမှာရှိနေတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ကာကွယ်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်တဲ့အနေနဲ့ တိုက်ခိုက်တာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

Ref: US Strikes Two Sites Used by Iranian Forces in Syria: Pentagon

 

#PeopleMedia


Share this post