• Follow Us on
Latest News

Home အမေရိကန်က အဆင့်မြှင့်တင်ထားတဲ့ F-15 ဂျက်တိုက်လေယာဉ်တွေ အီဂျစ်ကိုရောင်းမည်

အမေရိကန်က အဆင့်မြှင့်တင်ထားတဲ့ F-15 ဂျက်တိုက်လေယာဉ်တွေ အီဂျစ်ကိုရောင်းမည်

Share this post

နိုင်ငံတကာ၊ မတ် ၁၆

 

အီဂျစ်အစိုးရရဲ့ လူ့အခွင့်အရေးမှတ်တမ်းနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေရှိနေပေမဲ့လည်း အမေရိကန်ပြည်ထောင်စု အနေနဲ့ အီဂျစ်နိုင်ငံကို အဆင့်မြှင့်တင်ထားတဲ့ F-15 ဂျက်တိုက်လေယာဉ်တွေရောက်းချပေးသွားမှာဖြစ်ကြောင်း အမေရိကန်ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးက မတ်လ ၁၅ ရက်နေ့က ကွန်ဂရက်လွတ်တော်ကိုပြောပါတယ်။

 

“အီဂျစ်နိုင်ငံနဲ့ပတ်သက်ပြီးပြောရရင် သတင်းကောင်းပြောစရာရှိတယ်လို့ပဲ ကျွန်တော်ထင်ပါတယ်။ အီဂျစ်နိုင်ငံ အတွက် F-15 တိုက်လေယာဉ်တွေ ထောက်ပံ့ပေးသွားတော့မှာပါ။ ဒီလိုထောက်ပံ့ပေးသွားဖို့ ကာလကြာရှည် ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရတာပါ။” လို့ ဗဟိုစစ်ဌာနချုပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးဖရန့်ခ်မက်ကန်ဇီက အထက် လွှတ်တော်လက်နက်ကိုင်တပ်ဖွဲ့များကော်မတီကို ပြောကြားလိုက်ပါတယ်။

 

လေယာဉ်အရောင်းအဝယ်ကိစ္စနဲ့ပတ်သက်လို့ ဗိုလ်ချုပ်ကြီးဖရန့်ခ်မက်ကန်ဇီက အသေးစိတ်ထုတ်ဖော်ပြော ကြားတာမရှိပါဘူး။ အရောင်းအဝယ်ကိစ္စကို ခွင့်ပြုလက်မှတ်ရေးထိုးပေးရမယ့် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီအရောင်းအဝယ်ကိစ္စကို အထက်လွှတ်တော်ကို တရားဝင်တင်ပြရမှာဖြစ်ပေမဲ့ အခုအချိန်အထိတော့ အ ထက်လွှတ်တော်ကို တရားဝင်မတင်ပြရသေးပါဘူး။

 

“လက်နက်တွေ လွှဲပြောင်းတာပဲဖြစ်ဖြစ် လက်နက်ရောင်းချတာပဲဖြစ်ဖြစ် ဒီလိုကိစ္စမျိုးတွေကို အထက်လွှတ် တော်ကို တရားဝင်မတင်ပြရသေးခင်မှာ ကျွန်တော်တို့အနေနဲ့ အဲဒီလိုကိစ္စမျိုးတွေကို ပြောဆိုတာမျိုးမလုပ်ပါ ဘူး။” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်နက်ဒ်ပရိုက်စ်က ပြောပါတယ်။

 

ဒီနှစ် ဇန်နဝါရီလထဲမှာတော့ အမေရိကန်အစိုးရက အီဂျစ်နိုင်ငံအတွက် လက်နက်အမျိုးအစားနှစ်မျိုးရောင်းချ ပေးဖို့ သဘောတူခွင့်ပြုခဲ့ပါတယ်။

 

အဲဒီစစ်လက်နက်ပစ္စည်းတွေကတော့ ဒေါ်လာ ၂.၂ ဘီလျံ တန်ကြေးရှိ C-130 J Super Hercules သယ်ယူပို့ဆောင်ရေးလေယာဉ် ၁၂ စင်းနဲ့ ဆက်စပ်ပစ္စည်းတွေရယ်၊ ဒေါ်လာ ၃၅၅ သန်းတန်ကြေးရှိတဲ့ မြေပြင်အခြေစိုက် လေကြောင်းရန်ကာကွယ်ရေးလက်နက်စနစ်တွေရယ်ပဲဖြစ်ပါတယ်။

 

ဒါပေမဲ့ အီဂျစ်နိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတိုးတက်မှုတွေ မရှိတဲ့အတွက် ဒေါ်လာ သန်း ၁၃၀ တန်ဖိုးရှိ တဲ့ စစ်လက်နက်ပစ္စည်းအကူအညီတွေပေးမယ့်ကိစ္စကိုတော့ လွန်ခဲ့တဲ့နှစ်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနက ဆိုင်းငံံ့ထားလိုက်ပါတယ်။

 

ကွန်ဂရက်လွှတ်တော်က သြဇာရှိတဲ့ လွှတ်တော်အမတ်လေးငါးယောက်လောက်ကတော့ အီဂျစ်အစိုးရရဲ့ လူ့ အခွင့်အရေးမှတ်တမ်းတွေ မတိုးတက်လာသေးသရွေ့ လက်နက်ရောင်းချပေးတာတွေ ရပ်ဆိုင်းထားဖို့ သမ္မတ ဂျိုးဘိုင်ဒန်ကို တိုက်တွန်းခဲ့ပါတယ်။

 

Ref: US to Sell F-15s to Egypt: General

 

(unicode)


………………………………………

 


 


 


 


 


 


 


 


 


 

Ref: US to Sell F-15s to Egypt: General


Share this post