• Follow Us on

Home အေမရိကန္ ဒီမိုကရက္တစ္ ဒုတိယသမၼတကိုယ္စားလွယ္ေလာင္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရ

အေမရိကန္ ဒီမိုကရက္တစ္ ဒုတိယသမၼတကိုယ္စားလွယ္ေလာင္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရ

Share this post

ႏိုင္ငံတကာ၊ ဇူလိုင္ ၇

အေမရိကန္ ဒီမိုကရက္တစ္ပါတီ၏ ဒုတိယသမၼတကိုယ္စားလွယ္ေလာင္းက ကို႐ိုနာဗိုင္းရပ္စ္ပိုး စမ္းသပ္ေတြ႕ရွိ ေၾကာင္း ေျပာၾကားလိုက္သည္။

“ကိုဗစ္-၁၉ ေရာဂါက ကြၽန္မတို႔အိမ္ကို ေရာက္ရွိလာခဲ့ပါၿပီ။ ကြၽန္မမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုးေတြ႕ရွိခဲ့ပါတယ္” ဟု အတၱလႏၲာၿမိဳ႕ေတာ္ဝန္ ကိုင္ရွာလန္႔စ္ေဘာ္တြမ္က တြစ္တာ၌ ေရးသားခဲ့သည္။

ကိုင္ရွာက ခင္ပြန္းျဖစ္သူႏွင့္ ဗိုင္းရပ္စ္ပိုး ရွိမရွိ စစ္ေဆးမႈျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ခင္ပြန္းတြင္လည္း ပိုးေတြ႕ရွိ ခဲ့ေၾကာင္း ေဒသႏၲရမီဒီယာမ်ားက ေဖာ္ျပခဲ့သည္။

ကိုင္ရွာသည္ ၂၀၁၈ ခုႏွစ္ကတည္းက ေဂ်ာ္ဂ်ီယာျပည္နယ္၏ အႀကီးမားဆုံးၿမိဳ႕ အတၱလႏၲာၿမိဳ႕ေတာ္ဝန္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သည္။

ၿပီးခဲ့ေသာ ေမလအတြင္း အၾကမ္းဖက္မႈအျဖစ္ ေျပာင္းလဲခဲ့သည့္ လူမ်ိဳးေရးခြဲျခားမႈ ဆႏၵေဖာ္ထုတ္မႈမ်ားကို မဲ ဆႏၵျပဳျခင္းျဖင့္ အေျခအေနကိုေျပာင္းလဲရန္ ေတာင္းဆိုမႈေၾကာင့္ ၄င္းမွာ ျပည္သူလူထု၏စိတ္ဝင္စားမႈရရွိခဲ့ သည္။

ကိုင္ရွာမွာ လာမည့္သမၼတေရြးေကာက္ပြဲတြင္ ဒီမိုကရက္တစ္သမၼတေလာင္းျဖစ္သူ ဂ်ိဳးဘီဒင္အတြက္ ဒု တိယသမၼတကိုယ္စားလွယ္ေလာင္းျဖစ္လာရန္ အလားအလာရွိသူျဖစ္သည္။

အျခား ဒုတိယသမၼတ ကိုယ္စားလွယ္ေလာင္းမ်ားတြင္ အထက္လႊတ္ေတာ္အမတ္ ကာမာလာဟားရစ္ႏွင့္ အဲလိဇဘတ္ဝါရင္းတို႔လည္း ပါဝင္သည္။

အေမရိကန္ႏိုင္ငံတြင္ ဗိုင္းရပ္စ္ကူးစက္မႈမ်ား ျမန္ဆန္လ်က္ရွိသည္။ ဂြၽန္ေဟာ့ကင္းတကၠသိုလ္ကျပဳစုေသာ အခ်က္အလက္မ်ားအရ အေမရိကန္ႏိုင္ငံတြင္ ဇူလိုင္လ ၅ ရက္အတြင္း ဗိုင္းရပ္စ္ကူးစက္မႈသစ္ အေရအတြက္ မွာ ၅၀၀၀၀ နီးပါးအထိရွိခဲ့သည္။

ကိုးကား – အင္န္အိတ္ခ်္ေက

Ref; US Democratic VP hopeful tests positive for virus

#PeopleMedia

(unicode)
အမေရိကန် ဒီမိုကရက်တစ် ဒုတိယသမ္မတကိုယ်စားလှယ်လောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ
…………………………………………………

နိုင်ငံတကာ၊ ဇူလိုင် ရ

အမေရိကန် ဒီမိုကရက်တစ်ပါတီ၏ ဒုတိယသမ္မတကိုယ်စားလှယ်လောင်းက ကိုရိုနာဗိုင်းရပ်စ်ပိုး စမ်းသပ်တွေ့ရှိ ကြောင်း ပြောကြားလိုက်သည်။

“ကိုဗစ်-၁၉ ရောဂါက ကျွန်မတို့အိမ်ကို ရောက်ရှိလာခဲ့ပါပြီ။ ကျွန်မမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့ပါတယ်” ဟု အတ္တလန္တာမြို့တော်ဝန် ကိုင်ရှာလန့်စ်ဘော်တွမ်က တွစ်တာ၌ ရေးသားခဲ့သည်။

ကိုင်ရှာက ခင်ပွန်းဖြစ်သူနှင့် ဗိုင်းရပ်စ်ပိုး ရှိမရှိ စစ်ဆေးမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ခင်ပွန်းတွင်လည်း ပိုးတွေ့ရှိ ခဲ့ကြောင်း ဒေသန္တရမီဒီယာများက ဖော်ပြခဲ့သည်။

ကိုင်ရှာသည် ၂၀၁၈ ခုနှစ်ကတည်းက ဂျော်ဂျီယာပြည်နယ်၏ အကြီးမားဆုံးမြို့ အတ္တလန္တာမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ပြီးခဲ့သော မေလအတွင်း အကြမ်းဖက်မှုအဖြစ် ပြောင်းလဲခဲ့သည့် လူမျိုးရေးခွဲခြားမှု ဆန္ဒဖော်ထုတ်မှုများကို မဲ ဆန္ဒပြုခြင်းဖြင့် အခြေအနေကိုပြောင်းလဲရန် တောင်းဆိုမှုကြောင့် ၄င်းမှာ ပြည်သူလူထု၏စိတ်ဝင်စားမှုရရှိခဲ့ သည်။

ကိုင်ရှာမှာ လာမည့်သမ္မတရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်သမ္မတလောင်းဖြစ်သူ ဂျိုးဘီဒင်အတွက် ဒု တိယသမ္မတကိုယ်စားလှယ်လောင်းဖြစ်လာရန် အလားအလာရှိသူဖြစ်သည်။

အခြား ဒုတိယသမ္မတ ကိုယ်စားလှယ်လောင်းများတွင် အထက်လွှတ်တော်အမတ် ကာမာလာဟားရစ်နှင့် အဲလိဇဘတ်ဝါရင်းတို့လည်း ပါဝင်သည်။

အမေရိကန်နိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်မှုများ မြန်ဆန်လျက်ရှိသည်။ ဂျွန်ဟော့ကင်းတက္ကသိုလ်ကပြုစုသော အချက်အလက်များအရ အမေရိကန်နိုင်ငံတွင် ဇူလိုင်လ ၅ ရက်အတွင်း ဗိုင်းရပ်စ်ကူးစက်မှုသစ် အရေအတွက် မှာ ၅၀၀၀၀ နီးပါးအထိရှိခဲ့သည်။

ကိုးကား – အင်န်အိတ်ခ်ျကေ

Ref; US Democratic VP hopeful tests positive for virus

#PeopleMedia


Share this post