• Follow Us on

Home အန္တရာယ်ရှိသောနည်းပညာများ ပြန့်ပွားအောင်လုပ်သည်ဟု မြောက်ကိုးရီးယားကို နေတိုးစွပ်စွဲ

အန္တရာယ်ရှိသောနည်းပညာများ ပြန့်ပွားအောင်လုပ်သည်ဟု မြောက်ကိုးရီးယားကို နေတိုးစွပ်စွဲ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၇ (People Media)

 

မြောက်ကိုးရီးယားနိုင်ငံသည် လက်နက်ထိန်းချုပ်ရေးစည်းမျဉ်းများကို ချိုးဖောက်ပြီး နျူကလီးယားလက်နက်များ ရရှိအောင် ဆက်လက်ကြိုးစားနေသည်ကြောင်း နေတိုး (မြောက်အတ္တလန်တစ်စာချုပ်အဖွဲ့) ၏ အတွင်းရေးမှူး ချုပ် ဂျန်းဆော်လ်တန်ဘာ့ဂျ်က သြဂုတ်လ ၆ ရက်နေ့ကပြောကြားလိုက်သည်။

 

မြောက်ကိုရီးယားနှင့် အီရန်နိုင်ငံတို့သည် နိုင်ငံတကာစည်းမျဉ်းများကို မသိကျိုးကျွံပြုပြီး ချိုးဖောက်နေကြောင်း နှင့် အန္တရာယ်ရှိသောနည်းပညာများကို ပြန့်ပွားအောင်ဆောင်ရွက်နေကြောင်း သြဂုတ်လ ၆ ရက်နေ့ကကျင်းပ ခဲ့သော ၁၇ ကြိမ်မြောက် လက်နက်ထိန်းချုပ်ရေးနှင့် ဖျက်အားပြင်းလက်နက်ကြီး များဖျက်သိမ်းရေး နေတိုးအဖွဲ့ ညီလာခံတွင် ဂျန်းဆော်လ်တန်ဘာ့ဂျ်က ပြောကြားခဲ့ခြင်းဖြစ်သည်။ နျူကလီးယားလက်နက်များ ဆန့်ကျင်ရာ တွင် နိုင်ငံတကာစံနှုန်းများကို အားဖြည့်ကူညီရန်အတွက် နျူကလီးယားမပြန့်ပွားရေးစာချုပ်ကို ပိုမိုလိုက် နာ ဆောင်ရွက်ရန် ၎င်းကတောင်းဆိုလိုက်သည်။

 

“နေတိုးအဖွဲ့ရဲ့ရည်ရွယ်ချက်က နျူကလီးယားကင်းစင်တဲ့ ကမ္ဘာကြီးတစ်ခုဖြစ်ဖို့ပါ။ နျူကလီးယားဖျက်သိမ်းရေး စေ့စပ်ညှိနှိုင်းဆွေးနွေးဖို့အတွက် အခြေအနေတွေဖန်တီးရာမှာ နောက်ထပ်အဆင့်တွေထပ်မံဆောင်ရွက်ဖို့အ တွက် ကျွန်တော်တို့အနေနဲ့ အသင့်ရှိနေပါတယ်။ ဒါပေမဲ့ အဓိပ္ပာယ်ရှိတဲ့လက်နက်ဖျက်သိမ်းရေးကို ချိန်ညှိဖို့လို ပြီး စိစစ်အတည်ပြုနိုင်ဖို့လိုပါတယ်။” ဟု ဆော်လ်တန်ဘာ့ဂျ်ကပြောသည်။

 

မြောက်ကိုရီးယားသည် ရုရှား၊ တရုတ်နိုင်ငံတို့နှင့်အတူ နိုင်ငံတကာလက်နက်ထိန်းချုပ်ရေးသဘောတူစာချုပ် များကို မှေးမှိန်သေးသိမ်အောင်လုပ်နေသည်ဟုလည်း အတွင်းရေးမှူး ချုပ် ဂျန်းဆော်လ်တန်ဘာ့ဂျ်က ပြောဆို စွပ်စွဲလိုက်သည်။

 

လက်ရှိနျူကလီးယားမပြန့်ပွားရေးစာချုပ်မူဘောင်ကို ထပ်မံအားဖြည့်သင့်ကြောင်း၊ နေတိုးအဖွဲ့အနေဖြင့် တစ် ဖက်သတ်လက်နက်ဖျက်သိမ်းရေး ဆောင်ရွက်မှာမဟုတ်ကြောင်း ဆော်လ်တန်ဘာ့ဂျ်ကပြောသည်။ “ရုရှား၊ တရုတ်နဲ့ မြောက်ကိုရီးယားလိုနိုင်ငံတွေဟာ သူတို့နျူကလီးယားလက်နက်တွေကို ထိန်းသိမ်းထားပေမဲ့လည်း နေတိုးမဟာမိတ်တွေရှိတဲ့နိုင်ငံတွေက သူတို့နျူကလီးယားလက်နက်တွေကို စွန့်လွှတ်ခဲ့ပါတယ်။ ဒီလိုမျိုးလုပ်နေ တာဟာ ဘေးကင်းလုံခြုံတဲ့ကမ္ဘာကြီးတစ်ခု ဖြစ်လာမှာမဟုတ်ပါဘူး။” ဟု ၎င်းကပြောသည်။

 

ပြီးပြည့်စုံသော၊ စိစစ်အတည်ပြုနိုင်သော၊ နဂိုအတိုင်းပြန်မဖြစ်နိုင်သော နျူကလီးယားဖျက်သိမ်းရေးဆောင်ရွက် ရန်နှင့် အမေရိကန်အစိုးရနှင့် ပြန်လည်ဆွေးနွေးရန် မြောက်ကိုရီးယားအစိုးရအားတိုက်တွန်းကြောင်း တောင်း ဆိုထားသည့် ပူးတွဲထုတ်ပြန်ကြေညာချက်တစ်ခုကို နေတိုးအဖွဲ့က ဇွန်လအတွင်းကထုတ်ပြန်ခဲ့သည်။

 

Ref: NATO accuses North Korea of ‘spreading dangerous technology’

 

#PeopleMedia

 

(unicode)


…………………………………………………………………..

 


 


 


 


 


 


 


 

Ref: NATO accuses North Korea of ‘spreading dangerous technology’

 

#PeopleMedia


Share this post