• Follow Us on

Home ေက်ာင္းဆရာ/ဆရာမမ်ားကုိ ဒုစ႐ုိက္သမားမ်ား၏ သတ္ကြင္းအတြင္းသုိ႔ ပုိ႔လုိက္သည့္ ပင္လည္ဘူးၿမိဳ႕နယ္ ပညာေရးမွဴး ဦးမ်ဳိးခုိင္

ေက်ာင္းဆရာ/ဆရာမမ်ားကုိ ဒုစ႐ုိက္သမားမ်ား၏ သတ္ကြင္းအတြင္းသုိ႔ ပုိ႔လုိက္သည့္ ပင္လည္ဘူးၿမိဳ႕နယ္ ပညာေရးမွဴး ဦးမ်ဳိးခုိင္

Share this post

ဇြန္လ(၃)ရက္ေန႔က ပင္လည္ဘူးၿမိဳ႕နယ္ ပညာေရးမွဴး၏ ပညာေရးဝန္ထမ္းမ်ားအားလုံးလုိက္နာေဆာင္ရြက္ရန္ ညႊန္ၾကားခ်က္ စာတစ္ေစာင္ လူမႈကြန္ယက္၌ ထြက္ေပၚလာခဲ့ပါတယ္။ စစ္ကုိင္းတုိင္းပင္လည္ဘူးၿမိဳ႕နယ္ ပညာေရးမွဴးဦးမ်ဳိးခုိင္၏ ပညာေရးဝန္ထမ္းမ်ားကုိ လုိက္နာေဆာင္ရြက္ရန္ ညႊန္ၾကားစာက ဆရာ/ဆရာမမ်ား အသုိင္းအဝုိင္းမွာ ေတာ္ေတာ္ေလး လႈပ္လႈပ္ရွားရွား ျဖစ္ခဲ့ပါတယ္။

ဒီစာက ဆရာ/ဆရာမေတြက ရဲသတင္းေပးလုပ္ဖုိ႔ကိစၥပါ။ သူရဲ႕ ညႊန္ၾကားစာအရ ေမ(၁၅)ရက္ေန႔ စစ္ကုိင္း တုိင္းေဒသႀကီးအစုိးရအဖြဲ႔ရဲ႕ အစည္းအေဝးဆုံးျဖတ္ခ်က္ (၅/၂၀၂၀) ဆုံးျဖတ္ခ်က္ အပုိဒ္(၁၇)အရလုိ႔ ေဖာ္ျပ ထားပါတယ္။

“မိမိေဒသအတြင္း တရားမဝင္သစ္ထုတ္ျခင္း၊ သတၱဴတူးေဖာ္ျခင္း၊ မူးယစ္ေဆးဝါး၊ ေလာင္းကစားျပဳလုပ္ျခင္းႏွင့္ ပတ္သက္သည့္ သတင္းအခ်က္အလက္မ်ားကုိ သက္ဆုိင္ရာအုပ္ခ်ဳပ္ေရးမွဴးမ်ားႏွင့္ ဝန္ထမ္းမ်ားမွ အၿမဲမျပတ္ သိရွိၿပီး အထက္အဆင့္ဆင့္သုိ႔ သတင္းေပးတင္ျပႏုိင္ရန္ႏွင့္ တင္ျပရန္ ပ်က္ကြက္ပါက ဥပေဒႏွင့္အညီ ေရးယူ ႏုိင္ေရးညႊန္ၾကားေဆာင္ရြက္ရန္ “ဆုံးျဖတ္ခ်က္ ခ်မွတ္ခဲ့ေၾကာင္း ေဖာ္ျပထားသည္။ ဒီစာကုိ ျပန္ၿပီး ေကာက္ ခ်က္ဆြဲရလွ်င္ ညႊန္ၾကားစာကုိ ပင္လည္ဘူးၿမိဳ႕ ပညာေရးမွဴးက ထုတ္ျပန္ဖုိ႔ဆုိရန္ စစ္ကုိင္းတုိင္းေဒသႀကီးအစုိးရ အဖြဲ႕မွာလည္း တာဝန္ရွိပါတယ္။

စစ္ကုိင္းတုိင္းအစုိးရအဖြဲ႕က ပင္လည္ဘူးၿမိဳ႕ရဲ႕ ေဒသအေျခအေနကုိ ကုိယ္တုိင္ အသိဆုံးျဖစ္ႏုိင္ပါတယ္။ ပင္ လည္ဘူးၿမိဳ႕ဆုိတာ လုံၿခံဳေရးအရ တရားဥပေဒစုိးမုိးေရးအရ သက္ေရာက္မႈနည္းတဲ့ ေဒသျဖစ္သလုိ သစ္ေမွာင္ ခုိ ခုိးထုတ္ျခင္း၊ သတၱဴတူးေဖာ္ျခင္း၊ မူးယစ္၊ ေလာင္းကစားေပါတဲ့ ေဒသတစ္ခုပါ။ ဒီလုိအေျခအေနေတြကုိ စစ္ ကုိင္းတုိင္းေဒသႀကီးအစုိးရက သိလွ်က္နဲ႔ လုံၿခံဳေရးအင္အားတုိးျမွင့္ျခင္းမရွိဘဲ ပညာေရးဝန္ထမ္းေတြကုိ ရဲ သတင္းေပးလုပ္ခုိင္းတာ ပညာေရးဝန္ထမ္းေတြကုိ ဒုစ႐ုိက္သမားမ်ားရဲ႕ သတ္ကြင္းထဲ ပုိ႔လုိက္တာနဲ႔ တူညီ ေနပါတယ္။

ဒီေနရာမွာ ဆရာ/ဆရာမဆုိတာ ရဲသတင္းေပးအလုပ္မဟုက္သလုိ ဆရာေတြ က်င့္ရမည့္ က်င့္ဝတ္၊ ေစာင့္ ထိန္းရမည့္ က်င့္ဝတ္ေတြထဲမွာလည္း ရဲသတင္းေပးလုပ္ဖုိ႔ လုံးဝမပါဘူး။ ဒီလုိအေျခအေနကုိ သိလွ်က္နဲ႔ ပင္ လည္ဘူးၿမိဳ႕ ပညာေရးဝန္ထမ္း ၿမိဳ႕နယ္ပညာေရးမွဴး ဦးမ်ဳိးခုိင္က အစုိးရအဖြဲ႕အစည္းအေဝးမွာ သို႔မဟုက္ ခ႐ုိင္၊ တုိင္း စသည့္ျဖင့္ အဆင့္ဆင့္ကုိ ဘာ့ေၾကာင့္ ျပန္လည္မတင္ျပခဲ့တာလည္း၊ ဘာေၾကာင့္ မကန္႔ကြက္ဘဲ ထပ္ ဆင့္ အမိ္န္႔၊ အမိန္႔ ညြန္ၾကားခ်က္ ထုတ္ျပန္လုိက္တာ ဝမ္းနည္းဖြယ္ ေကာင္းရပါတယ္။

ပင္လည္ဘူးေဒသမွာ တာဝန္က်ဖူးေသာ တာဝန္က်လ်က္ရွိေသာ ပညာေရးဝန္ထမ္းအပါအဝင္ အျခားဝန္ထမ္း ေတြက ပင္လည္ဘူးၿမိဳ႕ရဲ႕ လုံၿခံဳေရးနဲ႔ တရားဥပေဒစုိးမုိးေရးကုိ အားလုံးသိၾကပါတယ္။ ဒီေနရာမွာ စစ္ကုိင္းတုိင္း အစုိးရအဖြဲ႕နဲ႔ ၿမိဳ႕နယ္ပညာေရးမွဴးဦးမ်ဳိးခုိင္ကုိ ေမးလုိတာက ပညာေရးဝန္ထမ္းေတြက ရဲသတင္းေပးလုပ္ခဲ့လုိ႔ အသက္အႏၱရာယ္ ထိခုိက္ခဲ့ရင္ ကုိယ္လက္အဂၤါထိခုိက္ခဲ့ရင္ ဘာေတြနဲ႔ အေလ်ာ္အစားေပးမွာလည္းဆုိတာပါ။ အနီးဆုံး ဥပမာေျပာရရင္ သတင္းဌာနက သတင္းေထာက္တစ္ေယာက္ သစ္ေမွာင္ခုိသတင္းေရးလုိ႔ လုပ္ႀကံခံ လုိက္ရတာ ပြဲခ်င္းေသဆုံးသြားတာ ရဲတပ္ဖြဲ႔နဲ႔ စစ္ကုိင္းတုိင္းအစုိးရအဖြဲ႕ ေဖာ္ထုတ္ႏုိင္ၿပီလား။

ဒီအမႈကုိ ေဖာ္ထုတ္ႏုိင္ရင္ ဆရာ/ဆရာမေတြ ရဲသတင္းေပးလုပ္ပါမယ္။ စစ္ကုိင္းတုိင္းအစုိးရမွန္မွန္ကန္ကန္ သုံးသပ္ဖုိ႔ တင္ျပလုိတာက သစ္ေမွာင္ခုိလုပ္ဖုိ႔ ေဒသအာဏာပုိင္ေတြနဲ႔ သစ္ေမွာင္ခုိသမားေတြ ဘယ္ေလာက္ထိ အဂတိ ကင္းေနၾကၿပီးလည္း ဒီေနရာမွာ ဆုိလုိတာ အဂတိရွိတယ္လုိ႔ ေျပာတာ မဟုက္ဘူး။ ဒီလုိပဲ ေအာက္ေျခ မွာ ႏွစ္လုံးဒုိင္ေတြ၊ သုံးလုံးဒုိင္ေတြ အႀကီးအက်ယ္ လုပ္ေနၾကတယ္။ ဖမ္းမိရင္ ဒုိင္ခ်ဳပ္မပါဘူး။ ဒါက ဘာ ေၾကာင့္လည္း။ ထပ္ၿပီး ေမးလုိတာက သစ္ေမွာင္ခုိကားေတြမိတယ္။ ေမာင္းတဲ့ ယာဥ္ေမာင္းမိတယ္။ ယာဥ္ ေမာင္းကုိ တည္ဆဲဥပေဒနဲ႔ ေထာင္ခ်ၿပီး ယာဥ္ေမာင္းေနာက္က ကြင္းဆက္ ဘာေၾကာင့္ ပ်က္ေနတာလည္း ဒါေတြကုိ သုံးသပ္လုိပါတယ္။ ဒါေၾကာင့္ ပင္လည္ဘူးၿမိဳ႕မွာ တာဝန္က်တဲ့ ပညာေရးဝန္ထမ္းေတြရဲ႕ အသက္ ေတြ ဘဝေတြကုိ စာနာေထာက္ထားေသာအားျဖင့္ ဒုစ႐ုိတ္သမာေတြရဲ႕ သက္ကြင္းထဲမွာရွိေနတဲ့ ပင္လည္ဘူး ၿမိဳ႕ ပညာေရးမွဴးရဲ႕ ရဲသတင္းေပးညႊန္ၾကားစာကုိ ျပန္႐ုပ္သိမ္းေပးရန္ ဆႏၵျပဳပါတယ္။

အခ်ဳပ္အားျဖင့္ စစ္ကုိင္းတုိင္းအစုိးရအဖြဲ႔နဲ႔ ပင္လည္ဘူးၿမိဳ႕ပညာေရးမွဴးဦးမ်ဳိးခုိင္ကုိ ေမးလုိတာက သစ္ေမွာင္ခုိ၊ သတၱဴစသည့္ တရားမဝင္လုပ္ငန္းမ်ား ႀကီးၾကပ္ေဆာင္ရြက္ရန္သည္ တုိင္းအစုိးရ၌သာ တာဝန္ရွိပါတယ္။ ဒါေၾကာင့္ သတင္းမေပးသည့္ ပညာေရးဝန္ထမ္းမ်ားကုိ အေရးယူမည္ဆုိလွ်င္ မည္သည့္ဥပေဒျဖင့္ အေရးယူ မည္ မည္သည့္ျပစ္ဒဏ္ထိရွိမည္ဆုိတာ ပင္လည္ဘူးၿမိဳ႕က ပညာေရးဝန္ထမ္းေတြ သိဖုိ႔ ထပ္ဆင့္ အမိန္႔စာ ထုတ္ေပးဖုိ႔ ေတာင္းဆုိပါတယ္။

#PeopleMedia #စစ္ကုိင္းတုိင္းေဒသၾကီးအစုိးရအဖြဲ႕ #ပင္လည္ဘူးၿမိဳ႕ပညာေရးမွဴးဦးမ်ဳိးခုိင္

(unicode)
ကျောင်းဆရာ/ဆရာမများကို ဒုစရိုက်သမားများ၏ သတ်ကွင်းအတွင်းသို့ ပို့လိုက်သည့် ပင်လည်ဘူးမြို့နယ် ပညာရေးမှူး ဦးမျိုးခိုင်
……………………………………………………………

ဇွန်လ(၃)ရက်နေ့က ပင်လည်ဘူးမြို့နယ် ပညာရေးမှူး၏ ပညာရေးဝန်ထမ်းများအားလုံးလိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက် စာတစ်စောင် လူမှုကွန်ယက်၌ ထွက်ပေါ်လာခဲ့ပါတယ်။ စစ်ကိုင်းတိုင်းပင်လည်ဘူးမြို့နယ် ပညာရေးမှူးဦးမျိုးခိုင်၏ ပညာရေးဝန်ထမ်းများကို လိုက်နာဆောင်ရွက်ရန် ညွှန်ကြားစာက ဆရာ/ဆရာမများ အသိုင်းအဝိုင်းမှာ တော်တော်လေး လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ပါတယ်။

ဒီစာက ဆရာ/ဆရာမတွေက ရဲသတင်းပေးလုပ်ဖို့ကိစ္စပါ။ သူရဲ့ ညွှန်ကြားစာအရ မေ(၁၅)ရက်နေ့ စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အစည်းအဝေးဆုံးဖြတ်ချက် (၅/၂၀၂၀) ဆုံးဖြတ်ချက် အပိုဒ်(၁၇)အရလို့ ဖော်ပြ ထားပါတယ်။

“မိမိဒေသအတွင်း တရားမဝင်သစ်ထုတ်ခြင်း၊ သတ္တူတူးဖော်ခြင်း၊ မူးယစ်ဆေးဝါး၊ လောင်းကစားပြုလုပ်ခြင်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများနှင့် ဝန်ထမ်းများမှ အမြဲမပြတ် သိရှိပြီး အထက်အဆင့်ဆင့်သို့ သတင်းပေးတင်ပြနိုင်ရန်နှင့် တင်ပြရန် ပျက်ကွက်ပါက ဥပဒေနှင့်အညီ ရေးယူ နိုင်ရေးညွှန်ကြားဆောင်ရွက်ရန် “ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း ဖော်ပြထားသည်။ ဒီစာကို ပြန်ပြီး ကောက် ချက်ဆွဲရလျှင် ညွှန်ကြားစာကို ပင်လည်ဘူးမြို့ ပညာရေးမှူးက ထုတ်ပြန်ဖို့ဆိုရန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့မှာလည်း တာဝန်ရှိပါတယ်။

စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ပင်လည်ဘူးမြို့ရဲ့ ဒေသအခြေအနေကို ကိုယ်တိုင် အသိဆုံးဖြစ်နိုင်ပါတယ်။ ပင် လည်ဘူးမြို့ဆိုတာ လုံခြုံရေးအရ တရားဥပဒေစိုးမိုးရေးအရ သက်ရောက်မှုနည်းတဲ့ ဒေသဖြစ်သလို သစ်မှောင် ခို ခိုးထုတ်ခြင်း၊ သတ္တူတူးဖော်ခြင်း၊ မူးယစ်၊ လောင်းကစားပေါတဲ့ ဒေသတစ်ခုပါ။ ဒီလိုအခြေအနေတွေကို စစ် ကိုင်းတိုင်းဒေသကြီးအစိုးရက သိလျှက်နဲ့ လုံခြုံရေးအင်အားတိုးမြှင့်ခြင်းမရှိဘဲ ပညာရေးဝန်ထမ်းတွေကို ရဲ သတင်းပေးလုပ်ခိုင်းတာ ပညာရေးဝန်ထမ်းတွေကို ဒုစရိုက်သမားများရဲ့ သတ်ကွင်းထဲ ပို့လိုက်တာနဲ့ တူညီ နေပါတယ်။

ဒီနေရာမှာ ဆရာ/ဆရာမဆိုတာ ရဲသတင်းပေးအလုပ်မဟုက်သလို ဆရာတွေ ကျင့်ရမည့် ကျင့်ဝတ်၊ စောင့် ထိန်းရမည့် ကျင့်ဝတ်တွေထဲမှာလည်း ရဲသတင်းပေးလုပ်ဖို့ လုံးဝမပါဘူး။ ဒီလိုအခြေအနေကို သိလျှက်နဲ့ ပင် လည်ဘူးမြို့ ပညာရေးဝန်ထမ်း မြို့နယ်ပညာရေးမှူး ဦးမျိုးခိုင်က အစိုးရအဖွဲ့အစည်းအဝေးမှာ သို့မဟုက် ခရိုင်၊ တိုင်း စသည့်ဖြင့် အဆင့်ဆင့်ကို ဘာ့ကြောင့် ပြန်လည်မတင်ပြခဲ့တာလည်း၊ ဘာကြောင့် မကန့်ကွက်ဘဲ ထပ် ဆင့် အမိ်န့်၊ အမိန့် ညွန်ကြားချက် ထုတ်ပြန်လိုက်တာ ဝမ်းနည်းဖွယ် ကောင်းရပါတယ်။

ပင်လည်ဘူးဒေသမှာ တာဝန်ကျဖူးသော တာဝန်ကျလျက်ရှိသော ပညာရေးဝန်ထမ်းအပါအဝင် အခြားဝန်ထမ်း တွေက ပင်လည်ဘူးမြို့ရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို အားလုံးသိကြပါတယ်။ ဒီနေရာမှာ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့နဲ့ မြို့နယ်ပညာရေးမှူးဦးမျိုးခိုင်ကို မေးလိုတာက ပညာရေးဝန်ထမ်းတွေက ရဲသတင်းပေးလုပ်ခဲ့လို့ အသက်အန္တရာယ် ထိခိုက်ခဲ့ရင် ကိုယ်လက်အင်္ဂါထိခိုက်ခဲ့ရင် ဘာတွေနဲ့ အလျော်အစားပေးမှာလည်းဆိုတာပါ။ အနီးဆုံး ဥပမာပြောရရင် သတင်းဌာနက သတင်းထောက်တစ်ယောက် သစ်မှောင်ခိုသတင်းရေးလို့ လုပ်ကြံခံ လိုက်ရတာ ပွဲချင်းသေဆုံးသွားတာ ရဲတပ်ဖွဲ့နဲ့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ဖော်ထုတ်နိုင်ပြီလား။

ဒီအမှုကို ဖော်ထုတ်နိုင်ရင် ဆရာ/ဆရာမတွေ ရဲသတင်းပေးလုပ်ပါမယ်။ စစ်ကိုင်းတိုင်းအစိုးရမှန်မှန်ကန်ကန် သုံးသပ်ဖို့ တင်ပြလိုတာက သစ်မှောင်ခိုလုပ်ဖို့ ဒေသအာဏာပိုင်တွေနဲ့ သစ်မှောင်ခိုသမားတွေ ဘယ်လောက်ထိ အဂတိ ကင်းနေကြပြီးလည်း ဒီနေရာမှာ ဆိုလိုတာ အဂတိရှိတယ်လို့ ပြောတာ မဟုက်ဘူး။ ဒီလိုပဲ အောက်ခြေ မှာ နှစ်လုံးဒိုင်တွေ၊ သုံးလုံးဒိုင်တွေ အကြီးအကျယ် လုပ်နေကြတယ်။ ဖမ်းမိရင် ဒိုင်ချုပ်မပါဘူး။ ဒါက ဘာ ကြောင့်လည်း။ ထပ်ပြီး မေးလိုတာက သစ်မှောင်ခိုကားတွေမိတယ်။ မောင်းတဲ့ ယာဉ်မောင်းမိတယ်။ ယာဉ် မောင်းကို တည်ဆဲဥပဒေနဲ့ ထောင်ချပြီး ယာဉ်မောင်းနောက်က ကွင်းဆက် ဘာကြောင့် ပျက်နေတာလည်း ဒါတွေကို သုံးသပ်လိုပါတယ်။ ဒါကြောင့် ပင်လည်ဘူးမြို့မှာ တာဝန်ကျတဲ့ ပညာရေးဝန်ထမ်းတွေရဲ့ အသက် တွေ ဘဝတွေကို စာနာထောက်ထားသောအားဖြင့် ဒုစရိုတ်သမာတွေရဲ့ သက်ကွင်းထဲမှာရှိနေတဲ့ ပင်လည်ဘူး မြို့ ပညာရေးမှူးရဲ့ ရဲသတင်းပေးညွှန်ကြားစာကို ပြန်ရုပ်သိမ်းပေးရန် ဆန္ဒပြုပါတယ်။

အချုပ်အားဖြင့် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့နဲ့ ပင်လည်ဘူးမြို့ပညာရေးမှူးဦးမျိုးခိုင်ကို မေးလိုတာက သစ်မှောင်ခို၊ သတ္တူစသည့် တရားမဝင်လုပ်ငန်းများ ကြီးကြပ်ဆောင်ရွက်ရန်သည် တိုင်းအစိုးရ၌သာ တာဝန်ရှိပါတယ်။ ဒါကြောင့် သတင်းမပေးသည့် ပညာရေးဝန်ထမ်းများကို အရေးယူမည်ဆိုလျှင် မည်သည့်ဥပဒေဖြင့် အရေးယူ မည် မည်သည့်ပြစ်ဒဏ်ထိရှိမည်ဆိုတာ ပင်လည်ဘူးမြို့က ပညာရေးဝန်ထမ်းတွေ သိဖို့ ထပ်ဆင့် အမိန့်စာ ထုတ်ပေးဖို့ တောင်းဆိုပါတယ်။

#PeopleMedia #စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ #ပင်လည်ဘူးမြို့ပညာရေးမှူးဦးမျိုးခိုင်


Share this post