• Follow Us on
Latest News

Home ေဂ်ာ္ဂ်ီယာျပည္နယ္တြင္ သမၼတေ႐ြးေကာက္ပြဲအတြက္ မဲမ်ားကို လက္ျဖင့္ျပန္လည္ေရတြက္မည္

ေဂ်ာ္ဂ်ီယာျပည္နယ္တြင္ သမၼတေ႐ြးေကာက္ပြဲအတြက္ မဲမ်ားကို လက္ျဖင့္ျပန္လည္ေရတြက္မည္

Share this post

ဝါ႐ွင္တန္၊ ႏို၀င္ဘာ ၁၂

ႏို၀င္ဘာ ၃ ရက္၊ အေမရိကန္သမၼတေ႐ြးေကာက္ပြဲမွမဲမ်ားကို ေဂ်ာ္ဂ်ီယာျပည္နယ္တြင္ လက္ျဖင့္ျပန္လည္ေရတြက္မည္ဟု ျပည္နယ္ေ႐ြးေကာက္ပြဲထိပ္တန္းအရာ႐ွိတေယာက္က ဗုဒၶဟူးေန႔တြင္ေျပာသည္။

ႏို၀င္ဘာ ၂၀ ရက္ေနာက္ဆံုးထားၿပီး အၿပီးေရတြက္ရမည္ျဖစ္သည္။ ကို႐ိုနာဗိုင္းရပ္စ္ကမာၻ႔ကပ္ေရာဂါေၾကာင့္ စာတိုက္မွမဲေပးသူမ်ားျပားခဲ့ၿပီး မဲေရတြက္ရာတြင္ ေႏွာင့္ေႏွးခဲ့သည့္ပန္ဆယ္ေဗးနီးယားျပည္နယ္တြင္ အႏိုင္ရၿပီးေနာက္ ေ႐ြးေကာက္ပြဲအႏိုင္ရရန္လိုအပ္ေသာမဲ ၂၇၀ ေက်ာ္ရၿပီး သမၼတအျဖစ္ေ႐ြးေကာက္ခံရေၾကာင္း ဒီမိုကရတ္ ဂ်ိဳး ဘိုင္ဒန္က စေနေန႔တြင္ေၾကညာခဲ့သည္။

ရီပတ္ဘလစ္ကန္သမၼတ ေဒၚနယ္ ထရမ့္က ႐ွံဳးနိမ့္ေၾကာင္း၀န္ခံရန္ျငင္းဆိုထားၿပီး အေထာက္အထားမျပဘဲ ေ႐ြးေကာက္ပြဲ လိမ္လည္မႈမ်ား႐ွိေနသည္ဟုေျပာသည္။

ေဂ်ာ္ဂ်ီယာျပည္နယ္တြင္ ထရမ့္ကို ဘိုင္ဒန္က မဲ ၁၄၁၀၁ မဲအသာျဖင့္အႏိုင္ရခဲ့ၿပီး ျပည္နယ္တခုလံုးတြင္ မဲေပးသူ ၅ သန္းေက်ာ္႐ွိခဲ့သည္။

မဲကြာဟခ်က္အလြန္က်ဥ္းေျမာင္းသျဖင့္ ျပန္ေရတြက္ရန္ဆံုးျဖတ္ခဲ့ျခင္ျဖစ္ေၾကာင္း ျပည္နယ္ေရးရာ၀န္ႀကီး ဘရတ္ ရာဖန္စပါဂ်ာက သတင္းစာ႐ွင္းလင္းပြဲတြင္ေျပာသည္။

စာတိုက္မွႀကိဳတင္မဲမ်ားႏွင့္လူကိုယ္တိုင္လာေပးေသာမဲအားလံုးကို စုပံုလိုက္ၿပီး ႏွစ္ဖက္ေလ့လာေစာင့္ၾကည့္သူမ်ားေ႐ွ႕တြင္ ေရတြက္မည္ျဖစ္ေၾကာင္းလည္း အသိေပးသည္။

Ref : Georgia to re-count presidential election ballots by hand

#PeopleMedia

(unicode)
ဂျော်ဂျီယာပြည်နယ်တွင် သမ္မတရွေးကောက်ပွဲအတွက် မဲများကို လက်ဖြင့်ပြန်လည်ရေတွက်မည်
……………………………………………….

ဝါရှင်တန်၊ နိုဝင်ဘာ ၁၂

နိုဝင်ဘာ ၃ ရက်၊ အမေရိကန်သမ္မတရွေးကောက်ပွဲမှမဲများကို ဂျော်ဂျီယာပြည်နယ်တွင် လက်ဖြင့်ပြန်လည်ရေတွက်မည်ဟု ပြည်နယ်ရွေးကောက်ပွဲထိပ်တန်းအရာရှိတယောက်က ဗုဒ္ဓဟူးနေ့တွင်ပြောသည်။

နိုဝင်ဘာ ၂၀ ရက်နောက်ဆုံးထားပြီး အပြီးရေတွက်ရမည်ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါကြောင့် စာတိုက်မှမဲပေးသူများပြားခဲ့ပြီး မဲရေတွက်ရာတွင် နှောင့်နှေးခဲ့သည့်ပန်ဆယ်ဗေးနီးယားပြည်နယ်တွင် အနိုင်ရပြီးနောက် ရွေးကောက်ပွဲအနိုင်ရရန်လိုအပ်သောမဲ ၂၇၀ ကျော်ရပြီး သမ္မတအဖြစ်ရွေးကောက်ခံရကြောင်း ဒီမိုကရတ် ဂျိုး ဘိုင်ဒန်က စနေနေ့တွင်ကြေညာခဲ့သည်။

ရီပတ်ဘလစ်ကန်သမ္မတ ဒေါ်နယ် ထရမ့်က ရှုံးနိမ့်ကြောင်းဝန်ခံရန်ငြင်းဆိုထားပြီး အထောက်အထားမပြဘဲ ရွေးကောက်ပွဲ လိမ်လည်မှုများရှိနေသည်ဟုပြောသည်။

ဂျော်ဂျီယာပြည်နယ်တွင် ထရမ့်ကို ဘိုင်ဒန်က မဲ ၁၄၁၀၁ မဲအသာဖြင့်အနိုင်ရခဲ့ပြီး ပြည်နယ်တခုလုံးတွင် မဲပေးသူ ၅ သန်းကျော်ရှိခဲ့သည်။

မဲကွာဟချက်အလွန်ကျဉ်းမြောင်းသဖြင့် ပြန်ရေတွက်ရန်ဆုံးဖြတ်ခဲ့ခြင်ဖြစ်ကြောင်း ပြည်နယ်ရေးရာဝန်ကြီး ဘရတ် ရာဖန်စပါဂျာက သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

စာတိုက်မှကြိုတင်မဲများနှင့်လူကိုယ်တိုင်လာပေးသောမဲအားလုံးကို စုပုံလိုက်ပြီး နှစ်ဖက်လေ့လာစောင့်ကြည့်သူများရှေ့တွင် ရေတွက်မည်ဖြစ်ကြောင်းလည်း အသိပေးသည်။

Ref : Georgia to re-count presidential election ballots by hand

#PeopleMedia


Share this post