• Follow Us on

Home ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈဟန္႔တားႏိုင္ေရးအစီအစဥ္ တရားမ၀င္၀င္ေရာက္မႈျဖင့္ ဘန္ေကာက္တြင္ ႏိုင္ငံျခား သားမ်ား ဖမ္းဆီးခံရ

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈဟန္႔တားႏိုင္ေရးအစီအစဥ္ တရားမ၀င္၀င္ေရာက္မႈျဖင့္ ဘန္ေကာက္တြင္ ႏိုင္ငံျခား သားမ်ား ဖမ္းဆီးခံရ

Share this post

ဘန္ေကာက္၊ ႏို၀င္ဘာ ၁၃
ထိုင္းႏိုင္ငံၿမိဳ႕ေတာ္ဘန္ေကာက္တြင္ ျမန္မာႏိုင္ငံသား ၂ ေယာက္အပါအ၀င္ တရားမ၀င္၀င္ေရာက္လာသူ ၈ ေယာက္ႏွင့္ သူတို႔အတြက္ ခိုလႈံခြင့္ျပဳထားသည့္ ထိုင္းႏိုင္ငံသား ၁ ေယာက္တို႔ကို ထိုင္းရဲကဖမ္းဆီးခဲ့သည္။
ထိုဖမ္းဆီးမႈသည္ တရားမ၀င္၀င္ေရာက္အေျခခ်မႈကာကြယ္ရန္ႏွင့္ ကို႐ိုနာဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈမ်ားကိုထိန္းခ်ဳပ္ရန္ စစ္ဆင္ေရးတစိတ္တပိုင္းအေနျဖင့္ လုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။
ႏို၀င္ဘာ ၂ ရက္ ႏွင့္ ၁၁ ရက္တို႔ၾကား တရားမ၀င္ေ႐ႊ႕ေျပာင္းအေျခခ်သူမ်ားကိုဖမ္းဆီးရန္ ထိုင္းလူ၀င္မႈႀကီး ၾကပ္ေရးရဲတပ္ဖြဲ႔က တပ္ဖြဲ႔၀င္မ်ားေနရာခ်ထားသည္။
ဖမ္းခံရသူမ်ားထဲတြင္ ျမန္မာႏိုင္ငံသား ၂ ေယာက္၊ လာအိုႏိုင္ငံသား ၄ ေယာက္ႏွင့္ ႏိုင္ဂ်ီးရီးယားႏွင့္ ကေမာၻဒီး ယားႏိုင္ငံတို႔မွ ၁ ေယာက္စီတို႔ျဖစ္သည္။
သူတို႔အားလံုးကို တရားမ၀င္၀င္ေရာက္မႈႏွင့္ ေနထိုင္ခြင့္သက္တမ္းကုန္ေနျခင္းစြဲခ်က္မ်ားျဖင့္ အမႈဖြင့္ထားၿပီး ကေမာၻဒီးယားႏိုင္ငံသားကို ပါမစ္မ႐ွိဘဲအလုပ္လုပ္ကိုင္မႈစြဲခ်က္ျဖင့္ပါ အမႈဖြင့္ထားသည္။
ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈကာကြယ္ႏိုင္ရန္အစီအစဥ္တစိတ္တပိုင္းအေနျဖင့္ က်န္းမာေရးစစ္ေဆးမႈမွ ေ႐ွာင္ႏိုင္ ရန္ သဘာ၀လမ္းေပါက္မ်ားမွတရားမ၀င္၀င္ေရာက္လာေသာေ႐ႊ႕ေျပာင္းအေျခခ်သူမ်ားကို ဖမ္းဆီးရန္ လူ၀င္မႈ ႀကီးၾကပ္ေရးလုပ္ငန္းအဖြဲ႔တိုင္းကို ၫႊန္ၾကားထားေၾကာင္း ထိုင္းလူ၀န္မႈႀကီးၾကပ္ေရးရဲတပ္ဖြဲ႔ဘက္ကေျပာသည္။
Ref : Eight illegal migrants, one Thai caught
#PeopleMedia
(Unicode)
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဟန့်တားနိုင်ရေးအစီအစဉ် တရားမဝင်ဝင်ရောက်မှုဖြင့် ဘန်ကောက်တွင် နိုင်ငံခြား သားများ ဖမ်းဆီးခံရ
………………………………………………………………
ဘန်ကောက်၊ နိုဝင်ဘာ ၁၃
ထိုင်းနိုင်ငံမြို့တော်ဘန်ကောက်တွင် မြန်မာနိုင်ငံသား ၂ ယောက်အပါအဝင် တရားမဝင်ဝင်ရောက်လာသူ ၈ ယောက်နှင့် သူတို့အတွက် ခိုလှုံခွင့်ပြုထားသည့် ထိုင်းနိုင်ငံသား ၁ ယောက်တို့ကို ထိုင်းရဲကဖမ်းဆီးခဲ့သည်။
ထိုဖမ်းဆီးမှုသည် တရားမဝင်ဝင်ရောက်အခြေချမှုကာကွယ်ရန်နှင့် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုများကိုထိန်းချုပ်ရန် စစ်ဆင်ရေးတစိတ်တပိုင်းအနေဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
နိုဝင်ဘာ ၂ ရက် နှင့် ၁၁ ရက်တို့ကြား တရားမဝင်ရွှေ့ပြောင်းအခြေချသူများကိုဖမ်းဆီးရန် ထိုင်းလူဝင်မှုကြီး ကြပ်ရေးရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်များနေရာချထားသည်။
ဖမ်းခံရသူများထဲတွင် မြန်မာနိုင်ငံသား ၂ ယောက်၊ လာအိုနိုင်ငံသား ၄ ယောက်နှင့် နိုင်ဂျီးရီးယားနှင့် ကမ္ဘောဒီး ယားနိုင်ငံတို့မှ ၁ ယောက်စီတို့ဖြစ်သည်။
သူတို့အားလုံးကို တရားမဝင်ဝင်ရောက်မှုနှင့် နေထိုင်ခွင့်သက်တမ်းကုန်နေခြင်းစွဲချက်များဖြင့် အမှုဖွင့်ထားပြီး ကမ္ဘောဒီးယားနိုင်ငံသားကို ပါမစ်မရှိဘဲအလုပ်လုပ်ကိုင်မှုစွဲချက်ဖြင့်ပါ အမှုဖွင့်ထားသည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကာကွယ်နိုင်ရန်အစီအစဉ်တစိတ်တပိုင်းအနေဖြင့် ကျန်းမာရေးစစ်ဆေးမှုမှ ရှောင်နိုင် ရန် သဘာဝလမ်းပေါက်များမှတရားမဝင်ဝင်ရောက်လာသောရွှေ့ပြောင်းအခြေချသူများကို ဖမ်းဆီးရန် လူဝင်မှု ကြီးကြပ်ရေးလုပ်ငန်းအဖွဲ့တိုင်းကို ညွှန်ကြားထားကြောင်း ထိုင်းလူဝန်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ဘက်ကပြောသည်။
Ref : Eight illegal migrants, one Thai caught

Share this post