• Follow Us on

Home ေရြးေကာက္ပြဲဆုိင္ရာမွတ္တမ္းမ်ား အခ်ိန္မီ ထိန္းသိမ္းထားႏုိင္ရန္ ျပည္သူ႔ပါတီလႊတ္ေတာ္ကုိယ္စားလွယ္ေလာင္း တစ္ဦးက တပ္ခ်ဳပ္ထံ စာပုိ႔ေတာင္းဆုိ၊ လက္ရွိအခ်ိန္၌ အဆုိပါ တင္ျပစာကုိ ျပန္႐ုတ္သိမ္း

ေရြးေကာက္ပြဲဆုိင္ရာမွတ္တမ္းမ်ား အခ်ိန္မီ ထိန္းသိမ္းထားႏုိင္ရန္ ျပည္သူ႔ပါတီလႊတ္ေတာ္ကုိယ္စားလွယ္ေလာင္း တစ္ဦးက တပ္ခ်ဳပ္ထံ စာပုိ႔ေတာင္းဆုိ၊ လက္ရွိအခ်ိန္၌ အဆုိပါ တင္ျပစာကုိ ျပန္႐ုတ္သိမ္း

Share this post

ရန္ကုန္၊ ႏုိဝင္ဘာ – ၁၂
၂၀၂၀ ေရြးေကာက္ပြဲႏွင့္ပတ္သက္၍ ေရြးေကာက္ပြဲဆုိင္ရာ မွတ္တမ္းမ်ား အခ်ိန္မီထိန္းသိမ္းထားႏုိင္ေရးအတြက္ ျပည္သူ႔ပါတီကုိယ္စားျပဳ ရန္ကုန္တုိင္းအမ်ဳိးသားလႊတ္ေတာ္မဲဆႏၵနယ္ အမွတ္(၉) လႊတ္ေတာ္ကုိယ္စားလွယ္ေလာင္း ဦးမ်ဳိးသီဟထြန္းက ႏုိဝင္ဘာ(၁၁)ရက္ေန႔၌ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ထံ စာေရးသားေပးပုိ႔ခဲ့သည္။
ဦးမ်ဳိးသီဟထြန္းက တပ္ခ်ဳပ္ထံ တင္ျပခ်က္၌ ၂၀၂၀ ေရြးေကာက္ပြဲ က်င္းပရာ၌ အျငင္းပြားမႈ ပုံစံမ်ဳိးေတြ႕ျမင္ၾကားသိေန ရသည့္အတြက္ လြတ္လပ္ၿပီး တရားမွ်တေသာ ေရြးေကာက္ပြဲျဖစ္မျဖစ္ လုိအပ္ေသာ စုံစမ္းစစ္ေဆးမႈအားလုံးကုိျပဳလုပ္ ႏုိင္ရန္အတြက္ ေအာက္ပါအခ်က္အလက္ အေထာက္အထားမ်ားကုိ အခ်ိန္မီထိန္းသိမ္းႏုိင္ေရးအတြက္ လုိအပ္သလုိ ေဆာင္ရြက္ေပးပါရန္ တင္ျပအပ္ေၾကာင္းစသည့္ျဖင့္ ေဖာ္ျပထားသည္။
ထုိကဲ့သုိ႔ စာေပးပုိ႔ႏွင့္ပတ္သက္၍ People Media က ဦးမ်ဳိးသီဟထြန္းကုိ ဖုန္းျဖင့္ဆက္သြယ္ရာ “စာပုိ႔တာ ဟုတ္တယ္။ ေရြးေကာက္ပြဲနဲ႔ပတ္သက္ၿပီး လုိအပ္ရင္ ကန္႔ကြက္လႊာတင္ဖုိ႔အတြက္ လုိအပ္တဲ့ အခ်က္အလက္ေတြ ရွာေဖြဖုိ႔က်ေတာ့ ကုိယ့္မွာ အားနည္းေနတဲ့အတြက္ အကူအညီေတာင္းတဲ့ သေဘာနဲ႔ ဒါတင္လုိက္တာ”လုိ႔ ေျပာပါတယ္။
လက္ရွိအခ်ိန္၌ ဦးမ်ဳိးသီဟထြန္း၏ တပ္ခ်ဳပ္ထံ တင္ျပစာနဲ႔ပတ္သက္၍ စာကုိ ျပန္္ရုတ္သိမ္းရန္ ျပည္သူ႔ပါတီဦးကုိကုိႀကီးက ညႊန္ၾကားမႈ ျပဳလုပ္ထားပါတယ္။
“ျပည္သူ႔ပါတီဗဟုိကေတာ့ ေလာေလာဆယ္ ကၽြန္ေတာ္ကုိ ပါတီရဲ႕ ဗဟုိမူဝါဒ ခြင့္ျပဳခ်က္မရွိဘဲနဲ႔ ကၽြန္ေတာ္ကုိ ကုိယ္ရဲ႕ လြတ္လပ္တဲ့ တစ္ဦးထဲ တစ္ေယာက္ထဲရဲ႕ ဆႏၵနဲ႔ တင္လုိက္တဲ့အတြက္ ဗဟုိက ခြင့္ျပဳမိန္႔မေပးဘူး။ ကၽြန္ေတာ္ကုိယ္ ျပန္ရုတ္သိမ္းေပးပါ ဦးကုိကိုႀကီးက ေျပာတယ္။ ပုံစံ(၁၉)ကုိလည္း လက္မွတ္ထုိးေပးပါဆုိလုိ႔ ကၽြန္ေတာ္ ၈၈ ရဲေဘာ္ေတြရဲ႕ လုိလားခ်က္အရ ကၽြန္ေတာ္ျပန္ၿပီးေတာ့ ရုတ္သိမ္းလုိက္တယ္။ ပုံစံ(၁၉)လက္မွတ္လည္း သြားထုိးေပးလုိက္တယ္”လုိ႔ ေျပာပါတယ္”လုိ႔ ဦးမ်ဳိးသီဟထြန္းက ေျပာပါတယ္။
အဆုိပါ တင္ျပစာႏွင့္ပတ္သက္၍ ျပည္သူ႔ပါတီက ညႊန္ၾကားမႈမရွိဘဲ ေဆာင္ရြက္ခဲ့မႈေၾကာင့္ တင္ျပစာကုိ ႏုိဝင္ဘာ (၁၂) ရက္ေန႔၌ ဦးမ်ဳိးသီဟထြန္းက ျပန္လည္ရုတ္သိမ္းသြားပါတယ္။
ထုိကဲ့သုိ႔ ဦးမ်ဳိးသီဟထြန္း၏ တပ္ခ်ဳပ္ထံ တင္ျပေသာစာကုိ ျပန္ရုတ္သိမ္းရန္ ျပည္သူ႔ပါတီဗဟုိက ညႊန္ၾကားမႈႏွင့္ ပတ္သက္ၿပီး People Media က ျပည္သူ႔ပါတီဥကၠ႒ ဦးကုိကုိႀကီးကုိ ဆက္သြယ္ေမးျမန္းရာ”အဓိကက သူ႔ကုိယ္တုိင္ စာထုတ္လုိက္တဲ့ အခါမွာ တစ္သီးပုဂၢလကုိယ္စားလွယ္အေနနဲ႔ကေတာ့ ျပသနာမရွိဘူး။ သူ႔သေဘာထားသူ ထုတ္လုိ႔ရတယ္။ ပါတီကေန ေရြးေကာက္ပြဲဝင္တဲ့ ကုိယ္စားလွယ္ေလာင္းတစ္ေယာက္အေနနဲ႔ သူ႔ရဲ႕ထုတ္တဲ့ စာကလည္းပဲ သာမန္တစ္သီးပုဂၢလ ကိစၥမဟုတ္ဘဲနဲ႔ မူဝါဒဆုိင္ရာကိစၥျဖစ္တဲ့အတြက္ေၾကာင့္ ပါတီရဲ႕ မူဝါဒသေဘာထားကုိ ေတာင္းခံျခင္း မရွိဘဲနဲ႔ သူ႔သေဘာနဲ႔ သူလုပ္တဲ့ကိစၥကုိ ကၽြန္ေတာ္တုိ႔ ပါတီရဲ႕သေဘာထားမဟုတ္ဘူးဆုိတဲ့အေၾကာင္း သူကပဲ လွမ္း ဆက္ၿပီး အသိေပးမွကၽြန္ေတာ္တုိ႔လည္း ခ်က္ခ်င္း ပါတီရဲ႕ မူဝါဒသေဘာထား ေတာင္းခံျခင္းမရွိဘဲနဲ႔ ကုိယ္သေဘာနဲ႔ကုိ လုပ္တာဟာ တရားမဝင္ဘူးဆုိတဲ့အေၾကာင္း သူ႔ကုိ လွမ္းေျပာလုိက္တယ္”လုိ႔ ေျပာပါတယ္။
ဆက္လက္ၿပီး ဦးကုိကုိႀကီးက “ေနာက္ ဒီကိစၥဟာ ကၽြန္ေတာ္တုိ႔က (၈)ရက္ေန႔ ေရြးေကာက္ပြဲၿပီးတဲ့အခ်ိန္မွာ ေၾကာ္ျငာ ခ်က္ထုတ္ထားၿပီးၿပီ။ (၈) ရက္ေန႔သန္းေခါင္မွာပဲ ေၾကာ္ျငာခ်က္တင္ထားၿပီးသား။ ျပည္သူရဲ႕ေရြးခ်ယ္မႈကုိ ကၽြန္ေတာ္တုိ႔ ေလးစားလုိက္နာရမယ္။ ဘယ္သူႏုိင္တယ္ဆုိတာ မသိေသးေသာ္လည္း အႏုိင္ရတဲ့ ကုိယ္စားလွယ္ေလာင္းမ်ား ႏုိင္ငံေရးပါတီမ်ားကုိ ဂုဏ္ယူဝမ္းေျမာက္ေၾကာင္းလည္း တင္ထားၿပီးသား။ တကယ့္တကယ္က မဲရုံတစ္ခုမွာ ျဖစ္တယ္ဆုိရင္ အဲ့ဒီမဲရုံမွာ ခုိင္လုံတဲ့ သတင္းအခ်က္အလက္မ်ား အေထာက္အထားမ်ားနဲ႔ ကန္႔ကြက္လုိ႔ရတယ္။ ဒါက ဥပေဒေၾကာင္း အရက လုပ္တာကတစ္ပုိင္း။ သုိ႔ေသာ္ အခုဟာက ပုိၿပီးရႈပ္ေထြးသြားတာက ကာကြယ္ေရးဦးစီးခ်ဳပ္ရုံးကုိ တင္တယ္ဆုိတဲ့ ကိစၥမ်ဳိးက ဒါက Higher Policy ပါတီဗဟုိက မူဝါဒရွိရင္တစ္မ်ဳိးေပါ့။ အဲ့ဒါကုိသူ႔တစ္သီး ပုဂၢလအေနနဲ႔လုပ္တဲ့ကိစၥကေတာ့ ပါတီဆုံးျဖတ္ခ်က္လည္း မရွိဘူး။ မူဝါဒသေဘာထားလည္း မရွိဘူးကုိ သူ႔ကုိ လွမ္းအသိေပးတဲ့အခါ သူျပန္ရုပ္သိမ္း သြားတယ္”လုိ႔ ေျပာပါတယ္။
၂၀၂၀ ေရြးေကာက္ပြဲ၌ ရန္ကုန္တုိင္းေဒသႀကီးရွိ မဲဆႏၵနယ္ေျမမ်ားအားလုံး၌ NLD ပါတီသည္ ကုိကုိးကၽြန္းၿမိဳ႕နယ္မွလြဲ၍ က်န္ မဲဆႏၵနယ္ေျမအားလုံးကုိ အႏုိင္ရရွိခဲ့ပါတယ္။
Photo – PP
#PeopleMedia #ျပည္သူ႔ပါတီ
(unicode)
ရွေးကောက်ပွဲဆိုင်ရာမှတ်တမ်းများ အချိန်မီ ထိန်းသိမ်းထားနိုင်ရန် ပြည်သူ့ပါတီလွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးက တပ်ချုပ်ထံ စာပို့တောင်းဆို၊ လက်ရှိအချိန်၌ အဆိုပါ တင်ပြစာကို ပြန်ရုတ်သိမ်း
…………………………………………………………..
ရန်ကုန်၊ နိုဝင်ဘာ – ၁၂
၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ရွေးကောက်ပွဲဆိုင်ရာ မှတ်တမ်းများ အချိန်မီထိန်းသိမ်းထားနိုင်ရေးအတွက် ပြည်သူ့ပါတီကိုယ်စားပြု ရန်ကုန်တိုင်းအမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၉) လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးသီဟထွန်းက နိုဝင်ဘာ(၁၁)ရက်နေ့၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ စာရေးသားပေးပို့ခဲ့သည်။
ဦးမျိုးသီဟထွန်းက တပ်ချုပ်ထံ တင်ပြချက်၌ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပရာ၌ အငြင်းပွားမှု ပုံစံမျိုးတွေ့မြင်ကြားသိနေ ရသည့်အတွက် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်မဖြစ် လိုအပ်သော စုံစမ်းစစ်ဆေးမှုအားလုံးကိုပြုလုပ် နိုင်ရန်အတွက် အောက်ပါအချက်အလက် အထောက်အထားများကို အချိန်မီထိန်းသိမ်းနိုင်ရေးအတွက် လိုအပ်သလို ဆောင်ရွက်ပေးပါရန် တင်ပြအပ်ကြောင်းစသည့်ဖြင့် ဖော်ပြထားသည်။
ထိုကဲ့သို့ စာပေးပို့နှင့်ပတ်သက်၍ People Media က ဦးမျိုးသီဟထွန်းကို ဖုန်းဖြင့်ဆက်သွယ်ရာ “စာပို့တာ ဟုတ်တယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လိုအပ်ရင် ကန့်ကွက်လွှာတင်ဖို့အတွက် လိုအပ်တဲ့ အချက်အလက်တွေ ရှာဖွေဖို့ကျတော့ ကိုယ့်မှာ အားနည်းနေတဲ့အတွက် အကူအညီတောင်းတဲ့ သဘောနဲ့ ဒါတင်လိုက်တာ”လို့ ပြောပါတယ်။
လက်ရှိအချိန်၌ ဦးမျိုးသီဟထွန်း၏ တပ်ချုပ်ထံ တင်ပြစာနဲ့ပတ်သက်၍ စာကို ပြန််ရုတ်သိမ်းရန် ပြည်သူ့ပါတီဦးကိုကိုကြီးက ညွှန်ကြားမှု ပြုလုပ်ထားပါတယ်။
“ပြည်သူ့ပါတီဗဟိုကတော့ လောလောဆယ် ကျွန်တော်ကို ပါတီရဲ့ ဗဟိုမူဝါဒ ခွင့်ပြုချက်မရှိဘဲနဲ့ ကျွန်တော်ကို ကိုယ်ရဲ့ လွတ်လပ်တဲ့ တစ်ဦးထဲ တစ်ယောက်ထဲရဲ့ ဆန္ဒနဲ့ တင်လိုက်တဲ့အတွက် ဗဟိုက ခွင့်ပြုမိန့်မပေးဘူး။ ကျွန်တော်ကိုယ် ပြန်ရုတ်သိမ်းပေးပါ ဦးကိုကိုကြီးက ပြောတယ်။ ပုံစံ(၁၉)ကိုလည်း လက်မှတ်ထိုးပေးပါဆိုလို့ ကျွန်တော် ၈၈ ရဲဘော်တွေရဲ့ လိုလားချက်အရ ကျွန်တော်ပြန်ပြီးတော့ ရုတ်သိမ်းလိုက်တယ်။ ပုံစံ(၁၉)လက်မှတ်လည်း သွားထိုးပေးလိုက်တယ်”လို့ ပြောပါတယ်”လို့ ဦးမျိုးသီဟထွန်းက ပြောပါတယ်။
အဆိုပါ တင်ပြစာနှင့်ပတ်သက်၍ ပြည်သူ့ပါတီက ညွှန်ကြားမှုမရှိဘဲ ဆောင်ရွက်ခဲ့မှုကြောင့် တင်ပြစာကို နိုဝင်ဘာ (၁၂) ရက်နေ့၌ ဦးမျိုးသီဟထွန်းက ပြန်လည်ရုတ်သိမ်းသွားပါတယ်။
ထိုကဲ့သို့ ဦးမျိုးသီဟထွန်း၏ တပ်ချုပ်ထံ တင်ပြသောစာကို ပြန်ရုတ်သိမ်းရန် ပြည်သူ့ပါတီဗဟိုက ညွှန်ကြားမှုနှင့် ပတ်သက်ပြီး People Media က ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကို ဆက်သွယ်မေးမြန်းရာ”အဓိကက သူ့ကိုယ်တိုင် စာထုတ်လိုက်တဲ့ အခါမှာ တစ်သီးပုဂ္ဂလကိုယ်စားလှယ်အနေနဲ့ကတော့ ပြသနာမရှိဘူး။ သူ့သဘောထားသူ ထုတ်လို့ရတယ်။ ပါတီကနေ ရွေးကောက်ပွဲဝင်တဲ့ ကိုယ်စားလှယ်လောင်းတစ်ယောက်အနေနဲ့ သူ့ရဲ့ထုတ်တဲ့ စာကလည်းပဲ သာမန်တစ်သီးပုဂ္ဂလ ကိစ္စမဟုတ်ဘဲနဲ့ မူဝါဒဆိုင်ရာကိစ္စဖြစ်တဲ့အတွက်ကြောင့် ပါတီရဲ့ မူဝါဒသဘောထားကို တောင်းခံခြင်း မရှိဘဲနဲ့ သူ့သဘောနဲ့ သူလုပ်တဲ့ကိစ္စကို ကျွန်တော်တို့ ပါတီရဲ့သဘောထားမဟုတ်ဘူးဆိုတဲ့အကြောင်း သူကပဲ လှမ်း ဆက်ပြီး အသိပေးမှကျွန်တော်တို့လည်း ချက်ချင်း ပါတီရဲ့ မူဝါဒသဘောထား တောင်းခံခြင်းမရှိဘဲနဲ့ ကိုယ်သဘောနဲ့ကို လုပ်တာဟာ တရားမဝင်ဘူးဆိုတဲ့အကြောင်း သူ့ကို လှမ်းပြောလိုက်တယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး ဦးကိုကိုကြီးက “နောက် ဒီကိစ္စဟာ ကျွန်တော်တို့က (၈)ရက်နေ့ ရွေးကောက်ပွဲပြီးတဲ့အချိန်မှာ ကြော်ငြာ ချက်ထုတ်ထားပြီးပြီ။ (၈) ရက်နေ့သန်းခေါင်မှာပဲ ကြော်ငြာချက်တင်ထားပြီးသား။ ပြည်သူရဲ့ရွေးချယ်မှုကို ကျွန်တော်တို့ လေးစားလိုက်နာရမယ်။ ဘယ်သူနိုင်တယ်ဆိုတာ မသိသေးသော်လည်း အနိုင်ရတဲ့ ကိုယ်စားလှယ်လောင်းများ နိုင်ငံရေးပါတီများကို ဂုဏ်ယူဝမ်းမြောက်ကြောင်းလည်း တင်ထားပြီးသား။ တကယ့်တကယ်က မဲရုံတစ်ခုမှာ ဖြစ်တယ်ဆိုရင် အဲ့ဒီမဲရုံမှာ ခိုင်လုံတဲ့ သတင်းအချက်အလက်များ အထောက်အထားများနဲ့ ကန့်ကွက်လို့ရတယ်။ ဒါက ဥပဒေကြောင်း အရက လုပ်တာကတစ်ပိုင်း။ သို့သော် အခုဟာက ပိုပြီးရှုပ်ထွေးသွားတာက ကာကွယ်ရေးဦးစီးချုပ်ရုံးကို တင်တယ်ဆိုတဲ့ ကိစ္စမျိုးက ဒါက Higher Policy ပါတီဗဟိုက မူဝါဒရှိရင်တစ်မျိုးပေါ့။ အဲ့ဒါကိုသူ့တစ်သီး ပုဂ္ဂလအနေနဲ့လုပ်တဲ့ကိစ္စကတော့ ပါတီဆုံးဖြတ်ချက်လည်း မရှိဘူး။ မူဝါဒသဘောထားလည်း မရှိဘူးကို သူ့ကို လှမ်းအသိပေးတဲ့အခါ သူပြန်ရုပ်သိမ်း သွားတယ်”လို့ ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲ၌ ရန်ကုန်တိုင်းဒေသကြီးရှိ မဲဆန္ဒနယ်မြေများအားလုံး၌ NLD ပါတီသည် ကိုကိုးကျွန်းမြို့နယ်မှလွဲ၍ ကျန် မဲဆန္ဒနယ်မြေအားလုံးကို အနိုင်ရရှိခဲ့ပါတယ်။
Photo – PP
#PeopleMedia #ပြည်သူ့ပါတီ


Share this post