• Follow Us on
Latest News

Home ေနာင္ခ်ိဳတြင္ မဲစာရြက္ ၄၀၀ ေပ်ာက္ဆုံးမႈမ်ားႏွင့္ မိုးမိတ္၊ မန္းပိတ္တို႔တြင္ မဲအေရအတြက္ မွားယြင္းမႈမ်ားရွိေန ေၾကာင္း SNLD ပါတီေျပာဆို

ေနာင္ခ်ိဳတြင္ မဲစာရြက္ ၄၀၀ ေပ်ာက္ဆုံးမႈမ်ားႏွင့္ မိုးမိတ္၊ မန္းပိတ္တို႔တြင္ မဲအေရအတြက္ မွားယြင္းမႈမ်ားရွိေန ေၾကာင္း SNLD ပါတီေျပာဆို

Share this post

ရန္ကုန္၊ နိုဝင္ဘာ ၁၁
ရွမ္းျပည္နယ္၊ ေနာင္ခ်ိဳၿမိဳ႕တြင္ မဲစာရင္း ၄၀၀ ေပ်ာက္ဆုံးမႈႏွင့္ မိုးမိတ္ၿမိဳ႕၊ မန္းပိတ္ၿမိဳ႕တို႔တြင္လည္း မဲအေရ အတြက္ မွားယြင္းမ်ားရွိေနေၾကာင္း SNLD ပါတီ၏ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးစိုင္းျမ ထြန္းက ေျပာသည္။
“ကၽြန္ေတာ္တို႔ မဆုံး႐ူံးဘူးတဲ့ေနရာေပါ့ေနာ္၊ အခုအဲ့သုံးၿမိဳ႕နယ္မွာ တစ္ေနရာမွ မနိုင္ဘူးေပါ့၊ ၿပီးခဲ့တဲ့ ၂၀၁၅ တုန္းက အဲ့ဒီသုံးၿမိဳ႕နယ္ ျပည္နယ္ကိုယ္စားလွယ္မရွိေပမယ့္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္အေနနဲ႔ ရွိေတာ့ ျပည္သူအက်ိဳးကို ကူညီလို႔ရတယ္၊ အခု အဲ့ေနရာ အားလုံးအဆက္အသြယ္ျဖတ္သြားတဲ့ပုံစံဆိုေတာ့ ကၽြန္ေတာ္တို႔အတြက္ အမ်ားႀကီးနစ္နစ္တာေပါ့” ဟု ဦးစိုင္းျမထြန္း(SNLD ပါတီ၏ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း)ေျပာသည္။
SNLD ပါတီ၏ မဲ႐ုံကိုယ္စားလွယ္မ်ား စိစစ္ခ်က္အရ ေနာင္ခ်ိဳၿမိ့နယ္တြင္ မဲစာရြက္ ၄၀၀ ေပ်ာက္ဆုံးေနသလို မိုးမိတ္၊ မန္းပိန္းတို႔တြင္လည္း မဲအေရအတြက္ မွားယြင္းမႈမ်ားျဖစ္ေပၚခဲ့ေၾကာင္း၊ ယင္းကိစၥႏွင့္ပတ္သက္ၿပီး SNLD ပါတီမွ ယမန္ေန႔က သက္ဆိုင္ရာေရြးေကာက္ပြဲေကာ္မရွင္ခြဲထံ ျပန္လည္စိစစ္ေပးရန္တင္ျပခဲ့ေၾကာင္း၊ အဆိုပါတင္ျပခ်က္ကို ယေန႔ ညႇိႏွိုင္းခဲ့ၾကေၾကာင္း ဦးစိုင္းျမထြန္းကေျပာသည္။
ထိုသို႔ ညႇိနိူင္းခဲ့ရာ ေကာ္မရွင္ခြဲမွ ျပန္လည္စိစစ္ရန္ မိမိအေနျဖင့္ ဆုံးျဖတ္၍မရေၾကာင္း၊ သို႔ျဖစ္၍ ျပည္ ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ထံ တင္ျပရန္ လိုအပ္ေၾကာင္း ျပန္လည္ေျပာဆိုခဲ့ေၾကာင္း သို႔ျဖစ္၍ UEC ထံ ထပ္မံတင္ျပရန္ အစီအစဥ္ရွိမရွိကိုမူ ပါတီဌာခ်ဳပ္၏ အဆုံးအျဖတ္တိုင္းသာ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ဦးစိုင္းျမထြန္းက ဆိုသည္။
“ဒီစာရြက္ေတြက တစ္ကယ္ေတာ့ ေပ်ာက္စရာအေၾကာင္းမရွိပါဘူး၊ မဲ႐ုံမွာ မဲေပးၾကတာဘဲေလ၊ စာရင္းဇယား ေတြ မွားယြင္းတာေတြ ျဖစ္ရင္ျဖစ္မွာေပါ့”ဟု ေနာင္ခ်ိဳၿမိဳ႕နယ္ ေရြးေကာ္ပြဲေကာ္မရွင္အဖြဲ႕ခြဲ ဥကၠ႒ ဦးတင္ဦးက ေျပာသည္။
လက္ရွိအခ်ိန္၌ ရွမ္းျပည္နယ္မဲဆႏၵနယ္ေျမမ်ားတြင္ SNLD ပါတီသည္ အမ်ားဆုံး အႏိုင္ရရွိထားေသာ ပါတီတစ္ ခုအျဖစ္ ရပ္တည္လွ်က္ရွိသည္။
Photo – SNLD
#PeopleMedia #SNLD
(unicode)
နောင်ချိုတွင် မဲစာရွက် ၄၀၀ ပျောက်ဆုံးမှုများနှင့် မိုးမိတ်၊ မန်းပိတ်တို့တွင် မဲအရေအတွက် မှားယွင်းမှုများရှိနေ ကြောင်း SNLD ပါတီပြောဆို
………………………………………………………….
ရန်ကုန်၊ နိုဝင်ဘာ ၁၁
ရှမ်းပြည်နယ်၊ နောင်ချိုမြို့တွင် မဲစာရင်း ၄၀၀ ပျောက်ဆုံးမှုနှင့် မိုးမိတ်မြို့၊ မန်းပိတ်မြို့တို့တွင်လည်း မဲအရေ အတွက် မှားယွင်းများရှိနေကြောင်း SNLD ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းမြ ထွန်းက ပြောသည်။
“ကျွန်တော်တို့ မဆုံးရူံးဘူးတဲ့နေရာပေါ့နော်၊ အခုအဲ့သုံးမြို့နယ်မှာ တစ်နေရာမှ မနိုင်ဘူးပေါ့၊ ပြီးခဲ့တဲ့ ၂၀၁၅ တုန်းက အဲ့ဒီသုံးမြို့နယ် ပြည်နယ်ကိုယ်စားလှယ်မရှိပေမယ့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ရှိတော့ ပြည်သူအကျိုးကို ကူညီလို့ရတယ်၊ အခု အဲ့နေရာ အားလုံးအဆက်အသွယ်ဖြတ်သွားတဲ့ပုံစံဆိုတော့ ကျွန်တော်တို့အတွက် အများကြီးနစ်နစ်တာပေါ့” ဟု ဦးစိုင်းမြထွန်း(SNLD ပါတီ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း)ပြောသည်။
SNLD ပါတီ၏ မဲရုံကိုယ်စားလှယ်များ စိစစ်ချက်အရ နောင်ချိုမြိ့နယ်တွင် မဲစာရွက် ၄၀၀ ပျောက်ဆုံးနေသလို မိုးမိတ်၊ မန်းပိန်းတို့တွင်လည်း မဲအရေအတွက် မှားယွင်းမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး SNLD ပါတီမှ ယမန်နေ့က သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ခွဲထံ ပြန်လည်စိစစ်ပေးရန်တင်ပြခဲ့ကြောင်း၊ အဆိုပါတင်ပြချက်ကို ယနေ့ ညှိနှိုင်းခဲ့ကြကြောင်း ဦးစိုင်းမြထွန်းကပြောသည်။
ထိုသို့ ညှိနိူင်းခဲ့ရာ ကော်မရှင်ခွဲမှ ပြန်လည်စိစစ်ရန် မိမိအနေဖြင့် ဆုံးဖြတ်၍မရကြောင်း၊ သို့ဖြစ်၍ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရန် လိုအပ်ကြောင်း ပြန်လည်ပြောဆိုခဲ့ကြောင်း သို့ဖြစ်၍ UEC ထံ ထပ်မံတင်ပြရန် အစီအစဉ်ရှိမရှိကိုမူ ပါတီဌာချုပ်၏ အဆုံးအဖြတ်တိုင်းသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးစိုင်းမြထွန်းက ဆိုသည်။
“ဒီစာရွက်တွေက တစ်ကယ်တော့ ပျောက်စရာအကြောင်းမရှိပါဘူး၊ မဲရုံမှာ မဲပေးကြတာဘဲလေ၊ စာရင်းဇယား တွေ မှားယွင်းတာတွေ ဖြစ်ရင်ဖြစ်မှာပေါ့”ဟု နောင်ချိုမြို့နယ် ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်ဦးက ပြောသည်။
လက်ရှိအချိန်၌ ရှမ်းပြည်နယ်မဲဆန္ဒနယ်မြေများတွင် SNLD ပါတီသည် အများဆုံး အနိုင်ရရှိထားသော ပါတီတစ် ခုအဖြစ် ရပ်တည်လျှက်ရှိသည်။
Photo – SNLD

Share this post