• Follow Us on
Latest News

Home နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား ကျန်မာရေးဝန်ကြီးမှ ထုတ်ပြန်ထားသော ကိုဗစ်စည်းကမ်းများအား လိုက်နာမှုရှိမရှိ လိုက်လံစစ်ဆေး

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား ကျန်မာရေးဝန်ကြီးမှ ထုတ်ပြန်ထားသော ကိုဗစ်စည်းကမ်းများအား လိုက်နာမှုရှိမရှိ လိုက်လံစစ်ဆေး

Share this post

နေပြည်တော်၊ မတ် ၄

 

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား မတ်လ ၃ ရက်နေ့တွင် ကျန်မာရေးဝန်ကြီး မှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ စားသောက်ဆိုင်များ ဖွင့်လှစ်ရာ တွင် လိုက်နာဆောင်ရွက်ရမည့်အချက်များအား လိုက်နာခြင်းရှိ/မရှိအား သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ စစ်ဆေးခဲ့ရာ ဥတ္တရသီရိရပ်ကွက်၊ Ocean အတွင်းရှိ YKKO ကြေးအိုး၊ Season Bakery မုန့်ဆိုင်၊ CP Five Star Extra ကြက်ကြော်ဆိုင်၊ Lotteria ကြက်ကြော်၊ keystone လက်ဖက်ရည်ဆိုင်၊ ပွင့်ရတီမိုး စား သောက်ဆိုင် စသည်တို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ ရောင်းချခြင်းရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ပြီး ကိုဗစ် ၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ရောင်းချကြရန် ညွှန်ကြားခဲ့ ကြောင်း သိရသည်။

 

ယင်းကဲ့သို့ စစ်ဆေးခြင်းကို ဥတ္တရသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဥတ္တရသီရိမြို့ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဘုရားကုန်းရဲစခန်းမှ တာဝန်ရှိသူများပါဝင်သောပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


……………………………………………

 


 


 


 


 

#PeopleMedia


Share this post