• Follow Us on

Home ရေနံချောင်းတွင် လမ်းမလျှောက်နိုင်သည့် အိမ်ခြေရာမဲ့တစ်ဦးမှ အောက်စီဂျင်စက်ရုံတည်ဆောက်ရန်အတွက် သုံးသောင်းကျပ်လှူဒါန်း

ရေနံချောင်းတွင် လမ်းမလျှောက်နိုင်သည့် အိမ်ခြေရာမဲ့တစ်ဦးမှ အောက်စီဂျင်စက်ရုံတည်ဆောက်ရန်အတွက် သုံးသောင်းကျပ်လှူဒါန်း

Share this post

ရေနံချောင်း၊ ဇူလိုင် – ၂၀ (People Media)

 

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့မှာ လမ်းမလျှောက်နိုင်တဲ့ အိမ်ခြေယာမဲ့ ကိုဘိုကြည်မောင်ဆိုသူက အောက်စီဂျင်စက်ရုံတည်ဆောက်ဖို့အတွက် အလှူငွေ သုံးသောင်းကျပ် လှူဒါန်းခဲ့ပါကြောင်း သိရပါတယ်။

 

ဦးဘိုကြည်မောင်ဆိုသူမှာ အိမ်ခြေယာမဲ့တစ်ဦးဖြစ်သလို လမ်းလည်း မလျှောက်နိုင်တဲ့အပြင် ဉာဏ်ရည်သိပ်မမီ သူဖြစ်ကြောင်း ဒါပေမဲ့ ပြည်သူတွေ လိုအပ်နေတဲ့ အောက်စီဂျင်စက်ရုံတည်ဆောက်ဖို့အတွက် သူရှာဖွေ စုဆောင်းထားတဲ့ ငွေကျပ် သုံးသောင်းကို သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

 

လက်ရှိ ရေနံချောင်းမြို့နယ်မှာ ယမန်နေ့ထိ ပိုးတွေ့လူနာ စုစုပေါင်း (၁၀၀)ကျော်ရှိပြီဖြစ်ပြီး၊ ကျန်းမာရေး ပြန်လည်ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ (၂၄) ဦးနှင့် သေဆုံး (၁) ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရပါတယ်။

 

#PeopleMedia #ရေနံချောင်းမြို့

 

(unicode)


……………………………………………………….

 


 


 


 


 


 


Share this post