• Follow Us on

Home ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ အောင်ချမ်းသာကျေးရွာတွင် ပျံလွန်တော်မူသွားသော ဆရာတော်ထံမှ ကိုဗစ်ပိုးတွေ့

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ အောင်ချမ်းသာကျေးရွာတွင် ပျံလွန်တော်မူသွားသော ဆရာတော်ထံမှ ကိုဗစ်ပိုးတွေ့

Share this post

နေပြည်တော်၊ ဇူလိုင် ၂၀ (People Media)

 

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ အောင်ချမ်းသာကျေးရွာတွင် သီတင်းသုံးလျက်ရှိသော ဆရာတော် တစ်ပါးသည် ပျံလွန်တော်မူခဲ့သည့်အတွက် ကိုဗစ်ရောဂါပိုးရှိမရှိ စစ်ဆေးရာတွင် ကိုဗစ်နိုင်တီးရောဂါပိုး တွေ့ရှိခဲ့ ရတယ်လို့ ဒေသခံလူမှုရေး အဖွဲ့အစည်းများထံက သိရပါတယ်။

 

“ကိုဗစ်ပိုးတွေ့တယ်ဆိုတာကတော့ ဟုတ်ပါတယ်၊ ကျွန်တော်တို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးက ဆေးရုံကို အကြောင်းကြားတယ် ဆေးရုံကနေ ကျွန်တော်တို့ကို လှမ်းပြီးတော့ အကြောင်းကြားတယ် အဲ့ဒါနဲ့ ပျံလွန် တော်မူသွားတဲ့ ဆရာတော်ကို ပိုးရှိမရှိ စစ်ဆေးတဲ့အခါမှာ ပိုးတွေ့တယ် အဲ့ဒီလို ပိုးတွေ့တဲ့အခါမှာလဲ ညတွင်းချင်းပဲ သဂြိုဟ်မှုပြုလုပ်ပေးခဲ့ပါတယ်” လို့ အမည်မဖော်လိုသည့် ကြို့ပင်ကောက်မြို့နယ်မှ နာရေး ကူညီမှုအသင်းမှ တာဝန်ရှိသူများက ဆိုပါတယ်။

 

ယင်းသို့ ပျံလွန်တော်မူသွားသည့် ဆရာတော်တွင် ရောဂါပိုးတွေ့ရှိခဲ့ရသည့်အတွက် အထက်ပါ ဆရာတော်အား အနီးကပ်ပြုစုနေသည့်သူများကို ကွာရတင်းအဖြစ်ထားရှိကာ ယင်းကျောင်းတွင် ဖျားနာလျက်ရှိသည့် သံဃာ တော်များကိုလည်း ရောဂါပိုးစစ်ဆေးထားတယ်လို့လည်း ဆိုပါတယ်။

 

ဇူလိုင်လ ၁၉ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့ရှိ ကျေးရွာများနှင့် ရပ်ကွက်များတွင် သေဆုံး သူများကို ကိုဗစ်ရောဂါပိုးရှိမရှိစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ယင်းသို့ပြုလုပ်ရာတွင် အောင်ချမ်းသာရွာ ဆရာတော် အပါအဝင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ကြို့ပင်ကောက်မြို့ ကိုဗစ် ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက သိရပါတယ်။

 

#PeopleMedia #Bago #COVID-19

 

(unicode)


……………………………………….

 


 


 


 


 


 

#PeopleMedia #Bago #COVID-19

 


Share this post