• Follow Us on

Home ရေဦးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်မီးဖွားမည့် မွေးလူနာကို လိုက်ပို့သည့် လူမှုကူညီရေးယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ယာဉ်ပေါ်ပါအမျိုးသမီးတစ်ဦး သေဆုံး

ရေဦးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်မီးဖွားမည့် မွေးလူနာကို လိုက်ပို့သည့် လူမှုကူညီရေးယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ယာဉ်ပေါ်ပါအမျိုးသမီးတစ်ဦး သေဆုံး

Share this post

မုံရွာ၊ ဇန်နဝါရီ ၂၈ (People Media)

 

ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ သွား ရောက် မီးဖွားမည့် မွေးလူနာကို လိုက်ပါပို့ဆောင်ပေးသော လူမှုကူညီရေးယာဉ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရပြီး ယာဉ်ပေါ်ပါ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ တန့်ဆည်မြို့၊ ဗိုလ်မြရပ်ကွက်နေ ကိုရဲအောင်နှင့် ၎င်း၏ ဇနီးဖြစ်သူ မသန်းသန်းအေး (ကလေးမွေး ဖွားရန်အတွက်)နှင့်အတူ ကိုရဲအောင်၏ ညီမတော်စပ်သူ မအေးမာထွန်းတို့သည် လူမှုကူညီရေးယာဉ်ဖြင့် တန့်ဆည်မြို့မှ ရေဦးမြို့သို့ ထွက်ခွာလာစဉ် ရေဦးမြို့နယ်၊ ဆပ်သေကျေးရွာအနီးအရောက်၌ မိုင်းဆွဲတိုက် ခိုက်ခံခဲ့ရသည်။

 

အဆိုပါ လူမှုကူညီရေးယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ယာဉ်ပေါ်၌ လိုက်ပါလာသည့် ကိုရဲအောင်၏ ညီမ တော်စပ်သူ မအေးမာထွန်းတို့သည် မိုင်းစထိမှန် သေဆုံးခဲ့သလို လူနာတင်ယာဉ်လည်း ထိခိုက်ပျက်ဆီးမှု ဖြစ်ပေါ်ခဲ့သည်။

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်နှင့် တန့်ဆည်မြို့နယ်များ၌ ဒေသခံလက်နက်ကိုင်အဖွဲ့အချို့သည် လူနာတင်ယာဉ်များကို မိုင်းဆွဲတိုက်ခိုက်မှု ပြုလုပ်လျက်ရှိသည်။

 

#PeopleMedia #ရေဦးမြို့ #တန့်ဆည်မြို့

 

(unicode)


…………………………………………………..

 


 


 


 


 


 



Share this post