• Follow Us on

Home ေရေအာက္ေမာင္းသူမဲ့ယာဥ္ေတြထုတ္လုပ္ဖို႔ အေမရိကန္အစိုးရကာကြယ္ေရးသုေတသနေအဂ်င္စီ လုပ္ပိုင္ခြင့္ ေပး

ေရေအာက္ေမာင္းသူမဲ့ယာဥ္ေတြထုတ္လုပ္ဖို႔ အေမရိကန္အစိုးရကာကြယ္ေရးသုေတသနေအဂ်င္စီ လုပ္ပိုင္ခြင့္ ေပး

Share this post

ဝါ႐ွင္တန္ဒီစီ၊ ေဖေဖာ္ဝါရီ – ၂၆

Manta Ray အစီအစဥ္ရဲ႕အဆင့္ ၁ အတြက္ အေမရိကန္ေဒၚလာ ၁၂.၃ သန္းတန္ဖိုး႐ွိတဲ့စာခ်ဳပ္ကို အေမရိကန္ အစိုးရရဲ႕ကာကြယ္ေရးအဆင့္ျမင့္သုေတသနစီမံကိန္းေအဂ်င္စီ(DARPA)က Lockheed Martin ကုမၸဏီကို ခြင့္ျပဳေပးလိုက္ပါတယ္။

အဲဒီစာခ်ဳပ္ဟာ အႀကီးစားလူမပါတဲ့ေရေအာက္ယာဥ္(UUV)ေတြအတြက္ သုေတသန၊ ဖြံ႔ၿဖိဳးတိုးတက္မႈနဲ႔ သ႐ုပ္ ျပဖို႔ ေငြေထာက္ပံ့ေပးမွာပါ။

Manta Ray အစီအစဥ္ဟာ ဒံုးက်ည္ထိပ္ဖူးတင္ႏိုင္၊ တာေ၀းသြားႏိုင္ၿပီး အခ်ိန္ၾကာၾကာလည္းေနႏိုင္တဲ့ UUV အမ်ိဳးအစားသစ္အတြက္ အေရးႀကီးတဲ့နည္းပညာေတြေဖာ္ျပႏိုင္ဖို႔ လုပ္ေနတာပါ။

တကယ္လို႔ ေအာင္ျမင္ရင္ေတာ့ UUVအမ်ိဳးအစားသစ္ဟာ ျဖန္႔က်က္ေနရာခ်ထားလိုက္တာနဲ႔ လူလိုက္ပါႏိုင္တဲ့ သေဘၤာေတြကေန လြတ္လပ္ၿပီး တိုက္ခိုက္ေရးတပ္မွဴးကို လက္႐ွိလုပ္ငန္းေတြမထိခိုက္ေစဘဲ လုပ္ႏိုင္စြမ္းေတြ ထပ္ခ်ဲ႕ေပးေတာ့မွာပါ။

၂၀၂၁ ခုႏွစ္၊ ဇန္နဝါရီမွာ စာခ်ဳပ္သက္တမ္းျပည့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

သုေတသနနဲ႔ ဖြံ႔ၿဖိဳးတိုးတက္မႈရန္ပံုေငြ ေဒၚလာ ၁.၁၅ သန္းကို ၿပီးဆံုးခ်ိန္မွာ ဆုေၾကးအေနနဲ႔ ထပ္ေပးမွာ ျဖစ္ပါတယ္။

Source – Lockheed Martin To Develop Extra-Large Underwater Drone

#PeopleMedia #DARPA #UUV #LockheedMartin

(Unicode)
ရေအောက်မောင်းသူမဲ့ယာဉ်တွေထုတ်လုပ်ဖို့ အမေရိကန်အစိုးရကာကွယ်ရေးသုတေသနအေဂျင်စီ လုပ်ပိုင်ခွင့် ပေး
……………………………………………………………

ဝါရှင်တန်ဒီစီ၊ ဖေဖော်ဝါရီ – ၂၆

Manta Ray အစီအစဉ်ရဲ့အဆင့် ၁ အတွက် အမေရိကန်ဒေါ်လာ ၁၂.၃ သန်းတန်ဖိုးရှိတဲ့စာချုပ်ကို အမေရိကန် အစိုးရရဲ့ကာကွယ်ရေးအဆင့်မြင့်သုတေသနစီမံကိန်းအေဂျင်စီ(DARPA)က Lockheed Martin ကုမ္ပဏီကို ခွင့်ပြုပေးလိုက်ပါတယ်။

အဲဒီစာချုပ်ဟာ အကြီးစားလူမပါတဲ့ရေအောက်ယာဉ်(UUV)တွေအတွက် သုတေသန၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ သရုပ် ပြဖို့ ငွေထောက်ပံ့ပေးမှာပါ။

Manta Ray အစီအစဉ်ဟာ ဒုံးကျည်ထိပ်ဖူးတင်နိုင်၊ တာဝေးသွားနိုင်ပြီး အချိန်ကြာကြာလည်းနေနိုင်တဲ့ UUV အမျိုးအစားသစ်အတွက် အရေးကြီးတဲ့နည်းပညာတွေဖော်ပြနိုင်ဖို့ လုပ်နေတာပါ။

တကယ်လို့ အောင်မြင်ရင်တော့ UUVအမျိုးအစားသစ်ဟာ ဖြန့်ကျက်နေရာချထားလိုက်တာနဲ့ လူလိုက်ပါနိုင်တဲ့ သင်္ဘောတွေကနေ လွတ်လပ်ပြီး တိုက်ခိုက်ရေးတပ်မှူးကို လက်ရှိလုပ်ငန်းတွေမထိခိုက်စေဘဲ လုပ်နိုင်စွမ်းတွေ ထပ်ချဲ့ပေးတော့မှာပါ။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီမှာ စာချုပ်သက်တမ်းပြည့်မယ်လို့ မျှော်လင့်ရပါတယ်။

သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေ ဒေါ်လာ ၁.၁၅ သန်းကို ပြီးဆုံးချိန်မှာ ဆုကြေးအနေနဲ့ ထပ်ပေးမှာ ဖြစ်ပါတယ်။

Source – Lockheed Martin To Develop Extra-Large Underwater Drone

#PeopleMedia #DARPA #UUV #LockheedMartin


Share this post