• Follow Us on
Latest News

Home ရွေးကောက်ပွဲတွင်(၇၅)ရာခိုင်နှုန်းကျော် အနိုင်ရရှိမည်ဟု ခန့်မှန်းထားကြောင်း မွန်ညီညွတ်ရေးပါတီ


Share this post

ရန်ကုန်၊ အောက်တိုဘာ – ၁








(Unicode)
ရွေးကောက်ပွဲတွင်(၇၅)ရာခိုင်နှုန်းကျော် အနိုင်ရရှိမည်ဟု ခန့်မှန်းထားကြောင်း မွန်ညီညွတ်ရေးပါတီ
…………………………………………………

ရန်ကုန်၊ အောက်တိုဘာ – ၁

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် (၇၅)ရာခိုင်နူန်းကျော် အနိုင်ရရှိမည်ဟု ခန့်မှန်းထားကြောင်း မွန်ညီညွတ်ရေးပါတီ၏ တွဲဖက်အတွင်းရေးမှူး (၂) ဦးနိုင်စံတင်က ပြောသည်။

“အခု ၂၀၂၀ မှာ အဓိကပြိုင်ရမှာ NLD ပေါ့၊ Nld အစိုးရအနေနဲ့ မွန်ပြည်နယ် ဒေသဖွံဖြိုးရေးအတွက် အပြည့် အဝလုပ်ပေးထားတာမရှိပါဘူး။ တစ်ခုခုလုပ်ရင်လည်း ပါတီနာမည်ဘဲခံပြီး လုပ်သွားတာ မဖြစ်သင့်တဲ့ကိစ္စပါ။ အခုလူထုရဲ့ အမြင်သဘောထားလည်း တော်တော်လေးပြောင်းလာပါပြီ”ဟု ၎င်းကပြောသည်။

NLD အစိုးရအနေနှင့် မွန်ပြည်နယ်အတွင်း ဒေသဖွံဖြိုးရေးအတွက် ထိရောက်စွာ မဆောင်ရွက်နိုင်ခဲ့သလို လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင်လည်း ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိ၍ လာမည့် ရွေး ကောက်ပွဲတွင် မိမိတို့ ပါတီအနေဖြင့် (၇၅)ရာခိုင်နူန်းကျော် အောင်မြင်မည်ဟု ခန့်မှန်းထားခြင်းဖြစ်ကြောင်း ဦးနိုင်စံတင်ကဆိုသည်။

ထို့နောက် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဆောက်လုပ်နာမည်ပေးထားပြီးဖြစ်သည့် သံလွင်ချောင်းဆုံ တံတားကိစ္စမှာလည်း ပြည်သူလူထုတောင်းဆိုနေသည့် ကြားမှ ဗိုလ်ချုပ်အောင်ဆန်းတံတားဟူ၍ု နာမည်ပြောင်းခဲ့ခြင်းကြောင့် ယခုရွေးကောက်ပွဲတွင် NLD ပါတီအနေဖြင့် ဒေသခံပြည်သူလူထုထောက်ခံမှု လျော့နည်းသွားနိုင်ကြောင်း ၎င်းကပြောသည်။

မွန်ညီညွတ်ရေးပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်ရှိ မြို့နယ် (၈)ခုတွင် ကိုယ်စား လှယ်လောင်း (၃၅)ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင် (၆)ဦး၊ ကရင်ပြည်နယ်တွင် (၁၂)ဦးနှင့် တနလာရီတိုင်းဒေသကြီးတွင် (၁၀)ဦး အပါအဝင် စုစုပေါင်း (၆၅)ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

မွန်ညီညွတ်ရေးပါတီသည် ယခင် မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် ပြင်ပရှိ မွန်လူမျိုး နိုင်ငံရေးအင်အားစုတို့ စုပေါင်းကာ ပြန်လည်ဖွဲ့စည်းထားသည့်ပါတီဖြစ်သည်။

#PeopleMedia #မွန်ညီညွတ်ရေးပါတီ #2020election


Share this post