• Follow Us on
Latest News

Home လေယာဉ်တင်သင်္ဘောဟောင်းနှစ်စီးကို တစ်စီး ဒေါ်လာတစ်ပြားစီဖြင့် အမေရိကန်ရေတပ်က သင်္ဘော ဖျက်ကုမ္ပဏီထံ ရောင်းချ

လေယာဉ်တင်သင်္ဘောဟောင်းနှစ်စီးကို တစ်စီး ဒေါ်လာတစ်ပြားစီဖြင့် အမေရိကန်ရေတပ်က သင်္ဘော ဖျက်ကုမ္ပဏီထံ ရောင်းချ

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၆ (People Media)

 

အမေရိကန်ရေတပ်သည် လေယာဉ်တင်သင်္ဘောဟောင်းနှစ်စီးဖြစ်သော USS Kitty Hawk နှင့် USS John F. Kennedy တို့ကို တစ်စီးလျှင် အမေရိကန်ဒေါ်လာတစ်ဆင့် (တစ်ပြား) ဖြင့် တက္ကဆက်စ်မြို့ရှိ သင်္ဘောဖျက် ကုမ္ပဏီတစ်ခုထံသို့ ရောင်းချလိုက်ကြောင်း ရေတပ်အထူးတပ်ဖွဲ့ဌာနချုပ်က အောက်တိုဘာ ၅ ရက်တွင် ပြော ကြားလိုက်သည်။

 

“စာချုပ်ချုပ်ထားတဲ့ကုမ္ပဏီက သတ္တုအပိုင်းအစတွေ၊ သံတိုသံစတွေနဲ့ သင်္ဘောဆောက်လုပ်ရာမှာ အသုံးပြု ထားတဲ့ သံမဟုတ်တဲ့တခြားသတ္တုအပိုင်းအစတွေကနေ အကျိုးခံစားခွင့်ရမှာပါ။” ဟု ရေတပ်အထူးတပ်ဖွဲ့ဌာန ချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် အလန်ဘာရီဘူးက ပြောသည်။

 

သင်္ဘောနှစ်စီးစလုံးမှာ သက်တမ်းရင့်နေပြီး အသုံးမဝင်တော့သည့်အတွက် ရောင်းချလိုက်ခြင်းဖြစ်သည်။ Kitty Hawk လေယာဉ်တင်သင်္ဘောကို ဝါရှင်တန်ပြည်နယ် ဘရာမီတန်မြို့မှ တောင်အမေရိကတိုက်အစွန်အဖျားမှ ပတ်၍  ဆွဲသင်္ဘောနှစ်စီးဖြင့်ဆွဲယူလာမည်ဖြစ်ပြီး John F. Kennedy လေယာဉ်တင်သင်္ဘောကို ဖိလစ်ပိုင်ရေ တပ်သင်္ဘောကျင်းမှ မောင်းနှင့်လာမည်ဖြစ်ကြောင်း USA Today သတင်းဌာနတွင်ဖော်ပြထားသည်။

 

သင်္ဘောဆွဲရန်၊ သင်္ဘောမဖျက်ဆီးမီ လိုအပ်သည်များပြင်ဆင်ရန်၊  သင်္ဘောဖျက်ဆီးရန်၊ ဖျက်ဆီးထားသည် သင်္ဘောဟောင်းများ၏ စွန့်ပစ်ပစ္စည်းများပြန်လည်အသုံးပြုရန်အတွက် တက္ကဆက်ပြည်နယ်၊ ဘရောင်းစဗဲလ် မြို့ရှိ နိုင်ငံတကာသင်္ဘောဖျက်သိမ်းရေးကုမ္ပဏီလီမိတက်ဒ်နှင့် ချုပ်ဆိုထားသောစာချုပ်အရ အဆိုပါလေယာဉ် တင်သင်္ဘောနှစ်စီးသည် မိခင်ရေတပ်ဌာနချုပ်မှ ထွက်ခွာသွားကြရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

မည်သည့်လေယာဉ်တင်သင်္ဘောက စတင်ထွက်ခွာပြီး ဖျက်သိမ်းမည်ကို အချိန်ဇယားသတ်မှတ်ထားခြင်းမရှိ ကြောင်းသိရသည်။

 

Ref: U.S. Navy sells two former aircraft carriers to shipbreaker for 1 cent each (Xinhua)

 

#PeopleMedia

 

(unicode)


……………………………………………………………………….

 


 


 

“စာခြုပျခြုပျထားတဲ့ကုမ်ပဏီက သတ်တုအပိုငျးအစတှေ၊ သံတိုသံစတှနေဲ့ သငျ်ဘောဆောကျလုပျရာမှာ အသုံးပွု ထားတဲ့ သံမဟုတျတဲ့တခွားသတ်တုအပိုငျးအစတှကေနေ အကြိုးခံစားခှင့ျရမှာပါ။” ဟု ရတေပျအထူးတပျဖှဲ့ဌာန ခြုပျမှ ပွောခှင့ျရပုဂ်ဂိုလျ အလနျဘာရီဘူးက ပွောသညျ။

 


 


 


 

Ref: U.S. Navy sells two former aircraft carriers to shipbreaker for 1 cent each (Xinhua)

 

#PeopleMedia


Share this post