• Follow Us on

Home ကန်ကြီးထောင့်မြို့နယ်ရှိ ပြည်သူတစ်ဦးအား သတ်ဖြတ်ခဲ့သည့် တရားခံနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို မီးရှို့ ဖျက်ဆီးခဲ့သည့် တရားခံများနှင့် ဆက်စပ်တရားခံ ၂၉ ဦး လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း န-စ-က ထုတ်ပြန်

ကန်ကြီးထောင့်မြို့နယ်ရှိ ပြည်သူတစ်ဦးအား သတ်ဖြတ်ခဲ့သည့် တရားခံနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို မီးရှို့ ဖျက်ဆီးခဲ့သည့် တရားခံများနှင့် ဆက်စပ်တရားခံ ၂၉ ဦး လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း န-စ-က ထုတ်ပြန်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၆ (People Media)

 

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်ရှိ ပြည်သူတစ်ဦးအား သတ်ဖြတ်ခဲ့သည့်တရားခံနှင့် ပိတောက် ပင်ကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံးကို မီးရှို့ဖျက်ဆီးခဲ့သည့် တရားခံများနှင့် ဆက်စပ်တရားခံ ၂၉ ဦး လက်နက်များ နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း န-စ-ကမှ ထုတ်ပြန်ထားသည်။

 

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၈ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နှင့် ပန်းတနော်မြို့ကြား၊ အင်းမနယ်မြေရဲစခန်းရှေ့ စစ်ဆေးရေးဂိတ်၌ ပုသိမ်-မြဝတီပြေးဆွဲလျက်ရှိသည့် ယာဉ်လိုင်းဖြင့် လိုက်ပါလာ သည့် စည်သူအောင်၊ အောင်နိုင်ထွေးနှင့် ဘိုဘိုထွန်းတို့ ၃ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

 

ထို့အပြင် ဖမ်းဆီးရမိသည့် စည်သူအောင်၏ ထွက်ဆိုချက်အရ စက်တင်ဘာ ၂၀ ရက်နေ့တွင် ကန်ကြီးထောင့် မြို့ နယ်၊ ကုလားကုန်းကျေးရွာရှိ ထန်းကုန်းလေးကျောင်းတိုက်နေ အောင်မြင့် ၅၃ နှစ်၊ ကန်ကြီးထောင့် ၄ ရပ်ကွက်နေ ရဲလင်းနောင် ၃၁ နှစ်၊ ၂ ရပ်ကွက်နေ အောင်ဓန ၁၉ နှစ်၊ ၁ ရပ်ကွက်နေ ရဲဝင်းသူ ၃၇ နှစ်နှင့် ပုသိမ်မြို့ ၅ ရပ် ကွက်နေ ဇော်ထိုက် ၆၂ နှစ်နှင့် သက်ထားဝေ ၂၃ နှစ်တို့ကို ဖမ်းဆီးရမိခဲ့ပြီး ဇော်ထိုက်၏ ထွက်ဆိုချက်အရ စက်တင်ဘာ ၂၁ ရက်နေ့တွင် ကန်ကြီးထောင့်မြို့နယ်၊ ညောင်ပင်ကျေးရွာနေ ထက်ထက် ၂၆ နှစ်နှင့်အတူ လမ်းလျှောက်စကားပြော တစ်လုံး၊ ဒူးလေးတစ်လက်၊ မြှား ၃၄ ချောင်း၊ ကန့်မှုန့် ၁ ဘူး၊ ယမ်းမှုန့် ၇ ဘူး၊ သံဘောစေ့ ၁၄၀၀ စေ့၊ ယမ်းမီးခြစ် ၆၀ လုံးတို့ကို ဖမ်းဆီးရမိခဲ့သည်ဟု ပါရှိသည်။

 

အဆိုပါဖြစ်စဉ်တွင် ဆက်စပ်တရားခံများ ဖော်ထုတ်မှုအရ ကျား ၂၇ ဦး၊ မ ၂ ဦး၊ ပေါင်း ၂၉ ဦး ဖမ်းဆီးရမိခဲ့ပြီး သိမ်းဆည်းရမိသည့် လက်နက်/ခဲယမ်းများအနေဖြင့် ပစ္စတို ၃ လက်၊ ကျည်အိမ် ၅ ခု၊ တူမီးသေနတ် ၇၅ လက်၊ လက်လုပ်လေသေနတ် ၈ လက်၊ လက်လုပ်စိန်ပြောင်း ၃ လက်၊ လက်လုပ်ဆုံလည် သေနတ် ၃ လက်၊ ဒူးလေး ၁ လက်၊ မြှား ၃၄ ချောင်း၊ ၉ မမကျည် ၁၁၅ တောင့်၊ ပွိုင့်-၂၂ ကျည် ၃၅၀ တောင့်၊ လက်လုပ်မိုင်း ၆၇ လုံး၊ အသံဗုံး ၁ လုံး၊ ဗြောက်အိုး ၇၀ လုံး၊ ဒီတိုနေတာ ၉၀ ချောင်း၊ ယမ်းဘူး ၄၄ ဘူး၊ ကန့် ၁ ထုပ်၊သံဘောစေ့ ၁၅၅၀ စေ့၊ လမ်းလျှောက် စကားပြောစက် ၂ လုံး၊ ဆန်အိတ် ၉ အိတ်၊ လက်လုပ်သေနတ်နှင့် လက်လုပ်မိုင်း ပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း နစကမှ အောက်တိုဘာ ၅ ရက် နေ့တွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

 

အလားတူ ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၁ ခုနှစ်၊ မတ် ၁၄ ရက်တွင် ကန်ကြီးထောင့်မြို့နယ်၊ ပိတောက်ပင်ကျေးရွာ ရပ်ကွက်စီမံအုပ်ချုပ်ရေးရုံးအား အောင်နိုင်ထွေးနှင့် ဝေလင်း(ဖမ်းဆီးရန်ကျန်) တို့ ၂ ဦးမှ မီးရှို့ခဲ့ပြီး ဩဂုတ် ၂၉ ရက်တွင် ကန်ကြီးထောင့်မြို့နယ်၊ အမှတ် (၁)ရပ်ကွက်၊ ရွှေကန်သာကားဂိတ်အနီး၌ ပြည်ခိုင်ဖြိုးပါတီဝင် ဦးမောင်မောင်မြင့်အား ကျော်ဇင်ထွေး(ဖမ်းဆီးရန်ကျန်)နှင့် ဘိုဘိုထွန်းတို့ ၂ ဦးမှ သေနတ် ဖြင့် ပစ်ခတ်၍ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း ဖော်ထုတ်စစ်ဆေးချက်အရ သိရှိရကြောင်း ဖော်ပြပါရှိသည်။

 

#PeopleMedia #နစက #ကန်ကြီးထောင့်

 

(unicode)


………………………………………………………………………………

 


 


 


 


 


 


 



Share this post