• Follow Us on
Latest News

Home ေလယာဥ္တင္သေဘၤာႏွစ္စင္း စစ္ေရးေလ့က်င့္မႈမ်ား ျပဳလုပ္ေနဟု တ႐ုတ္တပ္မေတာ္ ေျပာ

ေလယာဥ္တင္သေဘၤာႏွစ္စင္း စစ္ေရးေလ့က်င့္မႈမ်ား ျပဳလုပ္ေနဟု တ႐ုတ္တပ္မေတာ္ ေျပာ

Share this post

နိုင္ငံတကာ၊ စက္တင္ဘာ ၂၅
ေလယာဥ္တင္သေဘၤာႏွစ္စင္းက ပုံမွန္ေလ့က်င့္မႈမ်ား သီးျခားစီ ျပဳလုပ္ခဲ့ေၾကာင္း တ႐ုတ္နိုင္ငံ ကာကြယ္ ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။
စစ္ေရးေလ့က်င့္မႈမ်ားက ေတာင္တ႐ုတ္ပင္လယ္အတြင္း တ႐ုတ္နိုင္ငံ၏ ေရေၾကာင္းလႈပ္ရွားမႈအေပၚ အ ေမရိကန္နိုင္ငံက တိုးျမႇင့္ဖိအားေပးမႈအား လက္တုံ႔ျပန္ျခင္းတစ္ရပ္ဟု ယူဆရသည္။
စစ္ေရးေလ့က်င့္မႈမ်ားက စစ္လက္နက္မ်ားစမ္းသပ္ျခင္း၊ တပ္ဖြဲ႕မ်ား၏ ေလ့က်င့္မႈအဆင့္စစ္ေဆးျခင္းႏွင့္ မစ္ရွင္မ်ားၿပီးစီးေစရန္ ေလယာဥ္တင္သေဘၤာမ်ား၏ စြမ္းပကားမ်ား အဆင့္ျမႇင့္တင္ရန္ရယ္ရြယ္ေၾကာင္း ဝန္ႀကီး ဌာနမွ ေျပာေရးဆိုခြင့္ရွိသူ တန္ကီေဖက ေျပာၾကားခဲ့သည္။
တ႐ုတ္ကြန္ျမဴနစ္ပါတီ၏ အာေဘသတင္းစာ သည္ဂလိုဘယ္တိုင္းမ္က စစ္ေရးေလ့က်င့္မႈသတင္းကို အဂၤလိပ္ဘာသာျဖင့္ ေဖာ္ျပခဲ့သည္။
ေလယာဥ္တင္သေဘၤာ ရွန္တုံက စက္တင္ဘာလ ၁ ရက္မွစ၍ ဘိုဟိုင္းပင္လယ္အတြင္း ေလ့က်င့္မႈတစ္ ရပ္ စတင္ခဲ့ၿပီး ေလ်ာင္နင္းေလယာဥ္တင္သေဘၤာက စက္တင္ဘာလအေစာပိုင္းကတည္းက ပင္လယ္ဝါအတြင္း ေလ့က်င့္မႈျပဳလုပ္ခဲ့သည္ဟု ဆိုသည္။
တ႐ုတ္နိုင္ငံမွ ေလယာဥ္တင္သေဘၤာႏွစ္စင္း စစ္ေရးေလ့က်င့္မႈမ်ားတြင္ တစ္ၿပိဳင္နက္တည္းျပဳလုပ္မႈကို ျပည္သူမ်ားသို႔ထုတ္ျပန္ျခင္းမွာ ပထမဆုံးအႀကိမ္ျဖစ္ေၾကာင္း ေဆာင္းပါးက ေဖာ္ျပသည္။
တ႐ုတ္တပ္မေတာ္က မၾကာေသးမီႏွစ္မ်ားအတြင္း ေရတပ္အင္အားကို တိုးခ်ဲ႕လ်က္ရွိသည္။ ၂၀၁၂ ခုႏွစ္ တြင္ ေလ်ာင္နင္း ေလယာဥ္တင္ သေဘၤာ ပထမဆုံး ေရခ်ခဲ့ၿပီး ၿပီးခဲ့သည့္ႏွစ္ ဒီဇင္ဘာလတြင္ ရွန္တုံေလယာဥ္တင္ သေဘၤာ ေရခ်ခဲ့သည္။
ေဒသတြင္း၌ တ႐ုတ္နိုင္ငံ၏ ေရေၾကာင္းေဆာင္ရြက္မႈ တိုးျမႇင့္လာျခင္းကိုတန္ျပန္ရန္ ဇူလိုင္လအတြင္း ေတာင္တ႐ုတ္ပင္လယ္အတြင္း အေမရိကန္ ေလယာဥ္တင္ သေဘၤာမ်ား စစ္ေရးေလ့က်င့္ၿပီးေနာက္ တ႐ုတ္ေရတပ္ က ယခုကဲ့သို႔ ေလ့က်င့္မႈမ်ား ျပဳလုပ္ျခင္းျဖစ္သည္။
ေဒသတြင္း၌ အေမရိကန္တပ္မေတာ္၏လႈပ္ရွားမႈကို တန္ျပန္နိုင္ရန္ တ႐ုတ္နိုင္ငံက ေရတပ္အင္အား ၿပ သလ်က္ရွိသည္ဟု ေလ့လာသူမ်ားက ေျပာသည္။
–ကိုးကား–
အင္န္အိတ္ခ်္ေက
Ref; Two Chinese aircraft carriers hold drills

(unicode)

လေယာဉ်တင်သင်္ဘောနှစ်စင်း စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေဟု တရုတ်တပ်မတော် ပြော
နိုင်ငံတကာ၊ စက်တင်ဘာ ၂၅
လေယာဉ်တင်သင်္ဘောနှစ်စင်းက ပုံမှန်လေ့ကျင့်မှုများ သီးခြားစီ ပြုလုပ်ခဲ့ကြောင်း တရုတ်နိုင်ငံ ကာကွယ် ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
စစ်ရေးလေ့ကျင့်မှုများက တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ ရေကြောင်းလှုပ်ရှားမှုအပေါ် အ မေရိကန်နိုင်ငံက တိုးမြှင့်ဖိအားပေးမှုအား လက်တုံ့ပြန်ခြင်းတစ်ရပ်ဟု ယူဆရသည်။
စစ်ရေးလေ့ကျင့်မှုများက စစ်လက်နက်များစမ်းသပ်ခြင်း၊ တပ်ဖွဲ့များ၏ လေ့ကျင့်မှုအဆင့်စစ်ဆေးခြင်းနှင့် မစ်ရှင်များပြီးစီးစေရန် လေယာဉ်တင်သင်္ဘောများ၏ စွမ်းပကားများ အဆင့်မြှင့်တင်ရန်ရယ်ရွယ်ကြောင်း ဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့်ရှိသူ တန်ကီဖေက ပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ၏ အာဘေသတင်းစာ သည်ဂလိုဘယ်တိုင်းမ်က စစ်ရေးလေ့ကျင့်မှုသတင်းကို အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြခဲ့သည်။
လေယာဉ်တင်သင်္ဘော ရှန်တုံက စက်တင်ဘာလ ၁ ရက်မှစ၍ ဘိုဟိုင်းပင်လယ်အတွင်း လေ့ကျင့်မှုတစ် ရပ် စတင်ခဲ့ပြီး လျောင်နင်းလေယာဉ်တင်သင်္ဘောက စက်တင်ဘာလအစောပိုင်းကတည်းက ပင်လယ်ဝါအတွင်း လေ့ကျင့်မှုပြုလုပ်ခဲ့သည်ဟု ဆိုသည်။
တရုတ်နိုင်ငံမှ လေယာဉ်တင်သင်္ဘောနှစ်စင်း စစ်ရေးလေ့ကျင့်မှုများတွင် တစ်ပြိုင်နက်တည်းပြုလုပ်မှုကို ပြည်သူများသို့ထုတ်ပြန်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဆောင်းပါးက ဖော်ပြသည်။
တရုတ်တပ်မတော်က မကြာသေးမီနှစ်များအတွင်း ရေတပ်အင်အားကို တိုးချဲ့လျက်ရှိသည်။ ၂၀၁၂ ခုနှစ် တွင် လျောင်နင်း လေယာဉ်တင် သင်္ဘော ပထမဆုံး ရေချခဲ့ပြီး ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ရှန်တုံလေယာဉ်တင် သင်္ဘော ရေချခဲ့သည်။
ဒေသတွင်း၌ တရုတ်နိုင်ငံ၏ ရေကြောင်းဆောင်ရွက်မှု တိုးမြှင့်လာခြင်းကိုတန်ပြန်ရန် ဇူလိုင်လအတွင်း တောင်တရုတ်ပင်လယ်အတွင်း အမေရိကန် လေယာဉ်တင် သင်္ဘောများ စစ်ရေးလေ့ကျင့်ပြီးနောက် တရုတ်ရေတပ် က ယခုကဲ့သို့ လေ့ကျင့်မှုများ ပြုလုပ်ခြင်းဖြစ်သည်။
ဒေသတွင်း၌ အမေရိကန်တပ်မတော်၏လှုပ်ရှားမှုကို တန်ပြန်နိုင်ရန် တရုတ်နိုင်ငံက ရေတပ်အင်အား ပြ သလျက်ရှိသည်ဟု လေ့လာသူများက ပြောသည်။
–ကိုးကား–
အင်န်အိတ်ချ်ကေ
Ref; Two Chinese aircraft carriers hold drills


Share this post