• Follow Us on

Home ရခိုင္ျပည္နယ္တြင္ အဆင္ေျပသည့္ပတ္၀န္းက်င္ဖန္တီးေပးရမည့္အစား တိုက္ပြဲမ်ားတြင္ ျမန္မာပါ၀င္ေနဟု ဘဂၤလားေဒ့႐ွ္ႏိုင္ငံျခားေရး၀န္ႀကီးစြပ္စြဲ

ရခိုင္ျပည္နယ္တြင္ အဆင္ေျပသည့္ပတ္၀န္းက်င္ဖန္တီးေပးရမည့္အစား တိုက္ပြဲမ်ားတြင္ ျမန္မာပါ၀င္ေနဟု ဘဂၤလားေဒ့႐ွ္ႏိုင္ငံျခားေရး၀န္ႀကီးစြပ္စြဲ

Share this post

ဒါကာ၊ စက္တင္ဘာ ၂၅
 
ရခိုင္ျပည္နယ္တြင္ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)သိန္းခ်ီေနရပ္ျပန္ႏိုင္ရန္ သင့္ေလ်ာ္သည့္ အေျခအေနမ်ားဖန္တီးေပးရမည့္အစား ရခိုင္ျပည္နယ္မွတိုက္ပြဲမ်ားတြင္ ျမန္မာႏုိင္ငံလည္း ပါ၀င္ေနသည္ဟု ဘဂၤလားေဒ့႐ွ္ႏုိင္ငံျခားေရး၀န္ႀကီး ေဒါက္တာ ေအေက အဗၺဒူ မိုမန္က ၾကာသပေတးေန႔တြင္ေျပာသည္။
 
ပဋိပကၡမ်ားၾကာ႐ွည္တည္တံ့ေနျခင္းေၾကာင့္ ေတာ္လွန္လိုစိတ္မ်ားႏွင့္ ၿငိမ္းခ်မ္းေသာေဒသျဖစ္ေရးေမွ်ာ္လင့္ ခ်က္မ်ားပ်က္စီးသြားေစႏိုင္သည့္ မေရရာမႈမ်ားျဖစ္လာႏိုင္သည္ဟုလည္းေျပာသည္။
 
အာ႐ွတိုက္အျပန္အလွန္ဆက္သြယ္ျခင္းႏွင့္ယံုၾကည္မႈတည္ေဆာက္ေရးညီလာခံ(CICA)၏ ႏိုင္ငံျခား ေရး၀န္ႀကီးမ်ားအထူးအစည္းအေ၀းတြင္ ႐ုပ္သံမိန္႔ခြန္းေျပာခဲ့ျခင္းျဖစ္သည္။
 
CICA သည္ အာ႐ွတိုက္တြင္ ၿငိမ္းခ်မ္းေရး၊ လံုၿခံဳေရးႏွင့္ တည္ၿငိမ္မႈပိုမိုရ႐ွိေစရန္ ပူးေပါင္းေဆာင္႐ြက္မႈျမွင့္ တင္ေရး အစိုးရအဖြဲ႔မ်ားၾကားဖိုရမ္ျဖစ္သည္။
 
ဘဂၤလားေဒ့႐ွ္စီးပြားေရး၊ ေဂဟစနစ္ႏွင့္ လူမႈသက္ေရာက္မႈမ်ားကို ၿခိမ္းေျခာက္မႈမ်ား႐ွိေနေသာ္လည္း လူသားခ်င္းစာနာေထာက္ထားမႈအေျခခံျဖင့္ လူအေျမာက္အျမားသတ္ျဖတ္မႈေၾကာင့္ ျမန္မာႏုိင္ငံမွ ထြက္ေျပးလာသည့္ဒုကၡသည္မ်ားကို ဘဂၤလားေဒ့႐ွ္ႏုိင္ငံက ခိုလႈံခြင့္ေပးထားေၾကာင္းလည္း မိုမန္ကေျပာသည္။
 
ဘဂၤါလီျပႆနာကို မေျဖ႐ွင္းပါက ျမန္မာႏိုင္ငံ၏တည္ၿငိမ္မႈႏွင့္စီးပြားေရးတိုးတက္မႈမ်ားကို ထိခိုက္ႏိုင္ၿပီး ျပႆနာကို ဖန္တီးခဲ့သည့္ျမန္မာႏုိင္ငံတြင္သာ အေျဖ႐ွိေနသည္ဟုလည္း ေျပာသည္။
 
Ref : Instead of creating conducive environment, Myanmar engaged in fighting in Rakhine
 
#PeopleMedia
 
(Unicode)
ရခိုင်ပြည်နယ်တွင် အဆင်ပြေသည့်ပတ်ဝန်းကျင်ဖန်တီးပေးရမည့်အစား တိုက်ပွဲများတွင် မြန်မာပါဝင်နေဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးစွပ်စွဲ
……………………………………………………….
 
ဒါကာ၊ စက်တင်ဘာ ၂၅
 
ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)သိန်းချီနေရပ်ပြန်နိုင်ရန် သင့်လျော်သည့် အခြေအနေများဖန်တီးပေးရမည့်အစား ရခိုင်ပြည်နယ်မှတိုက်ပွဲများတွင် မြန်မာနိုင်ငံလည်း ပါဝင်နေသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အေကေ အဗ္ဗဒူ မိုမန်က ကြာသပတေးနေ့တွင်ပြောသည်။
 
ပဋိပက္ခများကြာရှည်တည်တံ့နေခြင်းကြောင့် တော်လှန်လိုစိတ်များနှင့် ငြိမ်းချမ်းသောဒေသဖြစ်ရေးမျှော်လင့် ချက်များပျက်စီးသွားစေနိုင်သည့် မရေရာမှုများဖြစ်လာနိုင်သည်ဟုလည်းပြောသည်။
 
အာရှတိုက်အပြန်အလှန်ဆက်သွယ်ခြင်းနှင့်ယုံကြည်မှုတည်ဆောက်ရေးညီလာခံ(CICA)၏ နိုင်ငံခြား ရေးဝန်ကြီးများအထူးအစည်းအဝေးတွင် ရုပ်သံမိန့်ခွန်းပြောခဲ့ခြင်းဖြစ်သည်။
 
CICA သည် အာရှတိုက်တွင် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်မှုပိုမိုရရှိစေရန် ပူးပေါင်းဆောင်ရွက်မှုမြှင့် တင်ရေး အစိုးရအဖွဲ့များကြားဖိုရမ်ဖြစ်သည်။
 
ဘင်္ဂလားဒေ့ရှ်စီးပွားရေး၊ ဂေဟစနစ်နှင့် လူမှုသက်ရောက်မှုများကို ခြိမ်းခြောက်မှုများရှိနေသော်လည်း လူသားချင်းစာနာထောက်ထားမှုအခြေခံဖြင့် လူအမြောက်အမြားသတ်ဖြတ်မှုကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့်ဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခိုလှုံခွင့်ပေးထားကြောင်းလည်း မိုမန်ကပြောသည်။
 
ဘင်္ဂါလီပြဿနာကို မဖြေရှင်းပါက မြန်မာနိုင်ငံ၏တည်ငြိမ်မှုနှင့်စီးပွားရေးတိုးတက်မှုများကို ထိခိုက်နိုင်ပြီး ပြဿနာကို ဖန်တီးခဲ့သည့်မြန်မာနိုင်ငံတွင်သာ အဖြေရှိနေသည်ဟုလည်း ပြောသည်။
 
Ref : Instead of creating conducive environment, Myanmar engaged in fighting in Rakhine
 
#PeopleMedia

Share this post