• Follow Us on

Home အောက်တိုဘာ (၁) ရက်နေ့မှစ၍ နိုင်ငံ့ဝန်ထမ်းများအား ထုတ်ချေးပေးထားသည့် (၂) လစာအတိုးမဲ့ချေးငွေ ပြန်လည်ပေးသွင်းရန် စီမံဘဏ္ဍာဝန်ကြီးဌာနညွှန်ကြား

အောက်တိုဘာ (၁) ရက်နေ့မှစ၍ နိုင်ငံ့ဝန်ထမ်းများအား ထုတ်ချေးပေးထားသည့် (၂) လစာအတိုးမဲ့ချေးငွေ ပြန်လည်ပေးသွင်းရန် စီမံဘဏ္ဍာဝန်ကြီးဌာနညွှန်ကြား

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၁ (People Media)

 

နိုင်ငံ့ဝန်ထမ်းများကို ထုတ်ချေးပေးထားသည့် (၂) လစာ အတိုးမဲ့ချေးငွေများအား ၂၀၂၁-၂၀၂၂ အောက်တို ဘာလ (၁) ရက်နေ့မှ စတင်ကာ ပြန်လည်ပေးသွင်းရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ စက်တင်ဘာလ ၉ ရက်နေ့တွင် သက်ဆိုင်ရာဌာနအသီးသီးထံ အကြောင်းကြားစာ ပေးပို့လိုက်ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှုများကို ကုစားနိုင်ရန် နိုင်ငံံ့ဝန်ထမ်းများသို့ လစာ(၂)လစာ အတိုးမဲ့ ထုတ်ချေးခြင်းအတွက် လိုက်နာဆောင်ရွက်ရမည့်ကိစ္စများနှင့် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေနှင့် ဆက်စပ်ဆောင်ရွက်သော ကြွေးမြီ၊ အပ်ငွေ၊ ယာယီ စသည် စာရင်းတွင် လျာထား ဆောင်ရွက်နိုင်ရန်ကိစ္စများကို ရည်ညွန်းချက် (၁) နှင့် ရည်ညွန်းချက် (၂) ပါ စာများဖြင့် အကြောင်းကြားခဲ့ ကြောင်း သိရသည်။

 

အဆိုပါ ချေးငွေများကို ဆိုင်ငံ့ကာလ (၆) လ ထပ်မံတိုးမြှင့်၍ ၂၀၂၁-၂၀၂၂ ခုနှစ် ဘဏ္ဍာရေးစနစ် အောက်တို ဘာလ (၁) ရက်မှစ၍ ပြန်လည်ပေးဆပ်ခွင့်ပြုပါကြောင်း ရည်ညွန်းချက် (၃) ပါစာဖြင့် အကြောင်းကြားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

 

သို့ဖြစ်၍ ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ဌာန၊ အဖွဲ့ အစည်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်း လစာ(၂)စာ ကြိုတင်ထုတ်ပေးခဲ့သည့် အတိုးမဲ့ချေးငွေများ ပြန်လည် ကောက်ခံရေးနှင့် စပ်လျဉ်း၍ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှစ၍ ရည်ညွန်းချက်(၁)နှင့် ရည်ညွန်းချက်(၂)ပါ စာများနှင့်အညီ ဆက်လက်ရွက်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ညွန်ကြားစာပေးပို့ခဲ့ကြောင်း သိရ သည်။

 

#PeopleMedia #ချေးငွေ

(unicode)


………………………………………………………………………

 


 


 


 


 


 



Share this post