• Follow Us on

Home ပြည်သူ့အသံနားစွင့်ပြီး ကိုယ်ချင်းစာတရားလက်ကိုင်ထားဆောင်ရွက်ရန် သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်း များကို မန္တလေးတိုင်းဝန်ကြီးချုပ် ပြောကြား

ပြည်သူ့အသံနားစွင့်ပြီး ကိုယ်ချင်းစာတရားလက်ကိုင်ထားဆောင်ရွက်ရန် သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်း များကို မန္တလေးတိုင်းဝန်ကြီးချုပ် ပြောကြား

Share this post

မန္တလေး၊ ဒီဇင်ဘာ ၂၇ (People Media)

 

ပြည်သူ့အသံနားစွင့်ပြီး ကိုယ်ချင်းစာတရားလက်ကိုင်ထားဆောင်ရွက်ရန် သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်း များကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုက ပြောကြားလိုက်သည်။

 

ယမန်နေ့နံနက်ပိုင်းက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမတွင် ကျင်းပခဲ့သည့် တ ရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးဆိုင်ရာဌာန၊ အဖွဲ့အစည်းများတွေ့ဆုံပွဲအခမ်းအနားတွင် ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့သည်။

 

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အစိုးရအဖွဲ့အစည်းများ၏ လုပ် ငန်းဆောင်ရွက်မှုများကို စီမံခန့်ခွဲခြင်း၊ လမ်းညွှန်ခြင်း၊ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းပေးရန် တာဝန်ရှိသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးများသည် ပြည်ထောင်စုအစိုးရအဖွဲ့မှလည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှလည်းကောင်း၊ အုပ်ချုပ်ရေးဦးစီးဌာနမှ လည်းကောင်း၊ အခြားသော ဝန်ကြီးဌာနများမှလည်းကောင်း ပေးအပ်သောလုပ်ငန်းတာဝန်များကို ထမ်းဆောင် ကြရသူများဖြစ်၍ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး နိုင်ငံတော် အစိုးရ၏ယန္တရားများ လည်ပတ်နိုင်ရန် ကြိုးစားဆောင်ရွက်ရန်နှင့် ပြည်သူ့အသံ နားစွင့်ပြီးကိုယ်ချင်းစာတရားလက်ကိုင်ထားဆောင်ရွက်ရန် လိုအပ် ကြောင်း၊ ပြောသည်။

 

တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးအပိုင်းတွင် ဆက်စပ်ပါဝင်နေသော ဥပဒေအရာရှိများအနေဖြင့်လည်း တရားစွဲဆိုခြင်းမပြုမီ ဥပဒေအကြံပေးခြင်း၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပတ်သက်၍ အထွေထွေအကြံပေး ခြင်း၊ တရားစွဲနှင့် အမှုလိုက်လုပ်ငန်းဆောင်ရွက်ခြင်းများတွင် အရည်အသွေးရှိရှိ၊ အရည်အချင်းရှိရှိ တာဝန်ထမ်း ဆောင်ကြရန်လိုကြောင်း၊ ပြစ်မှုကျူးလွန်သူကို ကျူးလွန်သည့်ပြစ်မှုအရ ငြိစွန်းဥပဒေဖြင့် တရားစွဲတင်ပို့နိုင်ရေး၊ ပြစ်မှုနှင့်ငြိစွန်းခြင်းမရှိသူကို တရားစွဲဆိုခြင်းမပြုမိရေး၊ မှန်ကန်စွာသုံးသပ်ဆုံးဖြတ်နိုင်သော အရည်အသွေးရှိရန် ကြိုးစားအားထုတ်ကြရန် မှာကြားလိုကြောင်း မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြားသည်။

 

#PeopleMedia #မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့

 

(unicode)


…………………………………………………………

 

မန်တလေး၊ ဒီဇငျဘာ ၂၇ (People Media)

 


 


 


 


 

#PeopleMedia #မန်တလေးတိုငျးဒသေကွီးအစိုးရအဖှဲ့


Share this post