• Follow Us on

Home နိုင်ငံ့လက်ရွေးစင်အားကစားသမားများအနေဖြင့်လည်း သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှုရှိရန်နှင့် စိတ်ပါဝင်စားစွာဖြင့် တန်ဖိုးထားဂုဏ်ယူစွာယှဉ်ပြိုင်ကစားကြရန် န-စ-ကဥက္ကဋ္ဌ ပြောဆို

နိုင်ငံ့လက်ရွေးစင်အားကစားသမားများအနေဖြင့်လည်း သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှုရှိရန်နှင့် စိတ်ပါဝင်စားစွာဖြင့် တန်ဖိုးထားဂုဏ်ယူစွာယှဉ်ပြိုင်ကစားကြရန် န-စ-ကဥက္ကဋ္ဌ ပြောဆို

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၂၇ (People Media)

 

နိုင်ငံ့လက်ရွေးစင်အားကစားသမားများအနေဖြင့်လည်း သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက် နာမှုရှိရန်နှင့် စိတ်ပါဝင်စားစွာဖြင့် တန်ဖိုးထားဂုဏ်ယူစွာ ယှဉ်ပြိုင်ကစားကြရန်လိုအပ်မည်ဖြစ်ကြောင်း န-စ-က ဥက္ကဋ္ဌက ပြောသည်။

 

ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)နှင့် သုဝဏ္ဏဘောလုံးအားကစားကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့စဉ် န-စ-ကဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောဆိုခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လက်ရှိတွင် မိမိတို့ နိုင်ငံ၏ အားကစားကဏ္ဍအနေဖြင့် ဖွံ့ဖြိုး တိုးတက်မှုအားနည်းလျက်ရှိသည်ကို တွေ့ရှိရပြီး အဆင့်အတန်းတစ်ခုသို့ ရောက်ရှိနိုင်ရေး အခြေခံကျကျ စဉ်းစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်ဟူသည်မှာ မြန်မာ့အား ကစားလုပ်ဆောင်မှုများသည် ကမ္ဘာတစ်ဝန်းကိုလွှမ်းမိုးနေရမည်ဟုမဆိုလိုဘဲ မြန်မာတို့၏ ရိုးရာအားကစားနည်း များကို ကမ္ဘာကသိရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ပြီး၊ ရိုးရာအားကစားနည်းများ၏ အဆင့်အတန်းမြင့်မားရေး၊ နိုင်ငံတကာအားကစားပွဲများတွင် ထည့်သွင်းယှဉ်ပြိုင်နိုင်ရေးတို့အတွက်လည်း ဆက်လက်လုပ်ဆောင်သွားရ မည်ဖြစ်ကြောင်း ပြောသည်။

 

နိုင်ငံတော်မှ ထိုသို့ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ နိုင်ငံ့လက်ရွေးစင်အားကစားသမားများအနေဖြင့် လည်း သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှုရှိရန်၊ စိတ်ပါဝင်စားစွာဖြင့် တန်ဖိုးထားဂုဏ်ယူ စွာ ယှဉ်ပြိုင်ကစားကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံ့လက်ရွေးစင်အားကစားသမားများ၏ ဘဝအာမခံချက်ရှိ စေရေးအတွက်လည်း လုပ်ဆောင်ပေးရမည်ဖြစ်သည့် ထိုက်သင့်သည့် ချီးမြှင့်ငွေများ၊ ရပိုင်ခွင့်များကို ဖြည့် ဆည်းပေးရမည်ဖြစ်ကြောင်း၊ အားကစားနှင့် သက်ဆိုင်သည့်လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းရှင်များကိုလည်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖိတ်ခေါ်ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌကပြောသည်။

 

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ဒေသအသီးသီးရှိ နိုင်ငံတော်အဆင့်ကစားပေးခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကိုလည်း လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဖြည့်ဆည်းပေးနိုင်ရေး ချိတ်ဆက်ဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ အားကစားမြှင့်တင်ဆောင်ရွက်ပေးခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေ ခြင်းနှင့် လူငယ်များ၏စိတ်ဓာတ်(Mind Set)ကိုပြုပြင်ပေးခြင်းပင်ဖြစ်သဖြင့် နောင်လာမည့်ဆယ်စုနှစ်အတွင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး မြန်မာ့အားကစား တစ်ခေတ်ဆန်းလာစေရေးအတွက် ဘက်ပေါင်းစုံမှ ကြိုး ပမ်းဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

#PeopleMedia #နစက #အားကစား

 

(unicode)


………………………………………………………

 


 


 


 


 


 


 



Share this post