• Follow Us on

Home မြန်မာ့တပ်မတော်နှင့် ထိုင်းတပ်မတော်နှစ်ရပ်ကြား ယဉ်ကျေးမှုအနုပညာများဖလှယ်နိုင်ရန်ရည်ရွယ်၍ မြန်မာ့ တပ်မတော်ယဉ်ကျေးမှုအနုပညာအဖွဲ့ ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးထွက်ခွာ

မြန်မာ့တပ်မတော်နှင့် ထိုင်းတပ်မတော်နှစ်ရပ်ကြား ယဉ်ကျေးမှုအနုပညာများဖလှယ်နိုင်ရန်ရည်ရွယ်၍ မြန်မာ့ တပ်မတော်ယဉ်ကျေးမှုအနုပညာအဖွဲ့ ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးထွက်ခွာ

Share this post

နေပြည်တော်၊ မတ် ၉

 

မြန်မာ့တပ်မတော်နှင့် ထိုင်းဘုရင့်တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ပြီး ယဉ်ကျေးမှုအနုပညာများ ဖလှယ်နိုင်ရန် ရည်ရွယ်၍  မြန်မာ့တပ်မတော် ယဉ်ကျေးမှုအနုပညာ အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော် တပ်မတော်လေဆိပ်မှ လေကြောင်းခရီးဖြင့် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးထွက်ခွာသွားခဲ့ကြောင်း သိရသည်။

 

မြန်မာ့တပ်မတော်ယဉ်ကျေးမှု အနုပညာအဖွဲ့ကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးမှ ဗိုလ်မှူးချုပ် ရဲရင့်အောင် ဦးဆောင်သည့်အဖွဲ့ဝင်များ လိုက်ပါသွား ကြောင်း သိရသည်။

 

အဆိုပါ မြန်မာ့တပ်မတော်ယဉ်ကျေးမှုအနုပညာအဖွဲ့တွင် အဖွဲ့ဝင်(၅၁)ဦး ပါဝင်ပြီး၊ မတ် ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ကဇာတ်ရုံ၌ဖျော်ဖြေတင်ဆက်မှု များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ယခုသွားရောက်သည့် မြန်မာ့တပ်မတော်ယဉ်ကျေးမှုအနုပညာအဖွဲ့ သည် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား တတိယအကြိမ်မြောက် ယဉ်ကျေးမှုအပြန်အလှန်ဖလှယ်ခြင်း ဆောင်ရွက်ရန် သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


……………………………………………………….

 


 


 


 


 

#PeopleMedia


Share this post