• Follow Us on
Latest News

Home မြန်မာ့ဆေးဝါးလုပ်ငန်းမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား Myancopharm အမည်ဖြင့် ထုတ်လုပ်သွားမည် ဖြစ်ပြီး တစ်ပုလင်းလျှင် လူငါးဦး ထိုးနှံနိုင်မည်

မြန်မာ့ဆေးဝါးလုပ်ငန်းမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား Myancopharm အမည်ဖြင့် ထုတ်လုပ်သွားမည် ဖြစ်ပြီး တစ်ပုလင်းလျှင် လူငါးဦး ထိုးနှံနိုင်မည်

Share this post

ရန်ကုန်၊ မတ် ၁၄

 

မြန်မာ့ဆေးဝါးလုပ်ငန်းမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား Myancopharm အမည်ဖြင့် ထုတ်လုပ်သွားမည် ဖြစ်ပြီး တစ်ပုလင်းလျှင် လူငါးဦး ထိုးနှံနိုင်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေးအတွက် စက်မှုဝန်ကြီးဌာန မြန်မာ့ ဆေးဝါးလုပ်ငန်းအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေးအတွက် တရုတ် နိုင်ငံ Sinopharm CNBG ဆေးဝါး စက်ရုံနှင့် ဆွေးနွေးညှိနှိုင်းမှုများကို ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်း ဆောင် ရွက်ခဲ့ကြောင်း၊ ကာကွယ်ဆေးထုတ်လုပ်မှုနည်းပညာဆိုင်ရာ ကိစ္စရပ်များဆက်လက်ဆွေးနွေးညှိနှိုင်းရန် အတွက် ကာကွယ်ဆေးထုတ်လုပ်မှုနည်းပညာဆိုင်ရာ လျှို့ဝှက်ချက်ထိန်းသိမ်းမှုသေဘာတူစာချုပ် (Non Disclosure Agreement) အား ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရ သည်။

 

ကာကွယ်ဆေးအား အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကာကွယ်ဆေးထုတ်လုပ်မှု နည်းပညာများကို လွှဲပြောင်းရုံသာမကတရုတ်နိုင်ငံမှ ပညာရှင်နှစ်ဦးလာရောက်ကာ ကာကွယ်ဆေးထုတ်လုပ်မှု နည်းပညာများကို သင်ကြားလေ့ကျင့်ပေးခြင်းနှင့် ထုတ်လုပ်မှုကို ကြီးကြပ်ကွပ်ကဲခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ထုတ်လုပ်သည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ၏ အရည်အသွေးအား ဓာတ်ခွဲစမ်းသပ်နိုင်ရန် အတွက် လေ့ကျင့်သင်ကြားခြင်းများကို ဆောင်ရွက်ပေးခဲ့သည့်အတွက် ကာကွယ်ဆေးများ၏ အာနိသင်အား စမ်းသပ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

 

(unicode)


………………………………………….

 


 


 


 


 



Share this post