• Follow Us on

Home ၂၀၂၀ ရွေးကောက်ပွဲ၌ ကချင်ပြည်နယ်တွင် ကိုယ်စားလှယ်လောင်း ၆၈ ယောက်ဝင်ပြိုင်ရန် ကချင်ပြည်သူ့ပါတီ စီစဉ်


Share this post

ရန်ကုန်၊ ဇူလိုင် – ၁၁






(unicode)
၂၀၂၀ ရွေးကောက်ပွဲ၌ ကချင်ပြည်နယ်တွင် ကိုယ်စားလှယ်လောင်း ၆၈ ယောက်ဝင်ပြိုင်ရန် ကချင်ပြည်သူ့ပါတီ စီစဉ်
…………………………………………………………

ရန်ကုန်၊ ဇူလိုင် – ၁၁

၂၀၂၀ ရွေးကောက်ပွဲ၌ ကချင်ပြည်နယ်တွင် ကိုယ်စားလှယ်လောင်း ၆၈ ယောက်ဝင်ပြိုင်ရန် ကချင်ပြည်သူ့ ပါတီမှ စီစဉ်လျက်ရှိသည်။

ကချင်ပြည်နယ်ရှိ ပြည်သူ့လွှတ်တော် (၁၈) နေရာ၊ အမျိုးသားလွှတ်တော်(၁၂)နေရာ၊ ပြည်နယ်လွှတ်တော်(၃၆) နေရာနှင့် ဗမာရေးရာဝန်ကြီး၊ ရှမ်းရေးရာဝန်ကြီးအပါအဝင် စုစုပေါင်းနေရာ ၆၈ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်သွား ရန် ကချင်ပြည်သူ့ပါတီက စီစဉ်လျက်ရှိသည်။

ထိုသို့ ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း၌ ကချင်ပြည်နယ်၏ ဝါရင့်နိုင်ငံရေးသမားများ၊ လူငယ်နိုင်ငံရေး သမားများ အမျိုးသမီးနိုင်ငံရေးဝါရင့်များ ပါဝင်မည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်းစာရင်းကို ဇူလိုင်လ မကုန်မှီ ထုတ်ပြန်ရန်စီစဉ်ထားသည်။

အလားတူ ကချင်ပြည်နယ်၌ ဒေသခံနိုင်ငံရေးပါတီများ အားကောင်းသည့်အနေအထား၌ ရှိသော်လည်း တရုတ် နှင့်ထိဆက်သည့် ပထဝီနိုင်ငံရေးကိုလည်း သတိချက်ရမည်ဖြစ်ကြောင်း စာရေးဆရာကြီး ဦးကျော်ဝင်းက ဆိုပါတယ်။

#PeopleMedia #ကချင်ပြည်သူ့ပါတီ #2020election #political


Share this post