• Follow Us on

Home ၂၀၂၀ ေရြးေကာက္ပြဲ၌ အာဏာရပါတီ၏ ရလဒ္သည္ ၂၀၁၅ ႏွင့္ ေျပာင္းျပန္ျဖစ္ႏုိင္ေၾကာင္း တစညပါတီဒုဥကၠ႒ ဦးဟန္ေ႐ႊဆုိ

၂၀၂၀ ေရြးေကာက္ပြဲ၌ အာဏာရပါတီ၏ ရလဒ္သည္ ၂၀၁၅ ႏွင့္ ေျပာင္းျပန္ျဖစ္ႏုိင္ေၾကာင္း တစညပါတီဒုဥကၠ႒ ဦးဟန္ေ႐ႊဆုိ

Share this post

ရန္ကုန္၊ ဇူလုိင္ – ၁၁

၂၀၂၀ ေရြးေကာက္ပြဲ၌ အာဏာရပါတီ၏ ရလဒ္သည္ ၂၀၁၅ ႏွင့္ ေျပာင္းျပန္ျဖစ္ႏုိင္ေၾကာင္း တစညပါတီဒုဥကၠ႒ ဦးဟန္ေ႐ႊ ဆုိပါတယ္။

“ျပည္သူက သိသြားတာေလ။ ၅ ႏွစ္ အစိုးရလုပ္တဲ့အခါမွာေပါ့။ ပထမပိုင္းကေတာ့ ပုဂၢိဳလ္ေရးအရေရာ အဖြဲ႕ အစည္းအရေရာ မၾကည့္ေတာ့ဘဲ ပုံေအာေပးတာေပါ့ေလ။ ေနာက္တစ္ခါ လူကိုမၾကည့္ပါနဲ႔ ပါတီကိုၾကည့္ေပးပါ ဆိုေတာ့ ပါတီကိုေပးတယ္။ အခု အစိုးရငါးႏွစ္လုပ္လာၾကတဲ့အခါၾကေတာ့ မဲေပးတဲ့ျပည္သူက အေတြ႕အႀကဳံရွိ လာတာေပါ့။ ဘာခ်ိဳ႕ယြင္းခ်က္ရွိလဲ။ ဘာအားနည္းခ်က္ရွိလဲ ဒီလိုသုံးသပ္နိုင္လာတဲ့အေနအထားရွိပါတယ္။ ဒါေၾကာင့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ တခ်ိဳ႕ရလဒ္ေတြဟာ ေျပာင္းျပန္ျဖစ္သြားႏုိင္တယ္ဆိုတာ ဒါအေမရိကန္ေ႐ြး ေကာက္ပြဲ ဥပမာက အထင္ရွားဆုံးျဖစ္ပါတယ္။ ဒါေၾကာင့္ အခုလာမဲ့ေ႐ြးေကာက္ပြဲမွာ အာဏာရပါတီက အရင္ ၂၀၁၅ ေ႐ြးေကာက္ပြဲလို မဲအျပတ္အသတ္မရေတာ့ဘူးဆိုတာ ေတာ္ေတာ္မ်ားမ်ားက အဲဒီလိုေဝဖန္သုံးသပ္ၾက ပါတယ္” ဟု ၎ကေျပာပါတယ္။

အလားတူ တစညပါတီသည္ လာမည့္ေရြးေကာက္ပြဲ၌ ရခုိင္ျပည္နယ္မွအပ က်န္တုိင္းေဒသႀကီးျပည္နယ္ မ်ားတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ ျပင္ဆင္ထားေသာ္လည္း အခ်ဳိ႕မဲဆႏၵနယ္မ်ား၌ ေဒသပါတီမ်ားကုိ ဦးစား ေပးမယ္လုိ႔ ဦးဟန္ေ႐ႊကဆုိပါတယ္။

တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးပါတီသည္ ၂၀၁၀ ေ႐ြးေကာက္ပြဲတြင္ ကိုယ္စားလွယ္ေနရာ ၆၇ ေနရာ အနိုင္ရရွိခဲ့ၿပီး ၂၀၁၅ခုႏွစ္ေ႐ြးေကာက္ပြဲတြင္ ကခ်င္ျပည္နယ္မွ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ေနရာသာ အႏုိင္ရရွိခဲ့ပါတယ္။ ၂၀၁၀ ေ႐ြးေကာက္ပြဲတြင္ usdp ပါတီမွ အနိုင္ရရွိကာ သမၼတဦးသိန္းစိန္ေခါင္းေဆာင္ ေသာအစိုးရတစ္ရပ္မွ ၂၀၁၁ မွ ၂၀၁၅ ခုႏွစ္အထိ တာ၀န္ယူအုပ္ခ်ဳပ္ခဲ့ၿပီး ၂၀၁၅ ေ႐ြးေကာက္ပြဲတြင္ NLD ပါတီမွ တစ္ႏုိင္ငံလုံးေထာက္ခံဆႏၵမဲထက္၀က္ေက်ာ္ျဖင့္ အႏုိင္ရရွိကာ အစိုးရတစ္ရပ္ဖြဲ႕စည္းႏုိင္ခဲ့သည္။ ၂၀၁၅ အေထြေထြေ႐ြးေကာက္ပြဲတြင္ ဆႏၵမဲေပးခြင့္ရွိသူ ၃၄သန္းေက်ာ္ရွိၿပီး ၂၀၂၀ေ႐ြးေကာက္ပြဲတြင္ ဆႏၵမဲေပးခြင့္ ရွိသူ ၃၇ သန္းေက်ာ္ရွိၿပီး ေ႐ြးေကာက္ပြဲအား ၂၀၂၀ ႏုိ၀င္ဘာ ၈ ရက္တြင္ က်င္းပမည္ျဖစ္ေၾကာင္း ျပည္ေထာင္ စုေ႐ြးေကာက္ပြဲေကာ္မရွင္ကေၾကညာထားသည္။

#PeopleMedia #2020election

(unicode)
၂၀၂၀ ရွေးကောက်ပွဲ၌ အာဏာရပါတီ၏ ရလဒ်သည် ၂၀၁၅ နှင့် ပြောင်းပြန်ဖြစ်နိုင်ကြောင်း တစညပါတီဒုဥက္ကဋ္ဌ ဦးဟန်ရွှေဆို
………………………………………………

ရန်ကုန်၊ ဇူလိုင် – ၁၁

၂၀၂၀ ရွေးကောက်ပွဲ၌ အာဏာရပါတီ၏ ရလဒ်သည် ၂၀၁၅ နှင့် ပြောင်းပြန်ဖြစ်နိုင်ကြောင်း တစညပါတီဒုဥက္ကဋ္ဌ ဦးဟန်ရွှေ ဆိုပါတယ်။

“ပြည်သူက သိသွားတာလေ။ ၅ နှစ် အစိုးရလုပ်တဲ့အခါမှာပေါ့။ ပထမပိုင်းကတော့ ပုဂ္ဂိုလ်ရေးအရရော အဖွဲ့ အစည်းအရရော မကြည့်တော့ဘဲ ပုံအောပေးတာပေါ့လေ။ နောက်တစ်ခါ လူကိုမကြည့်ပါနဲ့ ပါတီကိုကြည့်ပေးပါ ဆိုတော့ ပါတီကိုပေးတယ်။ အခု အစိုးရငါးနှစ်လုပ်လာကြတဲ့အခါကြတော့ မဲပေးတဲ့ပြည်သူက အတွေ့အကြုံရှိ လာတာပေါ့။ ဘာချို့ယွင်းချက်ရှိလဲ။ ဘာအားနည်းချက်ရှိလဲ ဒီလိုသုံးသပ်နိုင်လာတဲ့အနေအထားရှိပါတယ်။ ဒါကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ တချို့ရလဒ်တွေဟာ ပြောင်းပြန်ဖြစ်သွားနိုင်တယ်ဆိုတာ ဒါအမေရိကန်ရွေး ကောက်ပွဲ ဥပမာက အထင်ရှားဆုံးဖြစ်ပါတယ်။ ဒါကြောင့် အခုလာမဲ့ရွေးကောက်ပွဲမှာ အာဏာရပါတီက အရင် ၂၀၁၅ ရွေးကောက်ပွဲလို မဲအပြတ်အသတ်မရတော့ဘူးဆိုတာ တော်တော်များများက အဲဒီလိုဝေဖန်သုံးသပ်ကြ ပါတယ်” ဟု ၎င်းကပြောပါတယ်။

အလားတူ တစညပါတီသည် လာမည့်ရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ်မှအပ ကျန်တိုင်းဒေသကြီးပြည်နယ် များတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ထားသော်လည်း အချို့မဲဆန္ဒနယ်များ၌ ဒေသပါတီများကို ဦးစား ပေးမယ်လို့ ဦးဟန်ရွှေကဆိုပါတယ်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်နေရာ ၆၇ နေရာ အနိုင်ရရှိခဲ့ပြီး ၂၀၁၅ခုနှစ်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်တစ်နေရာသာ အနိုင်ရရှိခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲတွင် usdp ပါတီမှ အနိုင်ရရှိကာ သမ္မတဦးသိန်းစိန်ခေါင်းဆောင် သောအစိုးရတစ်ရပ်မှ ၂၀၁၁ မှ ၂၀၁၅ ခုနှစ်အထိ တာဝန်ယူအုပ်ချုပ်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီမှ တစ်နိုင်ငံလုံးထောက်ခံဆန္ဒမဲထက်ဝက်ကျော်ဖြင့် အနိုင်ရရှိကာ အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ခဲ့သည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၃၄သန်းကျော်ရှိပြီး ၂၀၂၀ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့် ရှိသူ ၃၇ သန်းကျော်ရှိပြီး ရွေးကောက်ပွဲအား ၂၀၂၀ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ကကြေညာထားသည်။

#PeopleMedia #2020election


Share this post