• Follow Us on

Home ရုရှားထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်ဝယ်ယူခြင်း တူရကီစွန့်လွှတ်နိုင်

ရုရှားထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်ဝယ်ယူခြင်း တူရကီစွန့်လွှတ်နိုင်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၅ (People Media)

 

တူရကီနိုင်ငံသည် အီတလီထုတ် SAMP / T တာလတ်ပစ် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်ကို ဝယ် ယူရန် စိတ်ဝင်စားနေကြောင်း တူရကီသမ္မတရီဆက်တေရစ်အာဒိုဂန်ကပြောကြားလိုက်သည်။

 

ယင်းသို့ပြောကြားလိုက်ခြင်းမှာ အမေရိကန်ပြည်ထောင်စုက ထောက်ပံ့မည့် F-16 တိုက်လေယာဉ်အစင်း ၇၀ ပေးပို့ရေးကိစ္စကို အပေးအယူအလျှော့အတင်းလုပ်ရန် ကြိုးစားမှုဖြစ်နိုင်ကြောင်းပြောကြားနေကြသည်။

 

SAMP / T တာလတ်ပစ် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်ကို အီတလီနှင့် ပြင်သစ်တို့ ပူးတွဲထုတ်လုပ် နေခြင်းဖြစ်သော်လည်း ပြင်သစ်နှင့် တူရကီတို့သည် လစ်ဗျားနိုင်ငံနှင့် မြေထဲပင်လယ်ဒေသ လွှမ်းမိုးကြီးစိုးရေး အတွက် ပဋိပက္ခဖြစ်နေသဖြင့် တူရကီသမ္မတအာဒိုဂန်က အီတလီနှင့် အလုပ်လုပ်ရန်သာ တောက်လျှောက် ပြောကြားလျက်ရှိသည်။

 

ပြင်သစ်တပ်မတော်ကရွေးချယ်သတ်မှတ်ထားသော SAMP / T တာလတ်ပစ် လေကြောင်းရန်ကာကွယ်ရေးဒုံး ကျည်စနစ် သို့မဟုတ် MAMBA ကို ကီလိုမီတာ ၆၀၀ အထိ ပစ်ခတ်နိုင်စွမ်းရှိသော တိုက်လေယာဉ်များ၊ မောင်း သူမဲ့လေယာဉ်မျာ၊ ခရုစ်ဒုံးကျည်များနှင့် ပဲ့ထိန်းဒုံးကျည်များ၏ တိုက်ခိုက်မှုမှ လေဆိပ်များ၊ ဆိပ်ကမ်းများရှိ တပ် ဖွဲ့ဝင်များနှင့် အခြေခံအဆောက်အဦများကို ကာကွယ်ရန် ပုံစံရေးဆွဲထုတ်လုပ်ထားဖြင်းဖြစ်သည်။

 

SAMP / T တာလတ်ပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်သည် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည် Aster 30 block 1 အဆင့်နှစ်ဆင့်ကိုအသုံးပြုထားသည်။ အဆိုပါဒုံးကျည်သည် ပင်လယ်ရေမျက်နှာပြင်ထက် အမြင့် ၅၀ မီတာမှ ၂၀ ကီလိုမီတာအတွင်းရှိ လေကြောင်းပစ်မှတ်များကို ကြားဖြတ်တိုက်ခိုက်နိုင်စွမ်းရှိသည်။

 

၃ ကီလိုမီတာထက်ပိုသော ပစ်မှတ်တစ်ခုကို ကြားဖြတ်ပစ်ချသည့်အခါ Aster 30 block 1 ၏ ပစ်ခတ်နိုင်သော အကွာအဝေးမှာ ကီလိုမီတာ ၁၀၀ ဖြစ်ပြီး ၃ ကီလိုမီတာထက်မပိုသော ပစ်မှတ်တစ်ခုကို ကြားဖြတ်ပစ်ချသည့် အခါ Aster 30 block 1 ၏ ပစ်ခတ်နိုင်သော အကွာအဝေးမှာ ကီလိုမီတာ ၅၀ ဖြစ်သည်။

 

တူရကီနိုင်ငံက SAMP / T တာလတ်ပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ် ဝယ်ယူနိုင်သည်ဆိုသည့် သတင်းမှာ အခြားသတင်းနှစ်ခုနှင့် တိုက်ဆိုင်နေသည်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် တူရကီနိုင်ငံအနေဖြင့် ရုရှားထုတ် S-400 SAM များ ဝယ်ယူရည် ရည်ရွယ်ထားကြောင်း သမ္မတအာဒိုဂန်က ကြေညာခဲ့သည်။

 

တပြိုင်တည်းမှာပင် F-35 တိုက်လေယာဉ်ထုတ်လုပ်ရေးစီမံချက်မှ တူရကီနိုင်ငံထွက်ခွာသွားရသည့် အတွက် လျော်ကြေးပေးသည့်အနေဖြင့် တူရကီလေတပ်အတွက် SAMP / T fighters အသစ် ၄၀ ထောက်ပံ့သွားနိုင် ရေး တူရကီနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့ ၂၀၂၁ ခုနှစ် အောက်တိုဘာလအကုန်တွင် ဆွေးနွေးညှိနှိုင်း ခဲ့ကြသည်။

 

တူရကီနိုင်ငံက ရုရှားထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ဝယ်ယူခဲ့သည့်အတွက် အမေရိ ကန်နှင့် ပူးတွဲထုတ်လုပ်ဝယ်ယူမည့် ပဉ္စမမြောက်မျိုးဆက် F-35 တိုက်လေယာဉ်ထုတ်လုပ်ရေးအစီအစဉ်ကို အမေရိကန်ဘက်ကဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။

 

Ref: Turkey is about to give up the Russian S-400 missile systems

 

#PeopleMedia

 

(unicode)


…………………………………………………………..

 


 


 


 


 


 


 


 


 


 


 

Ref: Turkey is about to give up the Russian S-400 missile systems

 

#PeopleMedia


Share this post