• Follow Us on

Home ရုရှားနိုင်ငံက မကြာခင် နေတိုးနိုင်ငံတွေကို တိုက်ခိုက်လာလိမ့်မယ်လို့ ဇီလန်စကီးပြော

ရုရှားနိုင်ငံက မကြာခင် နေတိုးနိုင်ငံတွေကို တိုက်ခိုက်လာလိမ့်မယ်လို့ ဇီလန်စကီးပြော

Share this post

Open photo

နိုင်ငံတကာ၊ မတ် ၁၄

 

ရုရှားနိုင်ငံဟာ မကြာခင်ကာလအတွင်းမှာ နေတိုးနိုင်ငံတွေကို တိုက်ခိုက်လာလိမ့်မယ်လို့ ယူကရိန်းသမ္မတ ဗလာဒီမာဇီလန်စကီးက သတိပေးလိုက်ပါတယ်။

 

ယူကရိန်းနိုင်ငံဝေဟင်ပိုင်နက်ကို လေယာဉ်မပျံသန်းရဇုံအဖြစ်သတ်မှတ်ပေးဖို့ နေတိုးအဖွဲ့ဝင် မဟာမိတ်နိုင်ငံ တွေကို ထပ်ဖန်တလဲလဲတောင်းဆိုနေစဉ်အတွင်းမှာပဲ ဇီလန်စကီးက အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။

 

“လွန်ခဲ့တဲ့နှစ်က ကျွန်တော် နေတိုးအဖွဲ့ခေါင်းဆောင်တွေကို ရှင်းရှင်းလင်းလင်း သတိပေးခဲ့ပါတယ်။ ရုရှား နိုင်ငံကို ထိရောက်ပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှုမျိုးမလုပ်ထားဘူးဆိုရင် စစ်ပွဲတစ်ပွဲဖြစ်လာလိမ့်မယ်လို့ ကျွန်တော်သတိပေးခဲ့ပါတယ်။” လို့ ဇီလန်စကီးက တနင်္ဂနွေနေ့က ၎င်းရဲ့လူမှုကွန်ရက်ကနေ တင်ခဲ့တဲ့ဗီဒီယို ဖိုင်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

 

“ကျွန်တော်တို့ပြောတာမှန်ပါတယ်။ အခု နောက်ထပ်တစ်ကြိမ်ထပ်ပြောပါမယ်။ ကျွန်တော်တို့ လေကြောင်းပိုင် နက်ကို လေယာဉ်မပျံသန်းရဇုံအဖြစ် မသတ်မှတ်ဘူးဆိုရင် ရုရှားဒုံးကျည်တွေဟာ ခင်ဗျားတို့ ပိုင်နက်တွေထဲကို မကြာခင် ကျရောက်လာပါလိမ့်မယ်။ နေတိုးပိုင်နက် ….. နေတိုးအဖွဲ့ဝင်နိုင်ငံသားတွေရဲ့ အိမ်တွေပေါ်ကို ရုရှား ဒုံးကျည်တွေကျရောက်လာပါလိမ့်မယ်။” လို့ ၎င်းက ပြောပါတယ်။

 

စစ်ပွဲအဆုံးသတ်နိုင်ရေးအတွက် ရုရှားနိုင်ငံနဲ့ စေ့စပ်ညှိနှိုင်းမှုပြုလုပ်ရေးဟာ လမ်းကြောင်းပေါ်မှာပဲရှိနေသေး ကြောင်း၊ ၎င်းနဲ့ ရုရှားသမ္မတဗလာဒီမာပူတင်တို့ကြားမှာ တွေ့ဆုံဆွေးနွေးဖို့ ဖြစ်လာနိုင်သေးကြောင်းကိုလည်း သမ္မတဇီလန်စကီးက ပြောပါတယ်။

 

နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့တွေက ကိုယ်စားလှယ်တွေဟာ ဗီဒီယိုကတစ်ဆင့် နေ့စဉ်တွေ့ဆုံမှုရှိနေကြကြောင်း ဇီလန်စကီးက ထုတ်ဖော်ပြောကြားလိုက်ပြီး အဲဒီအဖွဲ့က ကိုယ်စားလှယ်တွေဟာ သမ္မတနှစ်ယောက်တွေ့ဆုံ ဆွေးနွေးခွင့်ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြကြောင်း၊ အဲဒီသမ္မတနှစ်ယောက်တွေ့ဆုံဆွေးနွေးရေး ဟာ ပြည်သူတွေမျှော်လင့်နေတဲ့တွေ့ဆုံပွဲဖြစ်တယ်ဆိုတာ ၎င်းအနေနဲ့ အတိအကျပြောနိုင်ကြောင်း ဇီလန်စကီး က ပြောကြားလိုက်ပါတယ်။

 

Ref: War: Russia will attack NATO soon – Zelensky warns, to meet Putin

 

(unicode)


………………………………………….

 


 


 


 


 


 


 


 

Ref: War: Russia will attack NATO soon – Zelensky warns, to meet Putin


Share this post