• Follow Us on

Home နစကနှင့် ပူးပေါင်းဆောင်ရွက်မှသာ ဒုက္ခရောက်သူများကို ကူညီနိုင်မည်ဖြစ်ကြောင်း ဂျပန်အထူးကိုယ်စားလှယ် Mr. Sasakawa Yohei က ပြော

နစကနှင့် ပူးပေါင်းဆောင်ရွက်မှသာ ဒုက္ခရောက်သူများကို ကူညီနိုင်မည်ဖြစ်ကြောင်း ဂျပန်အထူးကိုယ်စားလှယ် Mr. Sasakawa Yohei က ပြော

Share this post

ရန်ကုန်၊ မတ် ၁၄

 

နစကနှင့် ပူးပေါင်းဆောင်ရွက်မှသာ ဒုက္ခရောက်သူများကို ကူူညီနိုင်မည်ဖြစ်ကြောင်း ဂျပန်အထူးကိုယ်စားလှယ် Nippon Foundation ဥက္ကဋ္ဌ Mr. Sasakawa Yohei က ပြောသည်။

 

ဗိုလ်မှူးကြီး ခွန်ဥက္ကာ ပါဝင်သော PPST ဦးဆောင်မှု အလုပ်အဖွဲ့နှင့် မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ် ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ် Mr. Sasakawa Yohei တို့ မတ်လ (၁၀) ရက်နေ့က တွေ့ဆုံ စဉ် ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံတွင် လက်နက်ပိုင်ပဋိပက္ခများကြောင့် အတိဒုက္ခရောက်နေကြသော စစ်ဘေးရှောင်များ၊ ဒုက္ခသည် များကို များစွာစာနာသနား၍ ကူညီပံ့ပိုးပေးခဲ့သည်မှာ ဆယ်စုနှစ် နှစ်ချမျှ ကြာခဲ့ပြီဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် ဖေ ဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ပဋိပက္ခများကြီးထွား ကျယ်ပြန့်လာခြင်းမှာ များစွာ စိုး ရိမ်ဖွယ်ရာဖြစ်ကြောင်း အထူးသဖြင့် လက်နက်မဲ့ အပြစ်မဲ့ သာမန်ပြည်သူများ၊ ကလေးသူငယ်၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများ အပါအဝင် သိန်းချီသော ပြည်သူများ အတိဒုက္ခရောက်နေရခြင်း၊ စာနပ်ရိက္ခာ မလုံ လောက်ခြင်း၊ ရောဂါဘယ ဘေးဒဏ်ခံစားနေကြရခြင်းအပေါ် လွန်စွာ စိတ်မကောင်းဖြစ်ရကြောင်း၊ လက်ရှိ SACနှင့် မလွှဲမရောင်သာ ပူးပေါင်းဆောင်ရွက်မှသာ ဒုက္ခရောက်သူများကို ကူညီနိုင်မည် ဖြစ်၍ နားလည်မှု ပေးကြရန် မေတ္တာရပ်ခံကြောင်း Mr. Sasakawa Yoheiက ပြောကြားခဲ့ကြောင်း PPST မှ ထုတ်ပြန်ထားသည်။

 

တွေ့ဆုံမှုအပေါ် အထင်မမြင်လွဲမှားမှုများမရှိစေရန် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း၊ အဓိကမှာ အပြစ်မဲ့၊ လက် နက်မဲ့ သာမန်ပြည်သူများအားလုံးကို စစ်ဘေးစစ်ဒဏ်မှ ကင်းဝေးစေလျက် အကာအကွယ်ပေးနိုင်ခြင်း (Civilian Protection Operation) အမြန်စုပေါင်းလုပ်ဆောင်နိုင်ရန်နှင့် (Humanitarian Assistance) အမြန်ဆုံးပေးဝေနိုင်ရန် ညှိနှိုင်းတိုင်ပင်ကြခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia

 

(unicode)


…………………………………..

 


 


 


 


 


 

#PeopleMedia


Share this post