• Follow Us on

Home ႐ုရွားႏုိင္ငံ၌ က်င္းပသည့္ စစ္ေရးျပအခမ္းအနားသုိ႔ သြားေရာက္ခဲ့သည့္ တပ္ခ်ဳပ္ဦးေဆာင္သည့္ ကုိယ္စားလွယ္ အဖြဲ႕ COVID-19 ေရာဂါပုိးမရွိ၍ မူလစစ္ဘက္တာဝန္မ်ား ျပန္လည္ထမ္းေဆာင္

႐ုရွားႏုိင္ငံ၌ က်င္းပသည့္ စစ္ေရးျပအခမ္းအနားသုိ႔ သြားေရာက္ခဲ့သည့္ တပ္ခ်ဳပ္ဦးေဆာင္သည့္ ကုိယ္စားလွယ္ အဖြဲ႕ COVID-19 ေရာဂါပုိးမရွိ၍ မူလစစ္ဘက္တာဝန္မ်ား ျပန္လည္ထမ္းေဆာင္

Share this post

ရန္ကုန္၊ ဇူလုိင္ – ၈

႐ုရွားႏုိင္ငံ၌ က်င္းပသည့္ Victory Day of Great Patriotic War (၇၅)ႏွစ္ေျမာက္ အထိမ္းအမွတ္စစ္ေရးျပ အခမ္းအနားသို႔ တက္ေရာက္ခဲ့သည့္တပ္ခ်ဳပ္ဦးေဆာင္ေသာ ကုိယ္စားလွယ္အဖြဲ႕ COVID-19 ေရာဂါပုိးမရွိ၍ မူလစစ္ဘက္တာဝန္မ်ားကုိ ယေန႔မွစ၍ ျပန္လည္ထမ္းေဆာင္ၾကမည္ျဖစ္သည္။

အဆုိပါအခမ္းအနားကုိ တက္ေရာက္ခဲ့သည့္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ ခ်စ္ၾကည္ေရးကိုယ္စားလွယ္အဖြဲ႕ဝင္မ်ားသည္ ဇြန္ ၂၅ ရက္ ညပိုင္းတြင္ ေနျပည္ေတာ္ေလဆိပ္သို႔ ျပန္လည္ ေရာက္ရွိလာခဲ့ၿပီး သတ္မွတ္ထားသည့္ေနရာမ်ား၌ Home Quarantine၊ Facilities Quarantine စနစ္တက် ေနထိုင္ခဲ့သည္။

အဆိုပါ ျမန္မာ့တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕ဝင္မ်ားကို ဇြန္ ၃၀ ရက္တြင္လည္းေကာင္း၊ ဒုတိယအႀကိမ္အျဖစ္ ဇူလိုင္ ၇ ရက္တြင္လည္းေကာင္း ႏွာေခါင္းတို႔ဖတ္၊ အာေခါင္တို႔ဖတ္မ်ား ရယူ၍ Polymerase Chain Reaction (PCR) နည္းျဖင့္ ဓာတ္ခြဲစစ္ေဆးခဲ့ရာ COVID-19 ေရာဂါပိုးေတြ႕ရွိမႈ မရွိ(မရွိ)ေၾကာင္း အတည္ျပဳသိရွိရၿပီး ယေန႔မွစ၍ လုပ္ငန္းတာဝန္မ်ားကို ျပန္လည္ထမ္းေဆာင္လ်က္ရွိေၾကာင္း တပ္မေတာ္က သတင္းထုတ္ျပန္ထား သည္။

#PeopleMedia #COVID #တပ္မေတာ္

(unicode)
ရုရှားနိုင်ငံ၌ ကျင်းပသည့် စစ်ရေးပြအခမ်းအနားသို့ သွားရောက်ခဲ့သည့် တပ်ချုပ်ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ COVID-19 ရောဂါပိုးမရှိ၍ မူလစစ်ဘက်တာဝန်များ ပြန်လည်ထမ်းဆောင်
………………………………………………………

ရန်ကုန်၊ ဇူလိုင် – ၈

ရုရှားနိုင်ငံ၌ ကျင်းပသည့် Victory Day of Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ်စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ခဲ့သည့်တပ်ချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ COVID-19 ရောဂါပိုးမရှိ၍ မူလစစ်ဘက်တာဝန်များကို ယနေ့မှစ၍ ပြန်လည်ထမ်းဆောင်ကြမည်ဖြစ်သည်။

အဆိုပါအခမ်းအနားကို တက်ရောက်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များသည် ဇွန် ၂၅ ရက် ညပိုင်းတွင် နေပြည်တော်လေဆိပ်သို့ ပြန်လည် ရောက်ရှိလာခဲ့ပြီး သတ်မှတ်ထားသည့်နေရာများ၌ Home Quarantine၊ Facilities Quarantine စနစ်တကျ နေထိုင်ခဲ့သည်။

အဆိုပါ မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ဝင်များကို ဇွန် ၃၀ ရက်တွင်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ဇူလိုင် ၇ ရက်တွင်လည်းကောင်း နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်များ ရယူ၍ Polymerase Chain Reaction (PCR) နည်းဖြင့် ဓာတ်ခွဲစစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုးတွေ့ရှိမှု မရှိ(မရှိ)ကြောင်း အတည်ပြုသိရှိရပြီး ယနေ့မှစ၍ လုပ်ငန်းတာဝန်များကို ပြန်လည်ထမ်းဆောင်လျက်ရှိကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထား သည်။

#PeopleMedia #COVID #တပ်မတော်


Share this post