• Follow Us on

Home တ႐ုတ္ႏိုင္ငံတြင္ကို႐ိုနာဗိုင္းရပ္စ္စတင္ေတြ႕႐ွိေၾကာင္းေျပာဆိုခ်က္မ်ားကို သံသယ႐ွိေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရး၀န္ႀကီးေျပာ

တ႐ုတ္ႏိုင္ငံတြင္ကို႐ိုနာဗိုင္းရပ္စ္စတင္ေတြ႕႐ွိေၾကာင္းေျပာဆိုခ်က္မ်ားကို သံသယ႐ွိေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရး၀န္ႀကီးေျပာ

Share this post

ေအာ့စလို၊ ၾသဂုတ္ ၂၈

ကို႐ိုနာဗိုင္းရပ္စ္ တ႐ုတ္ႏိုင္ငံတြင္သေႏၶတည္သည္ဆိုသည့္အခ်က္ မ႐ွင္းလင္းေၾကာင္း တ႐ုတ္အစိုးရ၏ထိပ္တန္သံတမန္၊ ႏိုင္ငံေတာ္ေကာင္စီ၀င္ ၀မ္ယီက ၾကာသပေတးေန႔တြင္ေျပာၿပီး က်န္းမာေရးကၽြမ္းက်င္သူမ်ားႏွင့္ႏိုင္ငံျခားအစိုးရမ်ား၏အျမင္ကို သံသယျဖစ္ေၾကာင္းေျပာသည္။

ဗိုင္းရပ္စ္တည္႐ွိေနမႈကို ကမာၻ႔က်န္းမာေရးအဖြဲ႔ WHO ထံ တ႐ုတ္ႏိုင္ငံက ပထမဆံုးသတင္းပို႔ခဲ့ေသာ္လည္း ထိုအခ်က္ေၾကာင့္ ဗိုင္းရပ္စ္သည္ တ႐ုတ္ႏိုင္ငံတြင္သေႏၶတည္သည္ဟုမသက္ေရာက္ေၾကာင္း ေနာ္ေ၀းႏိုင္ငံခရီးစဥ္တြင္ ၀မ္ယီကေျပာသည္။

ၿပီးခဲ့သည့္လမ်ားအတြင္း ကမာၻ႔ေနရာအမ်ားအျပားတြင္ ဗိုင္းရပ္စ္ေပၚထြက္လာေၾကာင္းအစီရင္ခံစာမ်ားကို ျမင္ေတြ႕ခဲ့ရၿပီး တ႐ုတ္ႏိုင္ငံထက္ေစာစီးစြာထြက္ေပၚလာႏိုင္ေၾကာင္း ၀မ္ယီက စကားျပန္ကတစ္ဆင့္ သတင္းေထာက္မ်ားကိုေျပာသည္။

တ႐ုတ္ႏိုင္ငံ၊ ဝူဟန္ၿမိဳ႕မွက်န္းမာေရးအာဏာပိုင္မ်ားက ဒီဇင္ဘာတြင္ ကို႐ိုနာဗိုင္းရပ္စ္သစ္ျဖစ္လာသည့္ပထမဆံုးကူးစက္မႈကို အစီရင္ခံခဲ့ၿပီး ဗိုင္းရပ္စ္ေၾကာင့္ ပထမဆံုးေသဆံုးမႈကို ဇန္နဝါရီတြင္ အစီရင္ခံခဲ့သည္။

“ဗိုင္းရပ္စ္ဘယ္ေနရာကေန ဘယ္လိုစသလဲဆိုတာ သိပၸံပညာ႐ွင္ေတြနဲ႔က်န္းမာေရးကၽြမ္းက်င္သူေတြအတြက္ ထားသင့္ပါတယ္။ ႏိုင္ငံေရးအသြင္မေျပာင္းသင့္သလို ကဲ့ရဲ႕႐ွဳတ္ခ်တာလည္းမလုပ္သင့္ပါဘူး။” ဟု ၀မ္ကေျပာသည္။

ကို႐ိုနာဗိုင္းရပ္စ္ကို “တ႐ုတ္ဗိုင္းရပ္စ္” ဟု အေမရိကန္သမၼတ ေဒၚနယ္ ထရမ့္ကေဖာ္ျပသျဖင့္ ေ၀ဖန္မႈမ်ား႐ွိခဲ့သည္။

Ref : Senior Chinese diplomat Wang Yi casts doubt on COVID-19 originating in China

#PeopleMedia

(unicode)
တရုတ်နိုင်ငံတွင်ကိုရိုနာဗိုင်းရပ်စ်စတင်တွေ့ရှိကြောင်းပြောဆိုချက်များကို သံသယရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော
……………………………………………………

အော့စလို၊ ဩဂုတ် ၂၈

ကိုရိုနာဗိုင်းရပ်စ် တရုတ်နိုင်ငံတွင်သန္ဓေတည်သည်ဆိုသည့်အချက် မရှင်းလင်းကြောင်း တရုတ်အစိုးရ၏ထိပ်တန်သံတမန်၊ နိုင်ငံတော်ကောင်စီဝင် ဝမ်ယီက ကြာသပတေးနေ့တွင်ပြောပြီး ကျန်းမာရေးကျွမ်းကျင်သူများနှင့်နိုင်ငံခြားအစိုးရများ၏အမြင်ကို သံသယဖြစ်ကြောင်းပြောသည်။

ဗိုင်းရပ်စ်တည်ရှိနေမှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ထံ တရုတ်နိုင်ငံက ပထမဆုံးသတင်းပို့ခဲ့သော်လည်း ထိုအချက်ကြောင့် ဗိုင်းရပ်စ်သည် တရုတ်နိုင်ငံတွင်သန္ဓေတည်သည်ဟုမသက်ရောက်ကြောင်း နော်ဝေးနိုင်ငံခရီးစဉ်တွင် ဝမ်ယီကပြောသည်။

ပြီးခဲ့သည့်လများအတွင်း ကမ္ဘာ့နေရာအများအပြားတွင် ဗိုင်းရပ်စ်ပေါ်ထွက်လာကြောင်းအစီရင်ခံစာများကို မြင်တွေ့ခဲ့ရပြီး တရုတ်နိုင်ငံထက်စောစီးစွာထွက်ပေါ်လာနိုင်ကြောင်း ဝမ်ယီက စကားပြန်ကတစ်ဆင့် သတင်းထောက်များကိုပြောသည်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှကျန်းမာရေးအာဏာပိုင်များက ဒီဇင်ဘာတွင် ကိုရိုနာဗိုင်းရပ်စ်သစ်ဖြစ်လာသည့်ပထမဆုံးကူးစက်မှုကို အစီရင်ခံခဲ့ပြီး ဗိုင်းရပ်စ်ကြောင့် ပထမဆုံးသေဆုံးမှုကို ဇန်နဝါရီတွင် အစီရင်ခံခဲ့သည်။

“ဗိုင်းရပ်စ်ဘယ်နေရာကနေ ဘယ်လိုစသလဲဆိုတာ သိပ္ပံပညာရှင်တွေနဲ့ကျန်းမာရေးကျွမ်းကျင်သူတွေအတွက် ထားသင့်ပါတယ်။ နိုင်ငံရေးအသွင်မပြောင်းသင့်သလို ကဲ့ရဲ့ရှုတ်ချတာလည်းမလုပ်သင့်ပါဘူး။” ဟု ဝမ်ကပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ကို “တရုတ်ဗိုင်းရပ်စ်” ဟု အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ကဖော်ပြသဖြင့် ဝေဖန်မှုများရှိခဲ့သည်။

Ref : Senior Chinese diplomat Wang Yi casts doubt on COVID-19 originating in China

#PeopleMedia


Share this post