• Follow Us on

Home တ႐ုတ္တပ္မေတာ္က ေဒသသုံးခု၌ စစ္ေရးေလ့က်င့္မႈမ်ား တစ္ၿပိဳင္နက္တည္း ျပဳလုပ္

တ႐ုတ္တပ္မေတာ္က ေဒသသုံးခု၌ စစ္ေရးေလ့က်င့္မႈမ်ား တစ္ၿပိဳင္နက္တည္း ျပဳလုပ္

Share this post

နိုင္ငံတကာ (ဘာသာျပန္)၊ ၾသဂုတ္ ၂၈

တ႐ုတ္နိုင္ငံရွိ အေရးပါေသာ ပင္လယ္ေဒသသုံးခု၌ စစ္ေရးေလ့က်င့္မႈမ်ား ျပဳလုပ္ခဲ့ဟု တ႐ုတ္ျပည္သူ႕ လြတ္ေျမာက္ေရးတပ္မေတာ္ (PLA) က ေၾကညာခဲ့သည္။

တ႐ုတ္ျပည္သူ႕လြတ္ေျမာက္ေရးတပ္မေတာ္က ထိုင္ဝမ္ ေရလက္ၾကားအနီး၊ ေတာင္တ႐ုတ္ပင္လယ္ႏွင့္ ပင္လယ္ဝါအတြင္း တိုက္ခိုက္ေရးဆိုင္ရာ ႀကိဳတင္ျပင္ဆင္ေရး ေလ့က်င့္မႈမ်ား လုပ္ေဆာင္ခဲ့ဟု တ႐ုတ္ျပည္မႀကီးရွိ စစ္ေရးဆိုင္ရာ ကြၽမ္းက်င္သူမ်ားက ေျပာၾကားခဲ့သည္။

စစ္ေရးေလ့က်င့္မႈမ်ားက တ႐ုတ္ျပည္သူ႕လြတ္ေျမာက္ေရးတပ္မေတာ္မွ တပ္ဖြဲ႕ဝင္မ်ား၏ နယ္စပ္ျဖတ္ ေက်ာ္ ပူးတြဲ တိုက္ခိုက္မႈစြမ္းပကားကို တိုးတက္လာေစမည့္အျပင္ ပဋိပကၡမ်ားျဖစ္ပြားပါက ပင္လယ္ကမ္းရိုးတန္း ေဒသအထိ တိုက္ခိုက္မႈမ်ားလုပ္ေဆာင္ရန္ ေလ့က်င့္ျခင္းျဖစ္နိုင္ေၾကာင္း စစ္ေရးကြၽမ္းက်င္သူမ်ားက ေျပာသည္။

တ႐ုတ္ျပည္သူ႕လြတ္ေျမာက္ေရးတပ္မေတာ္သည္ ၾသဂုတ္လ ၂၄ ရက္မွ ၂၉ ရက္အထိ တ႐ုတ္နိုင္ငံေတာင္ပိုင္း ကြမ္တုန္ျပည္နယ္ အေရွ႕ေတာင္ပိုင္းကမ္းရိုးတန္းအလြန္ရွိ ေရပိုင္နက္အတြင္း စစ္ေရးေလ့က်င့္မႈမ်ား ျပဳလုပ္ခဲ့သည္။

ထို႔အျပင္ ေတာင္တ႐ုတ္ပင္လယ္အတြင္း ဟိုင္နန္ကြၽန္းအေရွ႕ေတာင္ဘက္ ကမ္းရိုးတန္းအလြန္၌ ၾသဂုတ္ လ ၂၄ ရက္မွ ၂၉ ရက္အထိ စစ္ေရးေလ့က်င့္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း ဟိုင္နန္ကြၽန္း ပင္လယ္ေရေၾကာင္း ေဘး အႏၲရာယ္ကင္းေရး စီမံခန့္ခြဲမႈအဖြဲ႕က ေၾကညာခဲ့သည္။

ထိုင္ဝမ္ကြၽန္းေျမာက္ဘက္ရွိ ပင္လယ္ဝါႏွင့္ အေရွ႕တ႐ုတ္ပင္လယ္အတြင္း တ႐ုတ္ျပည္သူ႕လြတ္ေျမာက္ ေရးတပ္မေတာ္က က်င္းေတာင္အေရွ႕ပိုင္း၊ ရွန္တုန္ျပည္နယ္ အေရွ႕ပိုင္း၊ လ်န္ယြမ္ဂန္ႏွင့္ တ႐ုတ္နိုင္ငံအေရွ႕ပိုင္း က်င္းစုျပည္နယ္တို႔ရွိ နယ္ေျမအသီးသီး၌ ၾသဂုတ္လ ၂၄ ရက္မွ ၂၆ ရက္အထိ က်ည္အစစ္ျဖင့္ စစ္ေရးေလ့က်င့္မႈ မ်ား ျပဳလုပ္ခဲ့ေၾကာင္း ေဒသႏၲရ ပင္လယ္ေရေၾကာင္း အာဏာပိုင္မ်ားႏွင့္ တ႐ုတ္တပ္မေတာ္က ေျပာၾကားခဲ့ သည္။

ထို႔အျပင္ ဘိုဟိုင္းပင္လယ္အတြင္း ၾသဂုတ္လ ၂၄ ရက္မွ စက္တင္ဘာလ ၃၀ ရက္အထိ က်ည္အစစ္ျဖင့္ စစ္ေရးေလ့က်င့္မႈမ်ား ျပလုပ္မည္ဟု တန္ရွန္းပင္လယ္ေရးေၾကာင္း ေဘးအႏၲရာယ္ကင္းေရး စီမံခန့္ခြဲေရးအဖြဲ႕က ေၾကညာခဲ့သည္။

တ႐ုတ္နိုင္ငံပိုင္ ေဒသႀကီးသုံးခုတြင္ စစ္ေရးေလ့က်င့္မႈမ်ား တစ္ၿပိဳင္နက္တည္း ျပဳလုပ္ျခင္းက တ႐ုတ္ ျပည္သူ႕လြတ္ေျမာက္ေရးတပ္မေတာ္၏ တိုက္ခိုက္ေရးစြမ္းပကားႏွင့္ တိုက္ပြဲဝင္ရန္ အသင့္ျဖစ္မႈတို႔ တိုးတက္လာ ေစရန္ျဖစ္သလို ျဖစ္နိုင္ဖြယ္ရာ ျပည္ပနိုင္ငံမ်ားႏွင့္ ပဋိပကၡျဖစ္ပြားလာပါက တိုက္ပြဲဝင္စြမ္းရည္ ေကာင္းမြန္ေစ ရန္ျဖစ္သည္ဟု ေလ့လာဆန္းစစ္သူမ်ားက ေျပာသည္။

စစ္ေရးေလ့က်င့္မႈမ်ားႏွင့္ပတ္သက္၍ ေၾကညာခ်က္မ်ား က အေသးစိတ္ မေဖာ္ျပခဲ့ေပ။ စစ္ေရးေလ့က်င့္မႈမ်ားတြင္ သေဘၤာဖ်က္၊ ေရငုပ္သေဘၤာဖ်က္ ေလ့က်င့္မႈမ်ားအ ျပင္ ေလေၾကာင္းရန္ကာကြယ္ေရးေလ့က်င့္မႈလည္း ပါဝင္ခဲ့ေၾကာင္း တ႐ုတ္ စစ္ဘက္ေရးရာကြၽမ္းက်င္သူႏွင့္ ႐ုပ္ သံတင္ဆက္သူ ဆန္ေက်ာင္ပင္က ဂလိုဘယ္လ္တိုင္း သတင္းစာသို႔ ေျပာၾကားခဲ့သည္။

စစ္ေရးေလ့က်င့္မႈမ်ားက တ႐ုတ္နိုင္ငံ၏ မတူညီေသာေဒသမ်ားကို အေျခခံ၍ လက္႐ုံးတပ္ဖြဲ႕မ်ားပါဝင္ သည့္ ပူးတြဲေလ့က်င့္မႈမ်ားျဖစ္ေၾကာင္း၊ ယခုျပဳလုပ္သည့္ စစ္ေရးေလ့က်င့္မႈမ်ားက မၾကာေသးမီက အေျခအေန မ်ားေၾကာင့္ ျဖစ္လာခဲျခင္းျဖစ္ေၾကာင္း ၄င္းက ဆိုသည္။ စစ္ေရးေလ့က်င့္မႈမ်ားတြင္ တ႐ုတ္ျပည္သူ႕လြတ္ေျမာက္ ေရးတပ္မေတာ္၏ ေရတပ္ဖြဲ႕အျပင္ ၾကည္းတပ္၊ ေလတပ္ဖြဲ႕၊ ဒုံးပ်ံတပ္ဖြဲ႕ႏွင့္ မဟာဗ်ဴဟာေျမာက္ ေထာက္ပံ့ေရး တပ္ဖြဲ႕တို႔လည္း ပါဝင္ခဲ့ေၾကာင္း ေလ့လာဆန္းစစ္သူမ်ားက ေျပာၾကားခဲ့သည္။

တ႐ုတ္ျပည္သူ႕လြတ္ေျမာက္ေရး တပ္မေတာ္က အေရွ႕တ႐ုတ္ပင္လယ္ႏွင့္ ထိုင္ဝမ္ေရလက္ၾကားအတြက္ ျပင္ဆင္ယုံသာမက တ႐ုတ္နိုင္ငံ၏ ေရ ပိုင္နက္အားလုံးအတြက္လည္း ျပင္ဆင္မႈမ်ားျပဳလုပ္ေနေၾကာင္း၊ အဘယ္ေၾကာင့္ဆိုေသာ္ စစ္ေရးေလ့က်င့္မႈမ်ား၏ ရည္မွန္းခ်က္က ပူးတြဲစစ္ဆင္ေရးမ်ား လုပ္ေဆာင္ရန္ျဖစ္ ေၾကာင္း၊ ေျမာက္ပိုင္း၊ အေရွ႕ပိုင္းႏွင့္ ေတာင္ပိုင္းကြပ္ ကဲမႈဌာနခ်ဳပ္မ်ားမွ တပ္ဖြဲ႕မ်ားက နယ္စပ္ျဖတ္ေက်ာ္ တိုက္ ခိုက္မႈမ်ား လုပ္ေဆာင္နိုင္စြမ္းရွိေစရန္ျဖစ္ေၾကာင္း ဆန္က ဆိုသည္။

ထိုင္ဝမ္ေရလက္ၾကား၌ ပဋိပကၡျဖစ္ပြားပါက တ႐ုတ္ တပ္ဖြဲ႕မ်ားကို ကန့္သတ္ခ်က္မထားပဲ အျမန္ေ႐ြ႕လ်ားတိုက္ခိုက္နိုင္ေစရန္ ရည္႐ြယ္ေၾကာင္း ၄င္းက ဆိုသည္။

တ႐ုတ္ျပည္သူ႕လြတ္ေျမာက္ေရးတပ္မေတာ္၏ စစ္ေရးေလ့က်င့္မႈမ်ားက တ႐ုတ္တပ္ဖြဲ႕မ်ား၏ စြမ္း ေဆာင္ရည္ႏွင့္ ဟန့္တားနိုင္စြမ္းကို ျပသယုံသာမက ထိုင္ဝမ္ေရ လက္ၾကားအတြင္း အေမရိကန္တပ္မေတာ္၏ လႈပ္ရွားမႈမ်ားႏွင့္ပတ္သက္၍ တုံ႕ျပန္မႈျပဳလုပ္ျခင္းျဖစ္ေၾကာင္း တ ႐ုတ္ျပည္မႀကီးရွိ ေလ့လာဆန္းစစ္သူမ်ားက ေျပာသည္။

ထိုင္ဝမ္ေရလက္ၾကားအတြင္း တ႐ုတ္ျပည္သူ႕လြတ္ ေျမာက္ေရးတပ္မေတာ္က စစ္ေရးေလ့က်င့္မႈမ်ား ျပဳလုပ္ၿပီးလ်င္ပင္ အေမရိကန္နိုင္ငံက အဆိုပါေဒသသို႔ တိုက္ ေလယာဥ္မ်ားႏွင့္ စစ္သေဘၤာမ်ား ဆက္လက္၍ ေစ လႊတ္ခဲ့သည္။

အေမရိကန္ဖ်က္သေဘၤာ USS Mustin က ထိုင္ဝမ္ေရလက္ၾကားအနီး ျဖတ္ေမာင္းခဲ့သလို ကင္းေထာက္ ေလယာဥ္အမ်ိဳးမ်ိဳးႏွင့္ ဘီ-၁ဘီ ဗုံးႀကဲေလယာဥ္မ်ား သည္ ၿပီးခဲ့ေသာအပတ္က ထိုင္ဝမ္ကြၽန္းအနီးမွ ပ်ံသန္းခဲ့ၾကသည္။

ထို႔အျပင္ အေမရိကန္ေလတပ္က ဂ်ပန္ပင္လယ္ႏွင့္ အိႏၵိယသမုဒၵရာအတြင္းသို႔ ဘီ-၁ ဗုံးႀကဲေလယာဥ္ ေလးစင္းႏွင့္ ဘီ-၂ ဗုံးႀကဲေလယာဥ္ႏွစ္စင္း ေစလႊတ္ခဲ့သလို ဂ်ပန္နိုင္ငံအနီးရွိ ယူအက္စ္အက္စ္ ရိုနယ္ေရဂင္ တိုက္ ခိုက္ေရးစစ္သေဘၤာအုပ္စုႏွင့္ ညွိႏွိုင္းေဆာင္႐ြက္မႈျပဳလုပ္ခဲ့ေၾကာင္း အေမရိကန္သတင္းစာမ်ား၊ သတင္းဌာနမ်ား က ေဖာ္ျပခဲ့သည္။

အခ်ိန္တိုအတြင္း စစ္ေရးေလ့က်င့္မႈမ်ားစြာ ျပဳလုပ္မည္ဟု ေၾကညာျခင္းက တ႐ုတ္ျပည္သူ႕ လြတ္ေျမာက္ေရးတပ္မေတာ္အတြက္ ရွားရွားပါးပါးပင္ျဖစ္သည္။

တ႐ုတ္ျပည္သူ႕လြတ္ေျမာက္ေရးတပ္မေတာ္က အစီအစဥ္အတိုင္း ပုံမွန္စစ္ေရးေလ့က်င့္မႈမ်ား ျပဳလုပ္ လင့္ကစား ျပည္သူလူထုထံ ခ်ျပေလ့မရွိဟု ေလ့လာသူမ်ားက ေျပာသည္။ ယခုကဲ့သို႔ေၾကညာျခင္းက အခ်က္ေပး ျခင္းေလလားဟု ေလ့လာသူမ်ားက ဆိုသည္။

တ႐ုတ္ျပည္ သူ႕လြတ္ေျမာက္ေရးတပ္မေတာ္၏ စစ္ေရးေလ့က်င့္မႈ မ်ားက ထိုင္ဝမ္ခြဲထြက္ေရးသမားမ်ားႏွင့္ အေမရိကန္နိုင္ငံတို႔ကို သတိေပးျခင္းျဖစ္ေၾကာင္း ေပက်င္းၿမိဳ႕ေတာ္အ ေျခစိုက္ ေရတပ္ဆိုင္ရာကြၽမ္းက်င္သူ လီက်ိက သည္ဂလိုဘယ္တိုင္းမ္သတင္းစာသို႔ ေျပာၾကားခဲ့သည္။

ထို႔အျပင္ တ႐ုတ္ျပည္သူ႕လြတ္ေျမာက္ေရးတပ္မေတာ္က ျပင္ဆင္ထားသလို အခ်ဳပ္အခ်ာအာဏာႏွင့္ နယ္ေျမအားလုံးတြင္ ပိုင္နက္နယ္ေျမကို ကာကြယ္ေစာင့္ေရွာက္နိုင္စြမ္းရွိေၾကာင္း ျပသျခင္းျဖစ္သည္။

ပဋိပကၡ ျဖစ္ပြားလာပါက အေရွ႕ တ႐ုတ္ပင္လယ္က အဓိက စစ္ေျမျပင္တစ္ခု ျဖစ္လာနိုင္ၿပီး ေတာင္တ႐ုတ္ပင္လယ္ႏွင့္ ပင္လယ္ဝါအတြင္းလည္း စစ္ပြဲမ်ား ျဖစ္ပြားလာနိုင္ပါသည္။

ဘိုဟိုင္းပင္လယ္အတြင္းျပဳလုပ္ခဲ့သည့္ စစ္ေရးေလ့က်င့္ မႈမ်ားတြင္ ဒုံးက်ည္သစ္မ်ားလည္း ပါဝင္ခဲ့သည္ ဟု လိက်ိက ဆိုသည္။

တ႐ုတ္ျပည္သူ႕လြတ္ေျမာက္ေရးတပ္မေတာ္၏ ယခုျပဳလုပ္သည့္ စစ္ေရးေလ့က်င့္မႈမ်ားက တပ္ဖြဲ႕ဝင္မ်ား တိုက္ခိုက္ေရးစြမ္းရည္ကို ျမႇင့္တင္ေပးယုံသာမက တိုက္ပြဲဝင္စိတ္ဓာတ္လည္း အားေပးရာေရာက္ ေၾကာင္း ၄င္းက ေျပာသည္။

ထို႔အျပင္ ေဒသတြင္းၿပိဳင္ဘက္မ်ားႏွင့္ အေမရိကန္ကဲ့သို႔ေသာ အင္အားႀကီးတိုင္း ျပည္၊ အိႏၵိယကဲ့သို႔ေသာ ၿပိဳင္ဘက္နိုင္ငံမ်ားကို သတိေပးလိုက္ျခင္းဟု ဆိုသည္။

ကိုးကား – ဂလိုဘယ္လ္တိုင္းမ္

Ref; China holds concentrated military drills to deter Taiwan secessionists, US

[Unicode]
တရုတ်တပ်မတော်က ဒေသသုံးခု၌ စစ်ရေးလေ့ကျင့်မှုများ တစ်ပြိုင်နက်တည်း ပြုလုပ်
…………………………………………………………………

နိုင်ငံတကာ (ဘာသာပြန်)၊ သြဂုတ် ၂၈

တရုတ်နိုင်ငံရှိ အရေးပါသော ပင်လယ်ဒေသသုံးခု၌ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ဟု တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) က ကြေညာခဲ့သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ထိုင်ဝမ် ရေလက်ကြားအနီး၊ တောင်တရုတ်ပင်လယ်နှင့် ပင်လယ်ဝါအတွင်း တိုက်ခိုက်ရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ရေး လေ့ကျင့်မှုများ လုပ်ဆောင်ခဲ့ဟု တရုတ်ပြည်မကြီးရှိ စစ်ရေးဆိုင်ရာ ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

စစ်ရေးလေ့ကျင့်မှုများက တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ တပ်ဖွဲ့ဝင်များ၏ နယ်စပ်ဖြတ် ကျော် ပူးတွဲ တိုက်ခိုက်မှုစွမ်းပကားကို တိုးတက်လာစေမည့်အပြင် ပဋိပက္ခများဖြစ်ပွားပါက ပင်လယ်ကမ်းရိုးတန်း ဒေသအထိ တိုက်ခိုက်မှုများလုပ်ဆောင်ရန် လေ့ကျင့်ခြင်းဖြစ်နိုင်ကြောင်း စစ်ရေးကျွမ်းကျင်သူများက ပြောသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် သြဂုတ်လ ၂၄ ရက်မှ ၂၉ ရက်အထိ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်ပြည်နယ် အရှေ့တောင်ပိုင်းကမ်းရိုးတန်းအလွန်ရှိ ရေပိုင်နက်အတွင်း စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

ထို့အပြင် တောင်တရုတ်ပင်လယ်အတွင်း ဟိုင်နန်ကျွန်းအရှေ့တောင်ဘက် ကမ်းရိုးတန်းအလွန်၌ သြဂုတ် လ ၂၄ ရက်မှ ၂၉ ရက်အထိ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း ဟိုင်နန်ကျွန်း ပင်လယ်ရေကြောင်း ဘေး အန္တရာယ်ကင်းရေး စီမံခန့်ခွဲမှုအဖွဲ့က ကြေညာခဲ့သည်။

ထိုင်ဝမ်ကျွန်းမြောက်ဘက်ရှိ ပင်လယ်ဝါနှင့် အရှေ့တရုတ်ပင်လယ်အတွင်း တရုတ်ပြည်သူ့လွတ်မြောက် ရေးတပ်မတော်က ကျင်းတောင်အရှေ့ပိုင်း၊ ရှန်တုန်ပြည်နယ် အရှေ့ပိုင်း၊ လျန်ယွမ်ဂန်နှင့် တရုတ်နိုင်ငံအရှေ့ပိုင်း ကျင်းစုပြည်နယ်တို့ရှိ နယ်မြေအသီးသီး၌ သြဂုတ်လ ၂၄ ရက်မှ ၂၆ ရက်အထိ ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်မှု များ ပြုလုပ်ခဲ့ကြောင်း ဒေသန္တရ ပင်လယ်ရေကြောင်း အာဏာပိုင်များနှင့် တရုတ်တပ်မတော်က ပြောကြားခဲ့ သည်။

ထို့အပြင် ဘိုဟိုင်းပင်လယ်အတွင်း သြဂုတ်လ ၂၄ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်မှုများ ပြလုပ်မည်ဟု တန်ရှန်းပင်လယ်ရေးကြောင်း ဘေးအန္တရာယ်ကင်းရေး စီမံခန့်ခွဲရေးအဖွဲ့က ကြေညာခဲ့သည်။

တရုတ်နိုင်ငံပိုင် ဒေသကြီးသုံးခုတွင် စစ်ရေးလေ့ကျင့်မှုများ တစ်ပြိုင်နက်တည်း ပြုလုပ်ခြင်းက တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ တိုက်ခိုက်ရေးစွမ်းပကားနှင့် တိုက်ပွဲဝင်ရန် အသင့်ဖြစ်မှုတို့ တိုးတက်လာ စေရန်ဖြစ်သလို ဖြစ်နိုင်ဖွယ်ရာ ပြည်ပနိုင်ငံများနှင့် ပဋိပက္ခဖြစ်ပွားလာပါက တိုက်ပွဲဝင်စွမ်းရည် ကောင်းမွန်စေ ရန်ဖြစ်သည်ဟု လေ့လာဆန်းစစ်သူများက ပြောသည်။

စစ်ရေးလေ့ကျင့်မှုများနှင့်ပတ်သက်၍ ကြေညာချက်များ က အသေးစိတ် မဖော်ပြခဲ့ပေ။ စစ်ရေးလေ့ကျင့်မှုများတွင် သင်္ဘောဖျက်၊ ရေငုပ်သင်္ဘောဖျက် လေ့ကျင့်မှုများအ ပြင် လေကြောင်းရန်ကာကွယ်ရေးလေ့ကျင့်မှုလည်း ပါဝင်ခဲ့ကြောင်း တရုတ် စစ်ဘက်ရေးရာကျွမ်းကျင်သူနှင့် ရုပ် သံတင်ဆက်သူ ဆန်ကျောင်ပင်က ဂလိုဘယ်လ်တိုင်း သတင်းစာသို့ ပြောကြားခဲ့သည်။

စစ်ရေးလေ့ကျင့်မှုများက တရုတ်နိုင်ငံ၏ မတူညီသောဒေသများကို အခြေခံ၍ လက်ရုံးတပ်ဖွဲ့များပါဝင် သည့် ပူးတွဲလေ့ကျင့်မှုများဖြစ်ကြောင်း၊ ယခုပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုများက မကြာသေးမီက အခြေအနေ များကြောင့် ဖြစ်လာခဲခြင်းဖြစ်ကြောင်း ၄င်းက ဆိုသည်။ စစ်ရေးလေ့ကျင့်မှုများတွင် တရုတ်ပြည်သူ့လွတ်မြောက် ရေးတပ်မတော်၏ ရေတပ်ဖွဲ့အပြင် ကြည်းတပ်၊ လေတပ်ဖွဲ့၊ ဒုံးပျံတပ်ဖွဲ့နှင့် မဟာဗျူဟာမြောက် ထောက်ပံ့ရေး တပ်ဖွဲ့တို့လည်း ပါဝင်ခဲ့ကြောင်း လေ့လာဆန်းစစ်သူများက ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က အရှေ့တရုတ်ပင်လယ်နှင့် ထိုင်ဝမ်ရေလက်ကြားအတွက် ပြင်ဆင်ယုံသာမက တရုတ်နိုင်ငံ၏ ရေ ပိုင်နက်အားလုံးအတွက်လည်း ပြင်ဆင်မှုများပြုလုပ်နေကြောင်း၊ အဘယ်ကြောင့်ဆိုသော် စစ်ရေးလေ့ကျင့်မှုများ၏ ရည်မှန်းချက်က ပူးတွဲစစ်ဆင်ရေးများ လုပ်ဆောင်ရန်ဖြစ် ကြောင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် တောင်ပိုင်းကွပ် ကဲမှုဌာနချုပ်များမှ တပ်ဖွဲ့များက နယ်စပ်ဖြတ်ကျော် တိုက် ခိုက်မှုများ လုပ်ဆောင်နိုင်စွမ်းရှိစေရန်ဖြစ်ကြောင်း ဆန်က ဆိုသည်။

ထိုင်ဝမ်ရေလက်ကြား၌ ပဋိပက္ခဖြစ်ပွားပါက တရုတ် တပ်ဖွဲ့များကို ကန့်သတ်ချက်မထားပဲ အမြန်ရွေ့လျားတိုက်ခိုက်နိုင်စေရန် ရည်ရွယ်ကြောင်း ၄င်းက ဆိုသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ စစ်ရေးလေ့ကျင့်မှုများက တရုတ်တပ်ဖွဲ့များ၏ စွမ်း ဆောင်ရည်နှင့် ဟန့်တားနိုင်စွမ်းကို ပြသယုံသာမက ထိုင်ဝမ်ရေ လက်ကြားအတွင်း အမေရိကန်တပ်မတော်၏ လှုပ်ရှားမှုများနှင့်ပတ်သက်၍ တုံ့ပြန်မှုပြုလုပ်ခြင်းဖြစ်ကြောင်း တ ရုတ်ပြည်မကြီးရှိ လေ့လာဆန်းစစ်သူများက ပြောသည်။

ထိုင်ဝမ်ရေလက်ကြားအတွင်း တရုတ်ပြည်သူ့လွတ် မြောက်ရေးတပ်မတော်က စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ပြီးလျင်ပင် အမေရိကန်နိုင်ငံက အဆိုပါဒေသသို့ တိုက် လေယာဉ်များနှင့် စစ်သင်္ဘောများ ဆက်လက်၍ စေ လွှတ်ခဲ့သည်။

အမေရိကန်ဖျက်သင်္ဘော USS Mustin က ထိုင်ဝမ်ရေလက်ကြားအနီး ဖြတ်မောင်းခဲ့သလို ကင်းထောက် လေယာဉ်အမျိုးမျိုးနှင့် ဘီ-၁ဘီ ဗုံးကြဲလေယာဉ်များ သည် ပြီးခဲ့သောအပတ်က ထိုင်ဝမ်ကျွန်းအနီးမှ ပျံသန်းခဲ့ကြသည်။

ထို့အပြင် အမေရိကန်လေတပ်က ဂျပန်ပင်လယ်နှင့် အိန္ဒိယသမုဒ္ဒရာအတွင်းသို့ ဘီ-၁ ဗုံးကြဲလေယာဉ် လေးစင်းနှင့် ဘီ-၂ ဗုံးကြဲလေယာဉ်နှစ်စင်း စေလွှတ်ခဲ့သလို ဂျပန်နိုင်ငံအနီးရှိ ယူအက်စ်အက်စ် ရိုနယ်ရေဂင် တိုက် ခိုက်ရေးစစ်သင်္ဘောအုပ်စုနှင့် ညှိနှိုင်းဆောင်ရွက်မှုပြုလုပ်ခဲ့ကြောင်း အမေရိကန်သတင်းစာများ၊ သတင်းဌာနများ က ဖော်ပြခဲ့သည်။

အချိန်တိုအတွင်း စစ်ရေးလေ့ကျင့်မှုများစွာ ပြုလုပ်မည်ဟု ကြေညာခြင်းက တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်အတွက် ရှားရှားပါးပါးပင်ဖြစ်သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က အစီအစဉ်အတိုင်း ပုံမှန်စစ်ရေးလေ့ကျင့်မှုများ ပြုလုပ် လင့်ကစား ပြည်သူလူထုထံ ချပြလေ့မရှိဟု လေ့လာသူများက ပြောသည်။ ယခုကဲ့သို့ကြေညာခြင်းက အချက်ပေး ခြင်းလေလားဟု လေ့လာသူများက ဆိုသည်။

တရုတ်ပြည် သူ့လွတ်မြောက်ရေးတပ်မတော်၏ စစ်ရေးလေ့ကျင့်မှု များက ထိုင်ဝမ်ခွဲထွက်ရေးသမားများနှင့် အမေရိကန်နိုင်ငံတို့ကို သတိပေးခြင်းဖြစ်ကြောင်း ပေကျင်းမြို့တော်အ ခြေစိုက် ရေတပ်ဆိုင်ရာကျွမ်းကျင်သူ လီကျိက သည်ဂလိုဘယ်တိုင်းမ်သတင်းစာသို့ ပြောကြားခဲ့သည်။

ထို့အပြင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ပြင်ဆင်ထားသလို အချုပ်အချာအာဏာနှင့် နယ်မြေအားလုံးတွင် ပိုင်နက်နယ်မြေကို ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိကြောင်း ပြသခြင်းဖြစ်သည်။

ပဋိပက္ခ ဖြစ်ပွားလာပါက အရှေ့ တရုတ်ပင်လယ်က အဓိက စစ်မြေပြင်တစ်ခု ဖြစ်လာနိုင်ပြီး တောင်တရုတ်ပင်လယ်နှင့် ပင်လယ်ဝါအတွင်းလည်း စစ်ပွဲများ ဖြစ်ပွားလာနိုင်ပါသည်။

ဘိုဟိုင်းပင်လယ်အတွင်းပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့် မှုများတွင် ဒုံးကျည်သစ်များလည်း ပါဝင်ခဲ့သည် ဟု လိကျိက ဆိုသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ယခုပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုများက တပ်ဖွဲ့ဝင်များ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ပေးယုံသာမက တိုက်ပွဲဝင်စိတ်ဓာတ်လည်း အားပေးရာရောက် ကြောင်း ၄င်းက ပြောသည်။

ထို့အပြင် ဒေသတွင်းပြိုင်ဘက်များနှင့် အမေရိကန်ကဲ့သို့သော အင်အားကြီးတိုင်း ပြည်၊ အိန္ဒိယကဲ့သို့သော ပြိုင်ဘက်နိုင်ငံများကို သတိပေးလိုက်ခြင်းဟု ဆိုသည်။

ကိုးကား – ဂလိုဘယ်လ်တိုင်းမ်

Ref; China holds concentrated military drills to deter Taiwan secessionists, US


Share this post