• Follow Us on

Home မိုးေမာက္ၿမိဳ႕တြင္Mask မတပ္ဘဲ လမ္းေပၚသြားလာေနသူမ်ားကိုတစ္ဦးလွ်င္ က်ပ္ေငြ ၃၀၀၀ ဒဏ္ရိုက္

မိုးေမာက္ၿမိဳ႕တြင္Mask မတပ္ဘဲ လမ္းေပၚသြားလာေနသူမ်ားကိုတစ္ဦးလွ်င္ က်ပ္ေငြ ၃၀၀၀ ဒဏ္ရိုက္

Share this post

မိုးေမာက္၊ စက္တင္ဘာ ၉

ကခ်င္ျပည္နယ္ ၊ ဗန္းေမာ္ခရိုင္ ၊ မိုးေမာက္ၿမိဳ႕ အလင္းေကာင္ရပ္ကြက္ ၿမိဳ႕မေစ်းေရွ႕တြင္စက္တင္ဘာ (၈) ရက္ေန႕ နံနက္(၁၀)နာရီမွ (၁၂)နာရီအထိ Covid-19 စစ္ေဆးေရးအဖြဲ႕မွ ေရွာင္တခင္ စစ္ေဆးျခင္းႏွင့္ ဒဏ္ေငြေပးေဆာင္ေစျခင္းမ်ားျပဳလုပ္ခဲ့ေၾကာင္းသိရသည္။

ထိုသို႔ေရွာင္သခင္စစ္ေဆးခဲ့ရာ Mask တပ္ဆင္ျခင္းမရွိဘဲ လမ္းေပၚသြားလာေနသူ ျပည္သူ(၉၁)ဦးကို Mask (၃)ခုေပးၿပီးဒဏ္ေငြ (၃၀၀၀)ေပးေဆာင္ေစျခင္းကို ေဆာင္႐ြက္ခဲ့ရာ စုစုေပါင္း (၂၇၃၀၀၀)က်ပ္ တိတိကို ရရွိၿပီး Covid-19 ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႕ျပန္ေရးေကာ္မတီ ရန္ပုံေငြအျဖစ္ ထားရွိမည္ျဖစ္ေၾကာင္းသိရသည္။

ေႏွာက္အပတ္တြင္ဒဏ္ေငြ(၅၀၀၀)ေပးေဆာင္ေစမည္ျဖစ္ေၾကာင္း အသိပညာေပး ခဲ့ေၾကာင္းသိရသည္။

Covid-19 ႀကိဳတင္ကာကြယ္ေရး အတြက္ Mask မ်ားအခမဲ့ျဖန႔္ေဝၿပီး အသိပညာေပးလုပ္ငန္းကို (၂)ႀကိမ္တိုင္ ေဆာင္႐ြက္ခဲ့ၿပီး စက္တင္ဘာ ဒုတိယပတ္တြင္ လမ္းေပၚသြားလာသူမ်ား Mask မတပ္ဆင္ပါကဒဏ္ေငြေပးေဆာင္ရမည္ျဖစ္ေၾကာင္း အသိေပးေၾကျငာၿပီး ျဖစ္ေၾကာင္းသိရသည္။

နန္းယဥ္

#PeopleMedia #EPN #မိုးေမာက္

[Unicode]
မိုးမောက်မြို့တွင်Mask မတပ်ဘဲ လမ်းပေါ်သွားလာနေသူများကိုတစ်ဦးလျှင် ကျပ်ငွေ ၃၀၀၀ ဒဏ်ရိုက်
…………………………………………………………….

မိုးမောက်၊စက်တင်ဘာ ၉

ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့ အလင်းကောင်ရပ်ကွက် မြို့မစျေးရှေ့တွင်စက်တင်ဘာ (၈) ရက်နေ့ နံနက်(၁၀)နာရီမှ (၁၂)နာရီအထိ Covid-19 စစ်ဆေးရေးအဖွဲ့မှ ရှောင်တခင် စစ်ဆေးခြင်းနှင့် ဒဏ်ငွေပေးဆောင်စေခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ရှောင်သခင်စစ်ဆေးခဲ့ရာ Mask တပ်ဆင်ခြင်းမရှိဘဲ လမ်းပေါ်သွားလာနေသူ ပြည်သူ(၉၁)ဦးကို Mask (၃)ခုပေးပြီးဒဏ်ငွေ (၃၀၀၀)ပေးဆောင်စေခြင်းကို ဆောင်ရွက်ခဲ့ရာ စုစုပေါင်း (၂၇၃၀၀၀)ကျပ် တိတိကို ရရှိပြီး Covid-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ရန်ပုံငွေအဖြစ် ထားရှိမည်ဖြစ်ကြောင်းသိရသည်။

နှောက်အပတ်တွင်ဒဏ်ငွေ(၅၀၀၀)ပေးဆောင်စေမည်ဖြစ်ကြောင်း အသိပညာပေး ခဲ့ကြောင်းသိရသည်။

Covid-19 ကြိုတင်ကာကွယ်ရေး အတွက် Mask များအခမဲ့ဖြန့်ဝေပြီး အသိပညာပေးလုပ်ငန်းကို (၂)ကြိမ်တိုင် ဆောင်ရွက်ခဲ့ပြီး စက်တင်ဘာ ဒုတိယပတ်တွင် လမ်းပေါ်သွားလာသူများ Mask မတပ်ဆင်ပါကဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း အသိပေးကြေငြာပြီး ဖြစ်ကြောင်းသိရသည်။

နန်းယဥ်

#PeopleMedia #EPN #မိုးမောက်


Share this post