• Follow Us on

Home မိုးညႇင္းၿမိဳ႕နယ္၊ အင္းေတာ္ႀကီးေဒသ၌ ကေလးငယ္တစ္ဦးေရနစ္ေသဆုံး

မိုးညႇင္းၿမိဳ႕နယ္၊ အင္းေတာ္ႀကီးေဒသ၌ ကေလးငယ္တစ္ဦးေရနစ္ေသဆုံး

Share this post

မိုးညႇင္း၊ စက္တင္ဘာ ၈

ကခ်င္ျပည္နယ္၊ မိုးညႇင္းၿမိဳ႕နယ္ ၊အင္းေတာ္ႀကီးေဒသ၊ နန္႔မြန္းၿမိဳ႕ ၊လုံးစန္းေက်းရြာ၌ မိသားစုဝင္ေလးဦး ႏြားလွည္းျဖင့္ေခ်ာင္းအားျဖတ္ကူးစဉ္ ေရစီးျဖင့္ေမ်ာပါၿပီး အသက္(၇)ႏွစ္အရြယ္ ကေလးငယ္တစ္ဦး ေရနစ္ေသဆုံးမႈျဖစ္ပြားခဲ့သည္။

ျဖစ္ပြါးပုံမွာ စက္တင္ဘာလ(၇)ရက္၊နံနက္ ၄ နာရီအခ်ိန္ခန္႔တြင္ အင္းေတာ္ႀကီးေဒသ လုံးစန္႔ေက်းရြာေန ဦးမ်ိဳးသူေအာင္ႏွင့္မိသားစုဝင္မ်ားသည္အင္ေတာ္ကြင္းလယ္ေတာတြင္လယ္လုပ္ကိုင္ေနထိုင္
ရာမွ ဦးမ်ိဳးသူေအာင္သည္က်န္းမာေရးေဖါက္လာသျဖင့္ ကိုယ္တိုင္ႏြားလွည္းေမာင္းၿပီး ႏြားလွည္းေပၚတြင္ဇနီးျဖစ္သူေဒၚႏြဲ႕ယဉ္ဝင္း သမီးျဖစ္သူမေမျမတ္ႏိုးသားျဖစ္သူ ေမာင္မ်ိဳးမင္းခန္႔ တို႔လိုက္ပါခဲ့ၿပီး မုဆိုးေခ်ာင္းအား‌ျဖတ္ကူးခဲ့ၾကသည္။

ထိုသို႔ျဖတ္ကူးစဉ္စက္တင္ဘာ
လ(၆)ရက္ေန႔ကရြာသြန္းထားေသာမိုးေရေၾကာင့္ မုဆိုးေခ်ာင္းတြင္ေတာင္က်ေခ်ာင္းေရ႐ိုက္ခတ္ခဲ့ရာ ႏြားလွည္းတိမ္းေမွာက္ကာႏြားလွည္းမွာေရစီးျဖင့္ေမ်ာပါခဲ့ၿပီး ဦးမ်ိဳးသူေအာင္ ေဒၚႏြဲ႕ယဉ္ဝင္း မေမျမတ္ႏိုး တို႔မွာထိခိုက္မႈတစ္စုံတစ္ရာမရွိေသာ္လည္း ေမာင္မ်ိဳးမင္းခန္႔ မွာေခ်ာင္းအတြင္းေရစီးျဖင့္ေမ်ာပါသြားခဲ့သျဖင့္ပတ္ဝန္းက်င္သို႔အကူအညီ‌ေတာင္းကာေခ်ာင္း႐ိုးတေလ်ာက္ လိုက္လံရွာေဖြၾကရာ ေပ်ာက္ဆုံး‌ေနေသာ ေမာင္မ်ိဳးမင္းခန္႔အားနံနက္(၈)နာရီခြဲအခ်ိန္တြင္ နန္႔မြန္းၿမိဳ႕ႏွင့္ေခ်ာင္းဝေက်းရြာသြားလမ္းနံေဘးေခ်ာင္းအတြင္းေသဆုံးလ်က္ေတြ႕ရွိရသည္။

ထို႔ေၾကာင့္ ေမာင္မ်ိဳးမင္းခန္႔၏အေလာင္းအားနန္႔မြန္းတိုက္နယ္ေဆး႐ုံသို႔ပို႔ေဆာင္ကာ လုံးတုံနယ္ေျမရဲစခန္း‌(ေခတၱ)စခန္းမွဴးဒုရဲအုပ္လင္းလင္း ႏွင့္တပ္ဖြဲ႕ဝင္မ်ားလာေရာက္စစ္ေဆးခဲ့ၿပီးေမာင္မ်ိဳးမင္းခန္႔(၇)ႏွစ္(ဘ)ဦးမ်ိဳးသူေအာင္ လုံးစန္႔ေက်းရြာ အင္းေတာ္ႀကီးေဒသ နန္႔မြန္းၿမိဳ႕ မိုးညႇင္းၿမိဳ႕နယ္ေနထိုင္သူေသဆုံးမႈအား လုံးတုံနယ္ေျမရဲစခန္းမွ ေသမႈေသခင္းအမွတ္စဉ္(၁၀/၂၀၂၀)ျဖင့္အမႈေရးဖြင့္ထားခဲ့ေၾကာင္းသိရွိရသည္။

မဂ္လာဦး

#PeopleMedia #EPN #မိုးညႇင္းၿမိဳ႕

(unicode)
မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၌ ကလေးငယ်တစ်ဦးရေနစ်သေဆုံး
…………………………………………………………

မိုးညှင်း၊ စက်တင်ဘာ ၈

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ၊အင်းတော်ကြီးဒေသ၊ နန့်မွန်းမြို့ ၊လုံးစန်းကျေးရွာ၌ မိသားစုဝင်လေးဦး နွားလှည်းဖြင့်ချောင်းအားဖြတ်ကူးစဉ် ရေစီးဖြင့်မျောပါပြီး အသက်(၇)နှစ်အရွယ် ကလေးငယ်တစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့သည်။

ဖြစ်ပွါးပုံမှာ စက်တင်ဘာလ(၇)ရက်၊နံနက် ၄ နာရီအချိန်ခန့်တွင် အင်းတော်ကြီးဒေသ လုံးစန့်ကျေးရွာနေ ဦးမျိုးသူအောင်နှင့်မိသားစုဝင်များသည်အင်တော်ကွင်းလယ်တောတွင်လယ်လုပ်ကိုင်နေထိုင်
ရာမှ ဦးမျိုးသူအောင်သည်ကျန်းမာရေးဖေါက်လာသဖြင့် ကိုယ်တိုင်နွားလှည်းမောင်းပြီး နွားလှည်းပေါ်တွင်ဇနီးဖြစ်သူဒေါ်နွဲ့ယဉ်ဝင်း သမီးဖြစ်သူမမေမြတ်နိုးသားဖြစ်သူ မောင်မျိုးမင်းခန့် တို့လိုက်ပါခဲ့ပြီး မုဆိုးချောင်းအား‌ဖြတ်ကူးခဲ့ကြသည်။

ထိုသို့ဖြတ်ကူးစဉ်စက်တင်ဘာ
လ(၆)ရက်နေ့ကရွာသွန်းထားသောမိုးရေကြောင့် မုဆိုးချောင်းတွင်တောင်ကျချောင်းရေရိုက်ခတ်ခဲ့ရာ နွားလှည်းတိမ်းမှောက်ကာနွားလှည်းမှာရေစီးဖြင့်မျောပါခဲ့ပြီး ဦးမျိုးသူအောင် ဒေါ်နွဲ့ယဉ်ဝင်း မမေမြတ်နိုး တို့မှာထိခိုက်မှုတစ်စုံတစ်ရာမရှိသော်လည်း မောင်မျိုးမင်းခန့် မှာချောင်းအတွင်းရေစီးဖြင့်မျောပါသွားခဲ့သဖြင့်ပတ်ဝန်းကျင်သို့အကူအညီ‌တောင်းကာချောင်းရိုးတလျောက် လိုက်လံရှာဖွေကြရာ ပျောက်ဆုံး‌နေသော မောင်မျိုးမင်းခန့်အားနံနက်(၈)နာရီခွဲအချိန်တွင် နန့်မွန်းမြို့နှင့်ချောင်းဝကျေးရွာသွားလမ်းနံဘေးချောင်းအတွင်းသေဆုံးလျက်တွေ့ရှိရသည်။

ထို့ကြောင့် မောင်မျိုးမင်းခန့်၏အလောင်းအားနန့်မွန်းတိုက်နယ်ဆေးရုံသို့ပို့ဆောင်ကာ လုံးတုံနယ်မြေရဲစခန်း‌(ခေတ္တ)စခန်းမှူးဒုရဲအုပ်လင်းလင်း နှင့်တပ်ဖွဲ့ဝင်များလာရောက်စစ်ဆေးခဲ့ပြီးမောင်မျိုးမင်းခန့်(၇)နှစ်(ဘ)ဦးမျိုးသူအောင် လုံးစန့်ကျေးရွာ အင်းတော်ကြီးဒေသ နန့်မွန်းမြို့ မိုးညှင်းမြို့နယ်နေထိုင်သူသေဆုံးမှုအား လုံးတုံနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်(၁၀/၂၀၂၀)ဖြင့်အမှုရေးဖွင့်ထားခဲ့ကြောင်းသိရှိရသည်။

မဂ်လာဦး

#PeopleMedia #EPN #မိုးညှင်းမြို့


Share this post